BREAKING
July 27, 2024
EN MM

ထားဝယ်

လောင်းလုံး ကျောက်နီမော်ရွာတွင် စစ်ကောင်စီတပ်သားနှစ်ဦးပစ်ခတ်ခံရ

Dawei Watch

July 26, 2024

လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ရွာတွင် ယနေ့ ဇူလိုင်လ ၂၆ ရက် နံနက်ပိုင်းက စစ်ကောင်စီတပ်သား နှစ်ဦးပစ်ခတ်ခံရကြောင်း ဒေသခံများကပြောသည်။ ကျောက်နီမော် ဘုရားတောင် စစ်ကောင်စီ ယာယီတပ်စခန်းက စစ်ကောင်စီတပ်သား နှစ်ဦး ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “ရွာထဲ ဈေးဝယ်ဆင်းလာတယ်ထင်တယ်။ အထက်ကွက်သစ် (တိုးချဲ့ရပ်ကွက်) ဘက်မှာ ပစ်ခံရတယ်လို့ပြောတယ်” ဟု ‌၎င်းက ပြောဆိုသည်။ ဒေသခံအခြားတစ်ဦးကမူ စစ်ကောင်စီတပ်သားနှစ်ဦးစလုံး သေဆုံးပြီး လက်နက်ခဲယမ်းများကိုလည်း ပစ်ခတ်သည့် အဖွဲ့က သိမ်းဆည်းသွားသည်ဟု ဆိုသည်။ မည်သည့်အဖွဲ့က ပစ်ခတ်ခဲ့သည်ကို မသိရသေးသလို စစ်ကောင်စီတပ်များ သေဆုံးသည်ဆိုသည့် ပြောဆိုချက်မှုအပေါ်လည်း Dawei Watch က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ စစ်ကောင်စီတပ်သားနှစ်ဦး ပစ်ခတ်ခံရပြီးနောက် ဘုရားတောင် စစ်ကောင်စီယာယီစခန်းက ကျောက်နီမော်ရွာထဲသို့ လက်နက်ကြီးဖြင့် နှစ်ချက်ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက […]

ကံပေါက်ဈေးအနီးရှိ ဈေးဆိုင်နှင့် နေအိမ်များဖောက်ထွင်းခိုးယူခံရ

Dawei Watch

July 26, 2024

ရေဖြူမြို့နယ်၊ ကံပေါက်ရွာ စည်ပင်သာယာဈေးအနီးရှိ လူနေအိမ်နှင့် ဈေးဆိုင်များ ဇူလိုင်လ တတိယအပတ်တွင် ဖောက်ထွင်း ခိုးယူခံရကြောင်း ခိုးခံယူရသည့် နေအိမ်၊ စျေးဆိုင်ပိုင်ရှင်များနှင့် နီးစပ်သူများထံမှ သိရသည်။ ဇူလိုင်လ တတိတယအပတ်က ကံပေါက်ဈေးအရှေ့ ရှိ ဆောက်လက်စ နေအိမ်တစ်လုံးတွင် လုပ်ငန်းခွင်သုံး ဆောက်လုပ်ရေးပစ္စည်းများ ပျောက်ဆုံးသွားကြောင်း အိမ်ရှင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။ ပစ္စည်းပျောက်သဖြင့် ရဲစခန်းသို့ အကြောင်းကြားခဲ့ပြီး အဟောင်းပစ္စည်းဆိုင်များမှတစ်ဆင့် လိုက်လံစုံစမ်းရာ ခိုးယူခံရ သည့် ပစ္စည်းများကို လာရောက်ရောင်းချသည့် အသက် ၃ဝ ဝန်းကျင်အရွယ် ကံပေါက်ဒေသခံ အမျိုးသားတစ်ဦးကို ဇူလိုင်လ ၂၅ ရက်တွင် ဖမ်းမိကြောင်း ၎င်းက ဆိုသည်။ “ပျောက်တဲ့ အထဲမှာ ကြွေပြားဖြတ်ခုံ၊ ဘိလပ်မြေလွန်စက်၊ မီးကြိုးခွေနဲ့ အခြားပန်းရံ၊ ဂဟေပစ္စည်းတွေ ပါတယ်။ အဟောင်းဆိုင်ကနေ […]

