ဘောလုံးလောကရဲ့ သမိုင်းတစ်လျှောက် အထင်ကရ GOAT ကစားသမားတွေဖြစ်တဲ့ မက်ဆီ နဲ့ စီရော်နယ်လ်ဒို တို့ဟာ အာဂျင်တီးနားရဲ့ ထိပ်တန်း တိုက်စစ်မှူးဟောင်းတစ်ယောက်ဖြစ်တဲ့ တီဗက်ဇ် ရဲ့ ကစားသမားဘဝနှုတ်ဆက်ပွဲမှာ ပူးပေါင်းပါဝင်ကြဖို့ ရှိနေတယ်လို့ Goal က ဖော်ပြထားပါတယ်။
တီဗက်ဇ် ရဲ့ ကစားသမားဘဝနှုတ်ဆက်ပွဲကို လာမယ့်ဒီဇင်ဘာလရောက်ရင် အာဂျင်တီးနားနိုင်ငံရဲ့ အထင်ကရ နာမည်ကျော် ဘိုကာဂျူနီယာအသင်းရဲ့ အိမ်ကွင်းဖြစ်တဲ့ သမိုင်းဝင် လာဘွမ်ဘိုနီရာ အားကစားကွင်းမှာ ကျင်းပသွားဖို့ ရှိနေပါတယ်။
အာဂျင်တီးနားနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဟာ တိုက်စစ်မှူး တီဗက်ဇ် ရဲ့ ဘောလုံးသမားဘဝ နှုတ်ဆက်ပွဲ ခမ်းခမ်းနားနား ကျင်းပပေးသွားဖို့ စီစဉ်ထားပါတယ်။
တီဗက်ဇ် ဟာ မန်ယူအသင်းဆီမှာ ကစားသမားဘဝဖြတ်သန်းခဲ့စဉ်တုန်းက စီရော်နယ်ဒိုနဲ့ တွဲဖက်ကစားခွင့်ရရှိခဲ့ပြီး မက်ဆီနဲ့တော့ အာဂျင်တီးနားလက်ရွေးစင်အသင်းမှာ အသင်းဖော်ဖြစ်ခဲ့တာဖြစ်ပါတယ်။







