ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့
ကူညီပေးပါ




တနင်္သာရီမြို့နယ်၊ တကူကျေးရွာအုပ်စုကို စစ်အာဏာရှင်တပ်က ကာမီကာဇေဒရုန်းဖြင့် တိုက်ခိုက်ကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။ ယနေ့ စက်တင်ဘာလ ၁၂ရက် ညနေပိုင်းတွင် စစ်အာဏာရှင်တပ်က တကူကျေးရွာအုပ်စုရှိ သံတိုက်နှင့် ပြည်အေးကျေးရွာ တို့ကို ကာမီကာဇေဒရုန်းနှစ်စီးဖြင့် ဝင်ရောက်တိုက်ခိုက်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ သံတိုက်ရွာရှိ တိုက်နယ်ဆေးရုံအနီးတွင် တစ်စီးနှင့် ပြည်အေးရွာဘောလုံးကွင်းအနီးတွင် တစ်စီး ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “ဒရုန်းက ပေါက်ကွဲသွားတယ်။ လူထိခိုက်မှု မရှိဘူး”ဟု ၎င်းက ပြောဆိုသည်။ တကူကျေးရွာအုပ်စုတွင် တိုက်ပွဲတစ်စုံတစ်ရာမရှိဘဲ ဒရုန်းဖြင့် တိုက်ခိုက်ခြင်းဖြစ်ကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။ ကာမီကာဇေဒရုန်းသည် ဒရုန်းကို ဆုံးရှုံးခံကာ ဝင်ရောက်ဖောက်ခွဲတိုက်ခိုက်သည့် အမျိုးအစားဖြစ်ပြီး အသေခံဒရုန်းဟု လူသိများသည်။ စစ်အာဏာရှင်တပ်သည် တကူကျေးရွာအုပ်စုကို ကာမီကာဇေဒရုန်းဖြင့် မကြာခဏ တိုက်ခိုက်လေ့ရှိသည်။
ရန်ကုန်-ထားဝယ်-မြိတ်-ကော့သောင်း ပြည်ထောင်စုကားလမ်းတစ်လျှောက် ကုန်ကားများကို ငွေကြေးတောင်းယူမှုများ သဖြင့် အခက်အခဲဖြစ်ကြောင်း ကုန်ကားသမားအချို့နှင့် ကုန်ကားပိုင်ရှင်အချို့က ပြောသည်။ လမ်းတစ်လျှောက်တွင် စစ်အာဏာရှင်တပ်စစ်ဆေးရေးဂိတ်နှင့် KNU ၊ တော်လှန်ရေးတပ်ဖွဲ့များ၏ ဂိတ် စုစုပေါင်း ၈၀ ကျော်ရှိသည်။ လမ်းတစ်လျှောက် နှစ်ဖက်စလုံးကို ငွေကြေးပေးဆောင်ရကြောင်း ၎င်းတို့က ဆိုသည်။ အဆိုပါ ဂိတ်များတွင် ဂိတ်ကြေး ကျပ်တစ်ထောင်မှ ကျပ်သိန်းဆယ်ချီအထိ ပေးရကြောင်း ကုန်ကားသမားအချို့နှင့် ဒေသခံအချို့က ပြောဆိုသည်။ စစ်အာဏာရှင်တပ် စစ်ဆေးရေးဂိတ်များသည် ငွေကြေးတစ်စုံတစ်ရာ မပေးရဟု စာကပ်ထားသော်လည်း မြေပြင်တွင်မူ အကြောင်းအမျိုးမျိုးပြကာ ငွေကြေးတောင်းယူနေကြောင်း ကုန်ကားသမားအချို့နှင့် ကုန်ကားပိုင်ရှင်အချို့က ပြောသည်။ “စစ်တပ်ဂိတ်တွေက စာရွက်စာတမ်း မစုံတော့လည်း မစုံလို့၊ စုံတော့လည်း စုံလို့ အကြောင်းအမျိုးမျိုးပြပြီး ရစ်တာပဲ။ ငွေပေးလိုက်မှပဲ ဖြောင့်ဖြောင့်ဖြူးဖြူး သွားလို့ရတယ်” ဟု […]