ထားဝယ်ခရိုင်တွင် မိုးကြီးပြီး ရေလျှံ၊ သစ်ပင်များလည်းကျိုးကျ

Dawei Watch

July 25, 2024

ထားဝယ်မြို့ပေါ် ရပ်ကွက်အချို့နှင့် ခရိုင်အတွင်း မြို့ရွာအချို့တွင် မိုးအဆက်မပြတ်ရွာသွန်းမှု၊‌ လေပြင်းတိုက်ခတ်မှု တို့ကြောင့် ဇူလိုင်လ ၂၅ ရက်တွင် မိုးကြီးရေလျှံခြင်း သစ်ပင်ကျိုးခြင်းတို့ ဖြစ်ပွားနေကြောင်း မြို့ခံများနှင့် ဒေသခံများထံမှ သိရသည်။ ထားဝယ်မြို့ ရှမ္မလည်ဆွဲရပ်၊ ဆေးရုံလမ်းနှင့် ကျောက်မော်ရပ်၊ မြိတ်လမ်းတို့တွင် လမ်းမပေါ်ရေကျော်နေပြီး နှစ်စဉ် ရေလျှံလေ့ရှိသည့် မြို့သစ်ရပ်ကွက်တွင်လည်း အချို့နေရာများတွင် ရေဝင်နေပြီဖြစ်ကြောင်း ယင်းရပ်ကွက်များအတွင်း နေထိုင်သူများက ပြောသည်။ “ဆေးရုံလမ်းက ပေါင်ရင်းလောက်အထိ ရေတက်နေပြီ။ ရေထဲဖြတ်မောင်းထဲ ကားနှစ်စီးတောင် စက်ရပ်သွားလို့ ရပ်ထားရတယ်” ဟု ဆေးရုံလမ်းတွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးက ပြောဆိုသည်။ ဆေးရုံတံတားလမ်းမှ လောကမာရဇိန်ဘုရားကြီးအရှေ့က ဘုရားကြီးတိုက်ကျောင်းဝင်းအထိ ရေဝင်နေသဖြင့် သံဃာများ အတွက် ကယ်ဆယ်ရေးလှေတစ်စင်း ပေးထားရကြောင်း ဇမ္ဗူသီရိအရေးပေါ်လူနာကူညီကယ်ဆယ်ရေးအဖွဲ့ ဥက္ကဋ္ဌ ကိုနိုင်မျိုးသွင်က ဆိုသည်။ သရက်ချောင်းမြို့နယ်ဘက်မှ […]

ရေဖြူမြို့တွင် စစ်ကောင်စီတပ်သားများလိုက်ပါသည့်ကားပစ်ခတ်ခံရ၊ အနီးရှိ အရပ်သားတစ်ဦးသေဆုံးပြီး ရဟန်းတစ်ပါးပျံလွန်

Dawei Watch

July 24, 2024

ရေဖြူမြို့ ၊ (ဂ) ရပ်ကွက်တွင် ဇူလိုင် ၂၂ရက် ညနေပိုင်းက စစ်ကောင်စီတပ်သားများ လိုက်ပါလာသည့် ကားတစ်စီး ပစ်ခတ် ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးသလို အနီးဝန်းကျင်ရှိ အရပ်သားတစ်ဦးသေဆုံးကာ ရဟန်းတစ်ပါး ပျံလွန်တော်မူကြောင်း မြို့ခံများထံမှ သိရသည်။ ရေဖြူမြို့ အထက ကျောင်းတွင် တက်ရောက်ပညာသင်ကြားနေသည့် ရေဖြူတပ်နယ် စစ်ကောင်စီတပ်ရင်းများက ကျောင်းသားများကို ကျောင်းဆင်းချိန် လာကြိုသည့်ကားဖြစ်ကြောင်း မြို့ခံတို့ထံမှ သိရသည်။ “စစ်တပ်ထဲက ကျောင်းလာကြိုတဲ့ကား အပစ်ခံရတာပါ။ ကလေးတွေ မပါသေးဘူး။ ကြိုဖို့ အသွားပဲရှိသေးတယ်။ စစ်သား လေးယောက်သေတယ်” ဟု ရေဖြူမြို့က လူမှုကူညီရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။ ပစ်ခတ်မှုကို ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နှင့် ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် DNLA တပ်ခွဲ (၁) တို့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါတပ်ဖွဲ့တို့က ထုတ်ပြန်ထားသည်။ […]

