BREAKING
July 27, 2024
EN MM

အယ်ဒီတာ့ အာဘော်

၅၀ +

diz_admin

March 8, 2021

စစ်အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက်ခံရမှုကြောင့် သေဆုံးသူ ၅၀ ကျော်ရှိသည်။ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ စာရင်းအရ ၄၉ ဦး ရှိပြီး ကုလသမဂ္ဂကမူ ၅၄ ဦး ရှိကြောင်း ဖော်ပြထားသည်။ အယ်ဒီတာ (မတ် ၅၊ ၂၀၂၁)

ဖေဖော်ဝါရီ မှတ်တမ်း

diz_admin

March 1, 2021

မြန်မာ့သမိုင်းမှာ တစ်ပတ်ပြီး တစ်ပတ် ပြန်လည်နေသည်။ သို့သော် အဆိုးကျော့ သံသရာအတွင်း သက်ဆင်းရင်း ပြန်လည်နေခြင်း ဖြစ်သည်။ သို့သော် ယနေ့ခေတ် လူထုက ယင်းကို လက်မခံနိုင်တော့ပါ။ အထူးသဖြင့် တောက်ပသော အနာဂတ်ကို ပိုင်ဆိုင်ထားလိုသော လူငယ်ထုမှာ ယင်းအဖြစ်ကို ခါးခါးသီးသီး ငြင်းပယ်နေကြပြီဖြစ်သည်။ ဖေဖော်ဝါရီရက်စွဲများက မြန်မာလူထု၏ မဆုတ်မနစ်သော ဇွဲလုံ့လ၊ ဒီမီုကရေစီကို တစ်ပြားသားမျှ ဈေးမလျှော့လိုသော ခိုင်ကြည်စိတ်တို့ကို အထင်းသား ပြသနေနှင့်ခဲ့ပြီး ဖြစ်သည်။ ယင်းမှာ အမျိုးမျိုးသော ယူနီဖောင်းများ အလွန်တွင် ရှိနေသော အရေးအရာဖြစ်သည်။ ယင်းမှာ အဲကွန်းခန်းများ၏ အလွန်၊ ဘယ်ရီဂိတ်များ၊ နံရံတံတိုင်းများ၊ ခြံစည်းရိုးများ၏ အလွန်တွင် ရှိသော အရေးအရာဖြစ်သည်။ တစ်နိုင်ငံလုံး မြို့ကြီးအများအပြားတွင် ပြည်သူလူထု၏ ဆန္ဒကို တစ်ခဲနက် ပြခဲ့ပြီးဖြစ်သည်။ […]

မျိုးဆက်သစ် တစ်ခုလုံး ရင်းရမည်

diz_admin

February 24, 2021

ပွင့်လင်းလွတ်လပ်၊ ဖူးသစ်စနိုင်ငံတစ်ခုကို ဖေဖော်ဝါရီ ၁ ရက် ဖြစ်ရပ်က ကြက်သေသေသွားစေသည်။ မြန်မာနိုင်ငံရှိ သန်းချီသော လူငယ်များမှာ နှစ်အနည်းငယ်ကြာမျှ ဖြစ်ထွန်းသီးပွင့်ခဲ့သော အညှောင့်ပေါက်စ ဒီမိုကရေစီ ၏ အရသာကို မြည်းစမ်းဖူးသူများဖြစ်ပြီး တောက်ပသော ၎င်းတို့၏ အနာဂတ် အတွက် မျှော်လင့်ချက်ကြီးစွာ ကြိုးစားနေသည့် မျိုးဆက် တစ်ခုလည်း ဖြစ် သည်။ ယင်းမျှော်လင့်ချက်များသည် မြန်မာနိုင်ငံ အတွက် မျှော်လင့်ချက်လည်း ဖြစ်သည်။ မြန်မာနိုင်ငံ၏ ပစ္စုပ္ပန်လည်း ဖြစ်သည်။ မြန်မာနိုင်ငံ၏ အနာဂတ်လည်း ဖြစ်သည်။ ယနေ့ ဆုံးဖြတ်ပိုင်ခွင့်ရှိသူများ ဆုံးဖြတ်ချက်တစ်ရပ်၊ အရွေ့တစ်ချက်သည် နိုင်ငံ၏ သမိုင်းတစ်ဆစ်ချိုး ဖြစ်ပြီး နိုင်ငံ၏ ပစ္စုပ္ပန်၊ နိုင်ငံ၏ အနာဂတ်၊ နိုင်ငံ၏ မျိုးဆက်တစ်ခုနှင့် အလောင်းအစား လုပ်နေရကြောင်း သတိပြုမိရန် များစွာ […]