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နှင့် မုဒုံမြို့ကြား တာပသွန်ကျေးရွာအနီး၊ မော်လမြိုင်-မုဒုံကားလမ်းပိုင်းတွင် စက်တင်ဘာလ ၁၁ ရက်က ခရီးသွားကားများ ဓားပြတိုက်ခံရကြောင်း ဒေသခံများထံမှ သိရသည်။ စက်တင်ဘာလ ၁၁ ရက် နေ့လယ်ပိုင်းက မော်လမြိုင်ဘက်မှ မုဒုံဘက်သို့ မောင်းနှင်လာသည့် ခရီးသည်တင်ကား တစ်စီးနှင့် အိမ်စီးကား နှစ်စီးတို့ကို တာပသွန်ကျေးရွာ သစ်တောပျိုးဥယျာဉ်အနီးအရောက်တွင် လက်နက်ကိုင်ဆောင်ထားသည့် လူတစ်စုက ကားကို ရပ်ခိုင်းခဲ့ကြောင်း ဒေသခံများက ပြောသည်။ ထိုနောက် လက်နက်ကိုင်ဆောင်ထားသူ ခြောက်ဦးက ကားပေါ် လိုက်ပါလာသူများကို သေနတ်ဖြင့် ချိန်ပြီး ရွှေ၊ ငွေ၊ ဖုန်းများ ထုတ်ခိုင်းခဲ့ကြောင်း ဖြစ်စဉ်ကို သိရှိသည့် ဒေသခံတစ်ဦးက ဆိုသည်။ “ကားကို တားလိုက်တော့ ကားကလည်း ရပ်တယ်။ ကားရပ်သွားတဲ့အချိန်မှာ ကားပေါ် ပါလာတဲ့ လူတွေကို သေနတ်နဲ့ […]
“ဘာသာမဲ့ချင် မဲ့လို့ရတယ်…ဒါပေမဲ့” ဆိုသည့် အမည်ဖြင့် အတွေးအမြင်ဆောင်းပါးပြိုင်ပွဲ ဆုပေးပွဲကို စက်တင်ဘာလ ၁၂ ရက် (ယနေ့)နံနက်က ထိုင်းနိုင်ငံ မဲဆောက်မြို့၊ သွေးသစ် ရွှေ့ပြောင်းမြန်မာစာသင်ကျောင်းတွင် ကျင်းပခဲ့သည်။ အဆိုပါ ဆောင်းပါး သို့မဟုတ် စကားပြေပြိုင်ပွဲကို မဲဆောက်ရောက် ဘာသာပေါင်းစုံ မြန်မာရွေ့ပြောင်းကျောင်းသား/သူ ၈၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ လူငယ်များအနေဖြင့် လွတ်လပ်စွာဆင်ခြင်သုံးသပ်နိုင်ရန်နှင့် လူ့ဘဝအတွက်အကျိုးရှိသော ဓမ္မတရားများ၏ တန်ဖိုးကို ပြန်လည်ဆင်ခြင်နိုင်စေရန်နှင့် လောကဓမ္မ ကောင်းကျိုးများ ဖြစ်ထွန်းစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။ ရေးဖြေ ဖြေဆိုခြင်း၊ လူတွေ့ဖြေဆိုခြင်း၊ လူတွေအကဲဖြတ်စစ်ဆေးခြင်း စသည့် အဆင့်လိုက် စိစစ်ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ယင်းပြိုင်ပွဲ၌ ပ/ဒု/တ . . ၁၀ ဆု၊ နှစ်သိမ့်ဆု ၁၃ ဆုနှင့် အသက်အငယ်ဆုံးပြိုင်ပွဲဝင်သူ ၂ ဦးအား […]
