ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဒေသသတင်း

တနင်္သာရီတိုင်းတွင် သြဂုတ်လကုန်အထိ မိုးဆက်ကြီးမည်

Dawei Watch

August 26, 2026

တနင်္သာရီတိုင်းတွင် ယခုသြဂုတ်လကုန်အထိ မိုးဆက်ကြီးနေမည်ဖြစ်ကြောင်း စစ်အစိုးရ၏ မိုးလေဝသနှင့် ဇလဗေညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းထားသည်။ နိုင်ငံအဝှမ်း သြဂုတ်လ ၃၁ ရက်အထိ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး နေပြည်တော်၊ ရန်ကုန် ၊ မန္တလေး၊ ပဲခူးတိုင်း၊ ဧရာဝတီ၊ တနင်္သာရီ၊ ကရင်၊ မွန်၊ ရခိုင် နှင့် ရှမ်း (အရှေ့ပိုင်း) တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးဇလက ဆိုသည်။ မုတ်သုံလေ အားကောင်းခြင်းအပြင် တရုတ်နိုင်ငံ၊ ကွမ်ရှီး ပြည်နယ်တောင်ပိုင်း ကမ်းရိုးတန်းဒေသများကို စတင်ဖြတ်ကျော် လျက်ရှိသော အပူပိုင်းမုန်တိုင်း “နာရာ” (NARRA) ထံမှ ပြတ်ထွက်လာသော တိမ်တိုက်များအရှိန်ကြောင့် မိုးကြီးနေခြင်း ဖြစ်ကြောင်း ဖော်ပြသည်။ သို့သော် ယနေ့ နေ့လယ် ၁၂နာရီခွဲအချိန် တိုင်းထွာချက်များအရ “နာရာ” […]

ထားဝယ်-မြိတ်-ကော့သောင်း စပိဘုတ်ခရီးစဉ်များ လကုန်အထိ ရပ်နားမည်

Dawei Watch

August 21, 2026

ထားဝယ်-မြိတ်-ကော့သောင်းမြို့များသို့ နေ့စဉ် ပြေးဆွဲနေသည့် စပိဘုတ်ခရီးစဉ်များအားလုံး ယနေ့မှစ၍ လကုန်အထိ ရပ်နားထားမည်ဖြစ်ကြောင်း စပိဘုတ်ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။ ထားဝယ်-မြိတ်-ကော့သောင်းမြို့များသို့ အသွားအပြန် ပြေးဆွဲနေသည့် စပိဘုတ်များအားလုံးကို ဩဂုတ်လ ၂၁ ရက်မှစ၍ ၃၁ ရက်နေ့အထိ ခေတ္တရပ်ဆိုင်းထားရန် စပိဘုတ်လုပ်ငန်းရှင်များအသင်းက ဩဂုတ်လ ၂၀ ရက် ရက်စွဲဖြင့် စာပို့အကြောင်းကြားထားကြောင်း စပိဘုတ်အမြန်ရေယာဉ် ခရီးသွားလုပ်ငန်း လုပ်ကိုင်သူ အမျိုးသားတစ်ဦးက ပြောသည်။ “ဟုတ်ကဲ့ လကုန်အထိ နားရမှာပါ၊ ကျွန်တော်တို့ကို စာပို့ထားတာက ဒေသဆိုင်ရာ အာဏာပိုင်ရဲ့ ညွှန်ကြားချက်အရဆိုပြီး ပါတယ်။ ဘာကြောင့်လဲဆိုတာ ရေးမထားဘူး” ဟု ၎င်းက ပြောသည်။ စပိဘုတ်ခရီးစဉ်များ ယာယီရပ်နားရခြင်းမှာ ယခုလက်ရှိ မြန်မာ့ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသည့် ရာသီဥတုအခြေအနေကြောင့် ဖြစ်ကြောင်း အခြား စပိဘုတ်အမြန်ရေယာဉ်ငယ် ခရီးသည်ပို့ဆောင်ရေး […]

