မျှော်လင့်ချက်နှင့် အခြားမျက်နှာဖုံးဆောင်းပါးများ – ဂျူး
Dawei Watch
August 1, 2026ဒီစာအုပ်လေးက ၂၀၀၆ ခုနှစ်မှာ ဂျူးစာပေကနေ ထုတ်ဝေထားတဲ့စာအုပ် ဖြစ်ပါတယ်။ အထဲကဆောင်းပါးတွေကတော့ ဗြူတီမဂ္ဂဇင်းမှာ၂၀၀၁၊ ၂၀၀၂၊ ၂၀၀၃ ခုနှစ်အတွင်း ရေးထားတဲ့ ဆောင်းပါးတွေပါ။ နှစ် ၃၀ နီးပါးကြာပြီဆိုပေမဲ့ ရေးထားတဲ့ အကြောင်းအရာတွေက သစ်လွင်ဆဲ၊ ခေတ်မီဆဲ။ အဲဒါအပြင်ကို ဆရာမဂျူးလို့ ပြောလိုက်ရင် အချစ်အကြောင်းတွေ၊ အသည်းကွဲရတဲ့အကြောင်းတွေနဲ့ပဲ တွဲမြင်ကြတော့ ဒီစာအုပ်လေးဖတ်ရတဲ့အချိန်မှာ တစ်မျိုးလေးဖြစ်တာပေါ့လေ။ ဆရာမဂျူးက ဒါမျိုးဆောင်းပါးတွေကိုလည်း ရေးခဲ့သေးတယ်ဆိုတာကို သိရပါတယ်။ ဒီစာအုပ်မှာတော့ စုစုပေါင်း ခြောက်ပုဒ်ပါပါတယ်။ စာအုပ်ထဲက ပထမပုဒ်ကို ဖတ်တဲ့အချိန် အခုနှစ်တွေထဲမှာ ခဏခဏ ပြောဖြစ်နေကြတဲ့ မျှော်လင့်ချက်တွေ၊ ယုံကြည်မှုတွေ၊ သတ္တိတွေနဲ့ မကြောက်ရွံ့ခြင်းတွေကို ပြန်ပြီးတော့ မြင်ယောင်လာစေတယ်။ တွေးတောဖြစ်စေတယ်။ လူတွေကနယ်ပယ်တွေမတူရင် မျှော်လင့်ချက်တွေမတူနိုင်ဘူးဆိုတာကို သတိချပ်လာစေတယ်။ ဘဝတစ်ခုတည်ဆောက်ဖို့အတွက် လိုအပ်တဲ့ အတွင်းပစ္စည်းတွေအကြောင်းကို တိုတိုတုတ်တုတ်နဲ့ […]