တနင်္သာရီကမ်းရိုးတန်း ရေကြောင်းခရီးဖြစ်သည့် ထားဝယ်-မြိတ်-ကော့သောင်းသွား အမြန်ရေယာဉ်(စပိဘုတ်)များ စက်တင်ဘာလ ၁၃ ရက်နေ့(မနက်ဖြန်)မှ စတင်ကာ ပြန်လည်ပြေးဆွဲမည်ဖြစ်ကြောင်း စပိဘုတ်ခရီးသွား လုပ်ငန်းရှင်များထံမှ သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၉ ရက်က မြိတ်မြို့မှ ထားဝယ်မြို့သို့ ခရီးသည် ၁၉ ဦး တင်ဆောင်လာသည့် စပိဘုတ်တစ်စီး ထားဝယ်မြစ်ဝ မီးပြကျွန်းအနီး ပင်လယ်ပြင်တွင် ရေဝင်နစ်မြုပ်မှု ဖြစ်ပွားခဲ့သည်။ ယင်းသို့ ဖြစ်ပွားခဲ့ပြီးနောက် တနင်္သာရီတိုင်း စစ်အုပ်စု၏ ညွှန်ကြားချက်အရ မြိတ်ခရိုင် ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ခရီးသည်များ ဘေးကင်းလုံခြုံရေးအတွက်ဟုဆိုကာ ဩဂုတ်လ ၂၂ ရက်မှစတင်၍ ထားဝယ်-မြိတ်-ကော့သောင်း စပိဘုတ်ပြေးဆွဲမှုကို ယာယီရပ်နားစေခဲ့ပြီး ရေကြောင်းသွားလာမှု စောင့်ကြည့်ရေး AIS စနစ်နှင့် GPS စနစ်များ မဖြစ်မနေ တပ်ဆင်ရန် ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။ “အဓိက […]
တနင်္သာရီတိုင်း၌ စစ်မှုထမ်း အပတ်စဉ် (၂၈)ကို သင်တန်းသား ၁၂၀ ခန့်ဖြင့် ဖွင့်လှစ်ကြောင်း စစ်အုပ်စု၏ ထုတ်ပြန်ချက်နှင့် ဓာတ်ပုံမှတ်တမ်းများအရ သိရသည်။ ယင်းကြောင့် ပြီးခဲ့သည့် ဩဂုတ်လအတွင်း စစ်အုပ်စုက တနင်္သာရီတိုင်းမှ လူငယ်အမျိုးသား ၁၂၀ ခန့်ကို စစ်မှုထမ်းအတွက် အဓမ္မစုဆောင်းခဲ့ကြောင်း တွေ့ရသည်။ စက်တင်ဘာလ ၇ ရက်တွင် စစ်မှုထမ်း အပတ်စဉ် (၂၈) သင်တန်းဖွင့်ပွဲကို ကျွန်းစုမြို့နယ်ရှိ စစ်အာဏာရှင်တပ်၏ အမှတ် (၅၇) ရေတပ်လေ့ကျင့်ရေးတပ်တွင် ပြုလုပ်ခဲ့ပြီး ထုတ်ပြန်ထားသည့် ဓာတ်ပုံမှတ်တမ်းများအရ သင်တန်းသား ၁၂၀ ခန့် ပါဝင်နေသည်ကို တွေ့ရသည်။ တနင်္သာရီတိုင်းတွင် စစ်မှုထမ်း အပတ်စဉ် (၂၄) ဖြစ်သည့် ဧပြီလတွင် လူငယ် ၁၂၀ ဦး၊ မေလ အပတ်စဉ် (၂၅) […]
ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင်၊ မဟာချိုင်မြို့၊ မူစီဒေသတွင် ပုလောဒေသခံ ကိုယ်ဝန်ဆောင် အမျိုးသမီးငယ်တစ်ဦး ကြိုးဆွဲချ သေဆုံးသွားကြောင်း ၎င်း၏ မိတ်ဆွေများထံမှ သိရသည်။ ပုလောမြို့နယ်၊ ရှပ်ပုံရွာဇာတိဖြစ်သည့် အသက် ၁၈ နှစ်အရွယ် မနှင်းမာစိုးသည် မဟာချိုင်ဒေသရှိ ချည်စက်ရုံတစ်ခုတွင် အလုပ်လုပ်ကိုင်နေသူဖြစ်ပြီး စက်တင်ဘာလ ၁၀ ရက် မွန်းလွဲပိုင်းတွင် ၎င်းနေထိုင်သည့် အခန်း၌ပင် ကြိုးဆွဲချသေဆုံး နေခြင်းဖြစ်ကြောင်း ၎င်း၏မိတ်ဆွေတစ်ဦးက ဆိုသည်။ သေဆုံးချိန်တွင် ၎င်း၌ ကိုယ်ဝန် လေးလခန့် ရှိနေပြီဖြစ်ကြောင်း သိရသည်။ “သူ မသေခင်နေ့က နေ့တစ်ဝက် အလုပ်ဆင်းသေးတယ်။ ထမင်းစား ပြန်သွားတဲ့အချိန်မှာ လုပ်လိုက်တာ ဖြစ်မယ်။ ညရောက်မှ အဆောင်ကလူတွေရော မိသားစုဝင်တွေပါ သိကြတာပါ” ဟု ၎င်း၏မိတ်ဆွေတစ်ဦးက ပြောသည်။ မနှင်းမာစိုးတွင် မဟာချိုင်၌ မိသားစုဝင်အချို့ […]
ထိုင်းနိုင်ငံတောင်ပိုင်း၊ ချွန်ဖော်ခရိုင် ပင်လယ်ပြင်အတွင်း မြန်မာရေလုပ်သားများ လိုက်ပါလုပ်ကိုင်နေသည့် ဝါတန်းငါးဖမ်းလှေတစ်စီး စက်တင်ဘာလ ၁၀ ရက် နံနက်ပိုင်းက မီးလောင်နစ်မြုပ်သွားကြောင်း ရေလုပ်သားများနှင့် နီးစပ်သူများထံမှ သိရသည်။ မြန်မာရေလုပ်သား ၂၀ ဦးနှင့် ထိုင်းနိုင်ငံသား လှေဦးစီး (ငါးဆရာ)၊ ပဲ့နင်းငယ်တို့ လိုက်ပါလာသည့် အဆိုပါ ဝါတန်းငါးဖမ်းလှေသည် ကမ်းသို့ ပြန်လည်ဝင်ရောက်လာစဉ် လျှပ်စစ်ဝါယာရှော့ခ်ဖြစ်ရာမှတစ်ဆင့် အင်ဂျင်စက်ခန်း မီးလောင်ကျွမ်းကာ နစ်မြုပ်သွားခြင်းဖြစ်ကြောင်း ရေလုပ်သားများနှင့် နီးစပ်သည့် ကိုကုလားက ပြောသည်။ “လူတွေတော့ ထိခိုက်ဒဏ်ရာရတာ မရှိဘူး။ ပြီးတော့ တစ်ချက်ကောင်းသွားတာက မီးလောင်တဲ့အချိန်မှာ (တခြား) လှေကြီးနဲ့ ကပ်မိပြီး ပစ္စည်းတွေ အကုန်လုံး သယ်လိုက်နိုင်တယ်” ဟု ၎င်းက ဆိုသည်။ လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့နေသည့် ရုပ်သံမှတ်တမ်းများအရ လှေစက်ခန်းအတွင်းမှ မီးခိုးများ အူထွက်နေကာ […]
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့ ပျံကျဈေးတွင် ဈေးရောင်းနေသော မြန်မာနိုင်ငံသား ကိုးဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ချင်းမိုင် လဝက က ထုတ်ပြန်သည်။ စက်တင်ဘာလ ၁၀ ရက်က ယူနန်ဈေးသစ်တွင် မြန်မာနိုင်ငံသားများ ဈေးရောင်းနေကြောင်း တိုင်ကြားချက်က ရရှိသဖြင့် ရဲတပ်ဖွဲ့က ဝင်ရောက်စစ်ဆေး ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။ ဈေးထဲတွင် ဈေးရောင်းနေသော မြန်မာနိုင်ငံသား ကိုးဦးနှင့် တရုတ်နိုင်ငံသား သုံးဦးတို့ကို အလုပ်လုပ်ခွင့် လက်မှတ် မရှိမှု၊ လုပ်ပိုင်ခွင့်ထက် ကျော်လွန်လုပ်ကိုင်မှုများဖြင့် ဖမ်းဆီးခဲ့သည်။ ဈေးထဲတွင် ထိုင်းနိုင်ငံသားများသာ ဈေးရောင်းခွင့်ရှိကြောင်း ပြောဆိုပြီး ရဲစခန်းတွင် ဒဏ်ငွေ ငါးထောင် ပေးဆောင်ခဲ့ရကြောင်း ဖမ်းဆီးခံရသူ မြန်မာစျေးသည်အမျိုးသမီးက ပြောသည်။ “ဘတ်ရှိတာဖြစ်စေ မရှိတာဖြစ်စေ ထိုင်းတွေက လွဲရင် အကုန်ဖမ်းပါတယ်။ ဒီရက်ပိုင်းတော့ ဘယ်ဈေးမှာဖြစ်ဖြစ် ဈေးရောင်းရင် […]
ထိုင်းနိုင်ငံ အယုဒ္ဓယခရိုင်တွင် ဖမ်းဆီးခံရသော ကျောင်းထိုင်ဆရာတော်အမှုနှင့် ပတ်သက်၍ ညစ်ညမ်းဗီဒီယိုများကို အွန်လိုင်းပေါ်တွင် မျှဝေခြင်း၊ ဖုန်းနှင့် ကွန်ပျူတာများတွင် သိမ်းဆည်းခြင်းတို့ လုပ်ဆောင်လျှင် ထောင်ဒဏ်နှင့် ငွေဒဏ်များ ကျခံရနိုင်ကြောင်း ရဲတပ်ဖွဲ့က သတိပေးလိုက်သည်။ ကျောင်းရန်ပုံငွေများကို အလွဲသုံးစား ပြုလုပ်မှုဖြင့် စက်တင်ဘာလ ၁၀ ရက်က ရှေးဟောင်းတော်ဝင် ဘုန်းကြီးကျောင်းဖြစ်သော ဝပ်ဖုထိုင်းစဝမ် (Wat Phutthaisawan) ကျောင်း၏ ကျောင်းထိုင်ဆရာတော် ဖရားဝဇီရာယန် (Phra Vajirayan) ကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။ ယင်းအမှုနှင့် ဆက်စပ်၍ ဆရာတော်နှင့် နီးစပ်သူ အမျိုးသမီးတို့ စားပွဲပေါ်တွင် မှေထုန်မှီဝဲနေသော ဗီဒီယိုဖိုင်သည် အွန်လိုင်းပေါ်တွင် ပြန့်နှံ့လာပြီးနောက် ရဲတပ်ဖွဲ့က သတိပေးချက် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ ပြည်သူလူထုကို စိတ်အနှောင့်အယှက်ဖြစ်စေမည့် ညစ်ညမ်းဗီဒီယိုများကို ကွန်ပျူတာ သို့မဟုတ် ဖုန်းများထဲတွင် […]
ထိုင်းနိုင်ငံအလယ်ပိုင်း၊ အယုဒ္ဓယခရိုင်တွင် ဖမ်းဆီးခံထားရသည့် နာမည်ကြီး တော်ဝင်ဘုန်းကြီးကျောင်း၏ ကျောင်းထိုင်ဆရာတော်နှင့် အမျိုးသမီးထံမှ ဘတ် ၂၁၅ သန်းကျော် တန်ဖိုးရှိ ရွှေနှင့် ငွေသားများကို ရဲတပ်ဖွဲ့က သိမ်းဆည်းရမိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ အယုဒ္ဓယခရိုင်ရှိ ရှေးဟောင်းတော်ဝင်ဘုန်းကြီးကျောင်းဖြစ်သော ဝပ်ဖုထိုင်းစဝမ် (Wat Phutthaisawan) ကျောင်း၏ အသက် ၆၆ နှစ်အရွယ် ကျောင်းထိုင်ဆရာတော် ဖရာဝဇီရာယန် (Phra Vajirayan) ကို ကျောင်းပိုင်ရန်ပုံငွေများ အလွဲသုံးစားပြုလုပ်မှုဖြင့် စက်တင်ဘာလ ၁၀ ရက်တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီးနောက် ဆရာတော်နှင့်အတူ မေထုန်မှီဝဲကာ ငွေကြေးအလွဲသုံးစားမှုတွင် ပါဝင်ပတ်သက်နေသည့် အသက် ၄၇ နှစ်အရွယ် အမျိုးသမီးဖြစ်သူ ပွန်ယာဝီ (Punyavee) ကိုလည်း နေအိမ်တွင် ဝရမ်းအရ ထပ်မံဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ ယင်းနောက် ရဲတပ်ဖွဲ့က […]
ထိုင်းနိုင်ငံအလယ်ပိုင်း၊ အယုဒ္ဓယခရိုင်ရှိ ရှေးဟောင်းတော်ဝင်ဘုန်းကြီးကျောင်းမှ တော်ဝင်အဆင့် ဘွဲ့တံဆိပ်ရ ကျောင်းထိုင်ဆရာတော်တစ်ပါးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ကျောင်းပိုင်ရန်ပုံငွေ ဘတ် ၉၂ သန်းကျော်ကို အလွဲသုံးစားပြုလုပ်ခဲ့ပြီး အမျိုးသမီးတစ်ဦးနှင့် မေထုန်မှီဝဲခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးခံရသူမှာ အယုဒ္ဓယခရိုင်ရှိ ရှေးဟောင်းတော်ဝင်ဘုန်းကြီးကျောင်းဖြစ်သော ဝပ်ဖုထိုင်းစဝမ် (Wat Phutthaisawan) ကျောင်းမှ အသက် ၆၆ နှစ်အရွယ် ကျောင်းထိုင်ဆရာတော် ဖရာဝဇီရာယန် (Phra Vajirayan) ဖြစ်ပြီး ထိုင်းဘုရင်မင်းမြတ်ထံမှ နိုင်ငံတော်အဆင့် တော်ဝင်ဘွဲ့တံဆိပ်တော် (Phra Ratchakhana) ကပ်လှူခံထားရသည့် ဆရာတော်တစ်ပါး ဖြစ်သည်။ စက်တင်ဘာလ ၉ ရက်နေ့ နံနက်ပိုင်းက ဆရာတော်ကိုဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ကျောင်းတိုက်အတွင်း ဆရာတော်နှင့်အတူ မေထုန်မှီဝဲခဲ့သည်ဆိုသော အမျိုးသမီးကိုလည်း ယနေ့ စက်တင်ဘာလ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် […]
Dawei Watch သတင်းဌာနကို ၂၀၁၂ ခုနှစ် မေလတွင်ထားဝယ်မြို့ အခြေစိုက် စတင် တည်ထောင်ခဲ့သည်။ Dawei Watch သည် ကနဦးတွင် တစ်နိုင်ငံလုံးခြုံထုတ်ဝေသည့် နေ့စဉ် သတင်းစာများ၊ အပတ်စဉ်များကို အဓိကအားဖြင့် တနင်္သာရီတိုင်းနှင့် မွန်ပြည်နယ်အတွင်းမှ သတင်းများ ဝန်ဆောင်မှုပေးလျက်ရှိသည်။ ယင်းအပြင် ထူးခြားမှုအလိုက် ထိုင်းရောက် မြန်မာ ရွှေ့ပြောင်းလုပ်သားများ သတင်းကိုလည်း တင်ဆက်သည်။