ကွမ်းသီးခြောက် စျေးမကောင်းသဖြင့် သိုလှောင်ထားသည့်ခြံရှင်များ အကျပ်ရိုက်

Dawei Watch

August 21, 2026

နွေရာသီက ကွမ်းသီးခြောက်ဈေးကောင်း မရသဖြင့် သိုလှောင်ထားရာ လက်ရှိတွင်လည်း ဈေးမတက်သဖြင့် အခက်ကြုံနေကြကြောင်း ထားဝယ်အရှေ့တောဒေသနေ ကွမ်းသီးခြံရှင်အချို့က ပြောသည်။ မိုးရာသီတွင် ဈေးတက်နိုင်သည်ဟု ယူဆကာ ကွမ်းသီးခြောက်ထွက်သည့် နွေရာသီတွင် မရောင်းခဲ့ဘဲ သိုလှောင်ထားကြခြင်းဖြစ်ကြောင်း ခြံရှင်အချို့က ဆိုသည်။ ကွမ်းသီးခြောက်များကို မိမိနေအိမ်တွင် သိုလှောင်ထားခြင်းမဟုတ်ဘဲ ချိတ်ဆက်ထားသည့် ပွဲရုံများကို တင်ပို့ကာ အဆိုပါပွဲရုံတွင်ပင် သိုလှောင်ထားကြခြင်းဖြစ်သည်။ ပြီးခဲ့သည့် နွေရာသီက ကွမ်းသီးခြောက်တစ်ပိဿာလျှင် ကျပ်တစ်သောင်းမှ တစ်သောင်းခွဲကျပ်ကြား ပေါက်ဈေးရှိခဲ့ကြောင်း ခြံရှင်အချို့ထံမှ သိရသည်။ လက်ရှိ မိုးရာသီတွင်လည်း ကွမ်းသီးခြောက် တစ်ပိဿာလျှင် ကျပ်တစ်သောင်းဝန်းကျင်သာ ဈေးပေါက်နေကြောင်း ၎င်းတို့က ပြောဆိုသည်။ ဈေးတက်လာနိုင်သည်ဟု မျှော်လင့်ပြီး သိုလှောင်ထားသော်လည်း ဈေးအပြောင်းအလဲမရှိသည့်အတွက် စားဝတ်နေရေး အခက်ကြုံနေရကြောင်း ခြံပိုင်ရှင် အမျိုးသမီးတစ်ဦးက ဆိုသည်။ “အခြေခံစားသောက်ကုန်တွေက အားလုံးစျေးတက်ပြီး ကွမ်းသီးစျေးကကျနေတော့ […]

တနင်္သာရီတိုင်းရှိ ရှောင်ကွင်း ကုန်သွယ်လမ်းကြောင်းများကို စစ်ဆေးတင်းကျပ်မည်ဟု စစ်အစိုးရပြော

Dawei Watch

August 17, 2026

တနင်္သာရီတိုင်းရှိ ထားဝယ်၊ မြိတ်၊ ကော့သောင်းမြို့နယ်များတွင် ရှောင်ကွင်းကုန်သွယ်လမ်းကြောင်းများကို စစ်ဆေးတင်းကျပ်မည်ဖြစ်ကြောင်း တိုင်းစစ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးရန်ကြီးအောင်က ပြောသည်။ ဩဂုတ်လ ၁၄ ရက်က ပြုလုပ်သည့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့အစည်းအဝေးတွင် အဆိုပါအထူးအဖွဲ့၏ ဥက္ကဋ္ဌလည်းဖြစ်သူ၎င်းက ပြောဆိုခြင်းဖြစ်သည်။ တနင်္သာရီတိုင်းထဲသို့ တရားမဝင်ကုန်ပစ္စည်းများ ရေလမ်း၊ ကုန်းလမ်းတို့မှတစ်ဆင့် နည်းလမ်းအမျိုးမျိုးဖြင့် ဝင်ထွက်လျက်ရှိကြောင်း ဗိုလ်မှူးကြီးရန်ကြီးအောင်က ဆိုသည်။ ယင်းအပြင် ထားဝယ်၊ မြိတ်၊ ကော့သောင်းမြို့နယ်တို့တွင်လည်း ရှောင်ကွင်းကုန်သွယ်လမ်းကြောင်းများရှိနေပြီး ထိုနေရာများကို စစ်ဆေးတင်းကျပ်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။ နယ်စပ်မှ တနင်္သာရီတိုင်းသို့ စားသောက်ကုန်ပစ္စည်းများ သယ်ယူရောင်းချနေသူ လုပ်ငန်းရှင်တစ်ဦးကမူ ထိုရှောင်ကွင်း ကုန်သွယ်လမ်းကြောင်းများမှာ စစ်အာဏာရှင်တပ်အပါအဝင် လက်နက်ကိုင်အဖွဲ့များအတွက် ငွေတွင်းသဖွယ်ဖြစ်နေသဖြင့် ဟန်ပြအနေဖြင့်သာ ဖမ်းဆီးအရေးယူနိုင်မည်ဖြစ်ပြီး ရေရှည်အလုပ်မဖြစ်နိုင်ကြောင်း ပြောသည်။ “ရှောင်ကွင်းလမ်းတို့၊ တရားမဝင်လမ်းကြောင်းတို့ဆိုတာ ဒီအတိုင်းသွားလို့ရတာ မဟုတ်ဘူး။ ရေလောင်းပြီးမှ သွားလို့ရတာ။ […]