ယနေ့ အခြေခံလိုအပ်ချက်

diz_admin

February 16, 2021

လူတွေက များများစားစား မတောင်းဆိုလှပါ။ အထူးသဖြင့် အခုခေတ် လူငယ်တွေ ဖြစ်သည်။ လူငယ်တွေသည် အမြဲတစေပင် လွတ်လပ်မှုနှင့် တွဲပါသည်။ သူတို့သည် ကမ္ဘာကြီးအကြောင်း အတော်အတန်သိမြင်သော မျိုးဆက်များဖြစ်သည်။ ကမ္ဘာကြီးနှင့် အတော်အတန် ချိတ်ဆက်မိနေပြီ ဖြစ်သော မျိုးဆက်ဖြစ်သည်။ သူတို့တွင် အိပ်မက်တွေရှိသည်။ စွန့်စားခန်းထုတ်လိုသော မှန်းရည်ချက်တွေ ရှိသည်။အခြားတစ်ဖက်တွင်လည်း ယခင်မျိုးဆက်ထံမှ ခေတ်ဆိုးအကြောင်းကို သညာအသိ ရှိသည်။ စားကောင်းခြင်း မစားရ၊ သွားကောင်းခြင်း မသွားရ။ လွတ်လပ်မှုကို ချုပ်ချယ်သော ခေတ်အကြောင်း၊ ကျီးလန့်စာစား နေခဲ့ရသော ခေတ်အကြောင်း တစ်ဆင့်စကား တစ်ဆင့်နားဖြင့် သင်ယူခဲ့ရသည်။ အလင်းခေတ်တွင် ကြီးပြင်းခဲ့ရသူတို့အတွက် ဖေဖော်ဝါရီ ၁ ရက်နေ့ ဖြစ်ရပ် သည် သူတို့အတွက် ရုတ်တရက် နားမလည်နိုင်သော၊ ကြက်သေသေ သွားစေသော ရက်စွဲတစ်ခု […]

အိပ်မက်ရှိသူများဖြစ်ကြပါစေ

diz_admin

January 27, 2021

အမေရိကန်နိုင်ငံ၏ သမ္မတသစ် ဂျိုးဘိုင်ဒင်သည် ကျမ်းသစ္စာကျိန်ဆိုပြီး နာရီပိုင်းအတွင်း သမ္မတဟောင်း ဒေါ်နယ်ထရမ့်ချမှတ်ခဲ့သည့် မူဝါဒများကို ချေဖျက်သည့်အမိန့်များ ထုတ်ပြန်လိုက်သည်။ နိုင်ငံ၏အရေးကိစ္စများသာမက ကမ္ဘာ့အရေးနှင့်သက်ဆိုင်သည့် ပြောင်းလဲမှုများကို သမ္မတဖြစ်ဖြစ်ချင်း လုပ်ဆောင်လိုက်ခြင်းဖြစ်သည်။ သမ္မတဟောင်းလက်ထက်က ချမှတ်ခဲ့သည့် ကိုဗစ်နိုင်တင်းကပ်ရောဂါ ဆိုင်ရာ ကိစ္စရပ်များ၊ သဘာဝပတ်ဝန်းကျင်ရေးရာနှင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ မူဝါဒများ ပယ်ဖျက်ခြင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) မှ နုတ်ထွက်ခဲ့သည့် သမ္မတထရမ့်၏ ဆုံးဖြတ်ချက်ကို ပယ်ဖျက်ခြင်း၊ ရာသီဥတုဆိုင်ရာပဲရစ် သဘောတူညီချက်ကို ပြန်လည်ဝင်ရောက်ရေး စသဖြင့် အရေးကြီးကိစ္စများစွာကို လက်မှတ်ရေးထိုးခဲ့သည်။ အမေရိကန်နိုင်ငံကဲ့သို့သော ထိပ်သီးနိုင်ငံတစ်ခု၏ အရေးပါသောမူဝါဒများနှင့် နိုင်ငံတကာနှင့်သက်ဆိုင်သည့် မူဝါဒများကို သမ္မတဖြစ်ပြီး နာရီပိုင်းအတွင်း လက်မှတ်ရေးထိုးခြင်းမှာ သမ္မတသစ်တစ်ဦးအတွက် စိန်ခေါ်ချက် ကြီးမားလှသည်။ နိုင်ငံရေးသမားတစ်ဦးအနေဖြင့် သမ္မတမဖြစ်မီကတည်းက ပြုပြင်ပြောင်းလဲရေးအတွက် အိပ်မက်ကြီးစွာရှိခဲ့ပြီး ကြိုတင်ပြင်ဆင်မှု၊ သက်ရောက်မှုများအား ကြိုတင်တွက်ချက်မှု […]

မည်သူမှသည် မည်သို့ ဆီသို့

diz_admin

January 18, 2021

ရွေးကောက်ပွဲအပြီး အစိုးရ အဖွဲ့အသစ် ဖွဲ့စည်းတော့မည်ဖြစ်ရာ လူစာရင်း အသစ်များအကြောင်း ငြင်းခုံ စိတ်ကူးကြတော့မည်ဖြစ်သည်။ အမျိုးမျိုးသော စကားဝိုင်းများတွင် ငြင်းခုံဆွေးနွေးလေ့ရှိသည်မှာ “မည်သူ”(Who) က မည်သည့် နိုင်ငံရေး ရာထူးနေရာ ရသင့်သည်ဟူ၍သာ အလေးပေး ကြပါသည်။ သို့သော် မည်သူဆိုသည်ထက် ပိုသည့် အရေးကြီးသော “မည်သည့်” (What) အရေးကိစ္စများကို ဦးစားပေးထား၍ “မည်သို့” (How) အကောင် အထည် ဖော်သင့်သည်ဆိုသည့် ကိစ္စမှာ နောက်ရောက်သွားလေ့ရှိသည်။ အများအားဖြင့် လုံးလုံးထည့်သွင်း မစဉ်းစား သလောက်ဖြစ်သည်။ တနင်္သာရီတိုင်းအပါအဝင် မြန်မာနိုင်ငံသည် ဖြေရှင်းစရာ ကိစ္စများပြား လွန်းလှသည် ဖြစ်ရာ မည်သူ ဖြေရှင်းသည်ဆိုမှာ အရေးပါသည်မှန်သော်လည်း မည်သည့် ကိစ္စများကို ဦးစားပေး၍ မည်သို့ ဖြေရှင်းကိုင်တွယ်သင့်သည်ဆိုသည်မှာ သာ၍ အရေးကြီးပါသည်။ ဒီမိုကရေစီဆိုသည်မှာ […]