အမှတ်သညာနှင့် အက္ခရာ
Dawei Watch
August 9, 2026ဇွန်လနှောင်းပိုင်းကတည်းက စဖတ်ပြီး မပြီးနိုင်မပြတ်နိုင်ဖြစ်နေသော Yuval ၏ ထူထူထဲထဲ ဆေပီယန်စ် (Sapiens) စာအုပ်သည် ဩဂုတ်လအစတွင်မှပြီးသည်။ ထိုစာအုပ်ကို ညီနောင်(Humber) က ဘာသာပြန်ဆိုပါသည်။ ၎င်းအပြီး နောက်တစ်အုပ်အနေဖြင့် ခင်ခင်ထူး၏ “ဝတ်လဲတော်ရွှေပုဆိုး တန်းထိုးလို့ကြိုမယ်” ဖတ်ကာ ကိုကျီးညိုနှင့် မခင်နှောင်းတို့ နှစ်ဦးသားဘဝအတွက် မျက်ရည်စို့ရသည်။ Yuval ၏ ဆေပီယန်စ်မတိုင်မီက Jared Diamond ၏ “သေနတ်များ ရောဂါပိုးများနှင့် သံမဏိ – လူ့အဖွဲ့အစည်းတို့၏ ကံကြမ္မာများ” ကို ဖတ်ဖြစ်သည်။ ထိုစာအုပ်ကိုလည်း ညီနောင်(Humber) ကပဲ ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။ ထိုနှစ်အုပ် Sapiens နှင့် Guns, Germs & Steel တို့မှ လူသားမျိုးနွယ်၏ သိမှုဆိုင်ရာတိုးတက်ပြောင်းလဲမှုများ၊ ကိုးကွယ်ယုံကြည်မှုများကို ဖတ်မှတ်ခဲ့ရပြီး ခင်ခင်ထူး၏ […]