ဇူလိုင်လအတွင်း တနင်္သာရီတိုင်းမှ လူငယ် ၁၄၀ ကျော် စစ်မှုထမ်း စုဆောင်းခံရ

Dawei Watch

August 10, 2026

စစ်အာဏာရှင်တပ်က စစ်မှုထမ်း အဓမ္မစုဆောင်းမှုများ ဆက်တိုက်လုပ်ဆောင်နေပြီး ယခုနှစ် ဇူလိုင်လအတွင်း တနင်္သာရီတိုင်းမှ လူငယ်အမျိုးသား ၁၄၀ ကျော် စစ်မှုထမ်းစုဆောင်းခံရကြောင်း သိရသည်။ ဇူလိုင်လ ၃၁ ရက်တွင် စစ်မှုထမ်း အပတ်စဉ် (၂၇) သင်တန်းသို့ ပို့ဆောင်မည့် သင်တန်းသားများကို မြိတ်မြို့ရှိ စစ်အာဏာရှင်တပ် ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်တွင် သင်တန်းသုံး ပစ္စည်းများ ပေးအပ်ပွဲ ပြုလုပ်ခဲ့သည်။ စစ်အုပ်စုဘက်က ထုတ်ပြန်ထားသည့် သင်တန်းသုံး ပစ္စည်းပေးအပ်ပွဲ မှတ်တမ်းဓာတ်ပုံများအရ စစ်မှုထမ်း အပတ်စဉ် (၂၇) အတွက် တနင်္သာရီတိုင်းတွင် လူငယ် ၁၄၀ ကျော် စစ်မှုထမ်း သင်တန်းသားအဖြစ် စုဆောင်းခံထားရကြောင်း တွေ့ရသည်။ Dawei Watch က လက်လှမ်းမီးသမျှ ကောက်ယူရရှိသည့် စာရင်းအရ ထားဝယ်မြို့နှင့် သရက်ချောင်းမြို့တွင် ဇူလိုင်လအတွင်း လူငယ်အမျိုးသား […]

လှိုင်း လေကြမ်းချိန် ခိုလှုံရန်သတ်မှတ်ထားသည့်နေရာ ငါးဖမ်းလျှင် အရေးယူမည်

Dawei Watch

July 31, 2026

ရာသီဥတုဆိုးရွားပြီး လှိုင်းလေ ကြမ်းတမ်းပါက ခိုလှုံရန် သတ်မှတ်ပေးထားသည့် နေရာများတွင် ငါး၊ ပုစွန် ဝင်ရောက် ဖမ်းဆီးသည့် ကမ်းနီး၊ ကမ်းဝေးလှေများကို ဖမ်းဆီးမည်ဖြစ်ကြောင်း စစ်အုပ်စုလက်အောက်ခံ ငါးလုပ်ငန်းဦးစီးဌာနက ဇူလိုင်လ ၃၀ ရက်တွင် ထုတ်ပြန်သည်။ ထိုသို့ဖမ်းဆီးမည့် နေရာများအထဲ တနင်္သာရီတိုင်းတွင် လောင်းလုံးမြို့နယ်ရှိ လောင်းလုံးဘုတ်ကျွန်း၊ မောင်းမကန် ဘုတ်ကျွန်း၊ မြိတ်မြို့နယ်ရှိ တနင်္သာရီကျွန်း၊ ကျွန်းစုမြို့နယ်ရှိ ပြင်စဘုကျွန်း အနီးဝန်းကျင်ဒေသများ ပါဝင်သည်။ အဆိုပါနေရာများမှာ ကမ်းနီးဟု သတ်မှတ်ထားသည့်နေရာလည်းဖြစ်သည့်အပြင် ရေလုပ်သားများ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် ခိုလှုံရာနေဟုလည်း သတ်မှတ်ထားပြီး ငါးဖမ်းဆီးခွင့် မပြုထားပေ။ အဆိုပါကျွန်းများသည် ရာသီဥတုဆိုးရွားချိန် လှိုင်းဒဏ်၊ လေဒဏ် ခိုလှုံရန် သတ်မှတ်ပေးထားခြင်းသာဖြစ်ပြီး ရာသီဥတု ဆိုးရွားသည်ဟု အကြောင်းပြကာ ယင်းနေရာများတွင် ငါး၊ ပုစွန် ဖမ်းဆီးသည့် […]

ကမ်းဝေးငါးဖမ်းလှေများ ကမ်းနီးဝင်ဖမ်းမှု ပိုအတင့်ရဲလာသဖြင့် ဒေသခံကမ်းနီးငါးဖမ်းလှေများအခက်တွေ့