လောင်းလုံးတွင် စစ်ကြောင်းထိုးစဉ် ဖမ်းဆီးခံရသည့်ဒေသခံ ၃၀ နီးပါးပြန်လွတ်

Dawei Watch

July 24, 2024

လောင်းလုံးမြို့ အောက်ဘက်ရှိ ကျေးရွာများကို စစ်ကြောင်းထိုးစဉ် ဖမ်းဆီးခံထားရသည့် ဒေသခံများ ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ အင်အား ၁၀၀ ခန့်ရှိသည့် စစ်ကောင်စီတပ်သည် ဇူလိုင်လ ၁၉ ရက်မှ ယနေ့ ၂၄ ရက်အထိ လောင်းလုံးမြို့မှ ကဒက်ကြီး ရွာအထိ စစ်ကြောင်းထိုးခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီတပ်က ၆ ရက်ကြာ စစ်ကြောင်းထိုးစဉ် ဒေသခံပြည်သူ သုံးဆယ်နီးပါး ဖမ်းဆီးခံခဲ့ရပြီး ယနေ့ စစ်ကြောင်း ပြန်ဆုတ်သွားချိန်တွင် ပြန်လွှတ်ပေးခဲ့ကြောင်း ဒေသခံများက ပြောသည်။ “အားလုံးလွတ်ပြီ။ ဒီမနက် ဖမ်းထားတဲ့သူတွေလည်း အခု ၁၁ နာရီလောက်မှာ ပြန်လွတ်လာတယ်။ ညကလည်း တချို့ လွတ်ပေးလိုက်တယ်” ဟုဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။ အဆိုပါစစ်ကောင်စီစစ်ကြောင်းသည် ပြန်ဆုတ်လာစဉ် ဇူလိုင် ၂၃ရက်တွင် လောင်းလုံးမြို့နှင့်ကပ်လျပ် ညင်းမော်ရွာသို့ ရောက်ရှိလာပြီး […]

ရေဖြူတွင် ခွေးရူးပြန်ရောဂါကြောင့် ကလေးငယ်တစ်ဦးနှင့်အမျိုးသမီးတစ်ဦးသေဆုံး

Dawei Watch

July 23, 2024

ရေဖြူမြို့နယ်တွင် ဇူလိုင်လ ၁၂ ရက်နှင့် ၂၂ ရက်တို့တွင် ခွေးရူးပြန်ရောဂါဖြင့် ကလေးငယ်တစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံးကြောင်း ကျန်းမာရေးဝန်ထမ်းများ၊ သေဆုံးသည့်ကာယကံရှင်မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။ ဇူလိုင်လ ၂၂ ရက် နံနက်ပိုင်းက ထားဝယ်ဆေးရုံကြီးတွင် ခွေးရူးပြန်ရောဂါကြောင့် ဆေးကုသမှုခံနေရသည့် ကလိန်အောင် မြို့က အသက် ၄၀ ကျော်အမျိုးသမီးသေဆုံးခဲ့ကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ ယင်းအမျိုးသမီးသည် ပြီးခဲ့သည့် မေလခန့်က ၎င်း၏အိမ်ရှိကြောင် ခွေးကိုက်ခံရသည့်အနာကို ဆေးထည့်ပေးစဉ် ကြောင်က ၎င်းအား ပြန်ကိုက်ခဲ့ပြီး ကာကွယ်ဆေးမထိုးဘဲ နေခဲ့ရာမှ တစ်လအကြာတွင် ခွေးရူးပြန်ရောဂါလက္ခဏာများ ပြလာခြင်း ဖြစ်ကြောင်း မိသားစုနှင့် နီးစပ်သူက ဆိုသည်။ “သူနေရာမှာ ကိုယ်ဆိုလည်း ကြောင်ကတစ်ဆင့်ဖြစ်တာဆိုတော့ ဆေးထိုးဖို့ သတိထားမိမှာ မဟုတ်ဘူး။ အခုက ရောဂါ […]