ရိုးမားအသင်းက ချန်ပီယံလိဂ်ပွဲကို နီပေါရေဘေးကယ်ဆယ်ရေး ရည်ညွှန်းတဲ့ ဂျာစီ ဝတ်ဆင်ပြီးကစား
Dawei Watch
September 11, 2026အီတလီ စီးရီးအေ ကလပ် ရိုးမား အသင်းဟာ တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့ဆီကို သွားရောက်ပြီး ဖီနာဘာချီ အသင်းနဲ့ ယှဉ်ပြိုင်ခဲ့ရတဲ့ ချန်ပီယံလိဂ် အဖွင့်ပွဲစဉ်မှာ နီပေါရေဘေးကယ်ဆယ်ရေးအတွက် ရည်ညွှန်းတဲ့ ဂျာစီ ရင်ဘတ်လိုဂိုစာသားကို ထည့်သွင်းပြီး ယှဉ်ပြိုင်ကစားပေးသွားခဲ့ပါတယ်။ ဒါကို ကမ္ဘာ့ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (UN World Food Programme – WFP) နဲ့ ပူးပေါင်းလက်တွဲပြီး အကောင်အထည်ဖော်ခဲ့တာဖြစ်တယ်လို့ ရိုးမားအသင်းက သတင်းထုတ်ပြန်ထားပါတယ်။ တူရကီနိုင်ငံရဲ့ ကြော်ငြာဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေနဲ့ ကိုက်ညီစေဖို့အတွက် ရိုးမားအသင်းဟာ ဂျာစီရဲ့ပင်မစပွန်ဆာ Eurobet.live နဲ့ ညှိနှိုင်း သဘောတူညီချက် ရယူခဲ့ပြီးတဲ့နောက် ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်မှာ WFP ရဲ့လိုဂို၊ နီပေါနိုင်ငံတော်အလံနဲ့ TOGETHER FOR NEPAL ဆိုတဲ့စာသားတွေကို ဂျာစီရဲ့ရင်ဘတ်စပွန်ဆာနေရာမှာ ထည့်သွင်းပြီး နီပေါရေဘေး […]