Dawei Watch

July 26, 2026

ကမ်းဝေးငါးဖမ်းလှေကြီးများသည် ပိုမိုအတင့်ရဲလာပြီး ကျွန်းစုပင်လယ်ပြင်ရှိ ကျေးရွာများအနီးအထိ ငါးဝင်ဖမ်းမှုကြောင့် ကမ်းနီးငါးဖမ်းလှေငယ်များ ပိုမိုအခက်တွေ့လာကြောင်း ဒေသခံများထံမှ သိရသည်။ ဝါတန်းနှင့် ဝါလတ်လှေကြီးများသည် ယခုနှစ် ငါးဖမ်းရာသီမှစတင်ကာ ကျေးရွာအနီးအနားအထိ ဝင်ဖမ်းနေကြသော်လည်း စစ်အာဏာရှင်တပ် စစ်သင်္ဘောများက ဖမ်းဆီးအရေးယူခြင်းမရှိကြောင်း ကမ်းနီးရေလုပ်သားအချို့က ပြောသည်။ ထိုသို့ ကမ်းဝေးလှေကြီးများ ကမ်းနီး ငါးဝင်ဖမ်းမှုသည် ယခင်ခေတ်အဆက်ဆက်ကတည်းက ရှိခဲ့သော်လည်း လက်ရှိ ငါးဖမ်းရာသီ ပြန်ဖွင့်ချိန်ဖြစ်သည့် ဇွန်လမှစကာ ဝင်ရောက်ဖမ်းဆီးမှု အကြိမ်ရေပိုမိုများပြားလာကြောင်း ၎င်းတို့က ဆိုသည်။ ထိုသို့ ကမ်းနီးဝင်ဖမ်းကြသည့်အတွက် ဒေသခံလှေငယ်များက ငါးဖမ်းဆီးရမိခြင်းမရှိတော့သဖြင့် ဝမ်းစာရေးအတွက် အခက်တွေ့လာရကြောင်း ကျွန်းစုမြိုနယ် ရေကန်တောင်ကျေးရွာနေ ဒေသခံတစ်ဦးက ဆိုသည်။ “တစ်ခါတလေ တစ်ရွာလုံး ငါးမရတဲ့နေ့တွေရှိတယ်။ စားဝတ်နေရေး တော်တော်ဒုက္ခရောက်တယ်။ ဘယ်သူ့ကို တိုင်ရမှန်းလည်း မသိဘူး။ စစ်သင်္ဘောတွေကလည်း မြင်နေရက်နဲ့ ဘာမှမပြောဘူးဆိုတော့ […]

မြိတ်သို့ သွားသည့် ကုန်တင်သင်္ဘော နစ်မြုပ်

Dawei Watch

July 10, 2026

ရန်ကုန်မြို့မှ မြိတ်မြို့သို့ သွားသည့် ကုန်တင်သင်္ဘောတစ်စီး ဇူလိုင်လ ၈ ရက် ညနေပိုင်းတွင် နစ်မြုပ်ကြောင်း စစ်အုပ်စု၏ သတင်းထုတ်ပြန်ချက်အရသိရသည်။ နစ်မြုပ်သည့် သင်္ဘောမှာ MV ATK Nyein အမည်ရှိ ကုန်တင်သင်္ဘောဖြစ်ပြီး ဂျုံ၊ အရက်၊ ကြက်စာ၊ ဘတ်ထရီနှင့် ဆိုလာပစ္စည်းများ တင်ဆောင်လာကြောင်း ဆိုသည်။ ရေဖြူမြို့နယ်၊ ဟိန္ဇဲ ဘုတ်ကျွန်းနှင့် မွန်ပြည်နယ် ရေးမြို့နယ် ကုလားကုတ်ကျွန်း အကြားတွင် ရာသီဥတုဆိုးဝါးမှုကြောင့် သင်္ဘော၏ ညာဘက်မှစ၍ ရေဝင်နစ်မြုပ်ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ ရေနစ်နေသည့် သင်္ဘောကို အခြားသင်္ဘောတစ်စီးက တွေ့ရှိသဖြင့် စစ်အာဏာရှင် ရေတပ်ထံ အကူအညီတောင်းခံခဲ့သောကြောင့် ရှာဖွေကယ်ဆယ်ရေးလုပ်နေကြောင်း ဆိုသည်။ သင်္ဘောပေါ် လိုက်ပါလာသူ ၁၂ ဦးစလုံးကို ကယ်ထုတ်နိုင်ခဲ့ပြီး မွန်ပြည်နယ်၊ မုဒုံမြို့နယ်သို့ ပို့ဆောင်ပေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် […]