ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

ထားဝယ်အထူးစီးပွားရေးဇုန်အတွင်း တိုက်ပွဲနှစ်ရက်ဆက်ဖြစ်

Dawei Watch

August 22, 2026

ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွားရေးဇုန်အတွင်း ဩဂုတ်လ ၂၁ ရက်နေ့ကစပြီး ယနေ့နံနက်ပိုင်းအထိ စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ကြား တိုက်ပွဲနှစ်ရက်ဆက်တိုက် ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ရေဖြူမြို့ဘက်မှ ထားဝယ်အထူးစီးပွားရေးဇုန်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ ဩဂုတ်လ ၂၁ ရက်နေ့ နံနက် ၁၁ နာရီအချိန်ခန့်တွင် နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ “ကျွန်မတို့က ပြန်ရောက်လာတာ သုံးရက်လောက်ပဲ ရှိသေးတယ်။ တိုက်ပွဲဖြစ်မှန်းမသိဘူး၊ ထမင်းချက်နေတာ။ ဝက်ချောင်းဘက်ကလူတွေ ထွက်ပြေးလာမှ တိုက်ပွဲဖြစ်နေမှန်း သိရတာ” ဟု ယင်းဒေသခံအမျိုးသမီးက ပြောသည်။ တိုက်ပွဲဖြစ်ပြီးနောက် တော်လှန်ရေးပူးပေါင်းတပ်များ ပြန်ဆုတ်ချိန်တွင် စစ်အာဏာရှင်တပ်မှာ ရှေ့ဆက်တိုးမလာဘဲ ဝက်ချောင်းကျေးရွာတွင် ဩဂုတ်လ ၂၁ ရက်နေ့ညက ညအိပ်တပ်စွဲခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။ ဝက်ချောင်းကျေးရွာ၌ တပ်စွဲထားသည့် စစ်အာဏာရှင်တပ်အား […]

သရက်ချောင်းမြို့နယ် ကင်းရှေ့နှင့် မိုးရွှေကုန်းရွာကြားတွင် ပစ်ခတ်မှုဖြစ်

Dawei Watch

August 21, 2026

သရက်ချောင်းမြို့နယ်၊ ကင်းရှေ့ရွာနှင့် မိုးရွှေကုန်းရွာကြားတွင် စစ်အာဏာရှင်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ ယနေ့ (ဩဂုတ် ၂၁) မနက် ၆ နာရီခန့်တွင် နှစ်ဖက်ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်ဟု ဒေသခံအချို့နှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့က ပြောသည်။ “ပစ်ခတ်မှုကတော့ မိနစ် ၃၀ လောက်ပဲကြာတယ်၊ ဒေသခံရော ပြည်သူ့ကာကွယ်ရေးတပ်တွေရော ထိခိုက်မှုရှိတယ်လို့ မကြားရဘူး” ဟု တော်လှန်ရေးတပ်ဖွဲ့တစ်ခု၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ယနေ့နံနက်ပိုင်းတွင် လက်နက်ကြီး၊ လက်နက်ငယ် နှစ်ဖက်ပစ်ခတ်သံများ ကြားရပြီး နေ့လယ် ၁၁ နာရီခန့်တွင် ရောင်းမော်ရွာဘက်သို့ စစ်အာဏာရှင်တပ်ဖွဲ့အချို့ ပြန်လည်ဆုတ်ခွာသွားသည်ဟု ကင်းရှေ့ရွာမှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ “စော်ဖျားရွာဘက်မှာ ကျန်တဲ့အဖွဲ့တွေ ကျန်နေသေးတယ်၊ ရောင်းမော်ရွာဘက်ကိုတော့ ပြန်ဆုတ်တဲ့သူတွေလည်း ပြန်ဆုတ်သွားကြပြီ မနက်က ပစ်ခတ်မှုမှာ ရွာသားတွေထိခိုက်မှုရှိတယ်လို့ မကြားရဘူး” ဟု အထက်ပါ ဒေသခံက […]

သရက်ချောင်းတွင် ဥယျာဉ်ခြံနှင့် တောတောင်ထဲ စစ်ရှောင်နေသူများ စားရေးနေရေးအခက်ကြုံ

Dawei Watch

August 20, 2026

သရက်ချောင်းမြို့နယ်တွင် စစ်အာဏာရှင်တပ် စစ်ကြောင်းထိုးနေသဖြင့် ဥယျာဉ်ခြံနှင့် တောတောင်ထဲ စစ်ဘေးရှောင် နေရသူများ စားရေး၊ နေရေး အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း ဒေသခံအချို့က ပြောသည်။ ဩဂုတ်လ ၁၀ ရက်ကစပြီး ကင်းရှေ့၊ စော်ဖျား၊ မိုးရွှေကုန်း၊ ဆေးဖြတ်ကုန်း၊ ကျောက်လှေကား၊ ထီးဝ၊ အင်းမ၊ ကဒတ်ချောင်းတို့ကို စစ်ကြောင်းထိုးနေသဖြင့် ကျေးရွာ ၁၀ ကျော်က ဒေသခံများ အိုးအိမ်စွန့်ခွာထွက်ပြေးနေရသည်။ ဒေသခံအချို့မှာ ထားဝယ်မြို့ပေါ်နှင့် ရှင်မုတ္ထီး၊ ညောင်ဇင် စသည့် ကျေးရွာအချို့ကို တိမ်းရှောင်နေကြသူများလည်ရှိပြီး အများအပြားမှာ ဥယျာဉ်ခြံနှင့် တောတောင်ထဲ တိမ်းရှောင်နေရကြောင်း ဒေသခံများထံမှသိရသည်။ ဥယျာဉ်ခြံနှင့် တောတောင်ထဲ တိမ်းရှောင်နေရသူများမှာ ရက်ကြာလာချိန်တွင် နေထိုင်ရေး၊ စားသောက်ရေး အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း ကင်းရှေ့ရွာမှ အမျိုးသမီးတစ်ဦးက ဆိုသည်။ “စစ်ကြောင်းက သုံးလေးကြောင်းဆိုတော့ […]

ထားဝယ်အထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံသူများကို အကာအကွယ်ပေးထားဟု တိုင်းစစ်ဝန်ကြီးချုပ်ဆို

Dawei Watch

August 20, 2026

ထားဝယ်အထူးစီးပွားရေးဇုန်တွင် လာရောက်ရင်းနှီးမြှုပ်နှံမည့်သူများကို ခိုင်မာသည့် ရင်းနှီးမြှုပ်နှံမှုဥပဒေများ၊ အထူးစီးပွားရေးဇုန် (SEZ) ဥပဒေများနှင့် အကာအကွယ်ပေးထားကြောင်း တနင်္သာရီတိုင်းစစ်အစိုးရ ဝန်ကြီးချုပ် ဦးဇော်နိုင်ဦးက ပြောဆိုသည်။ ရုရှားနိုင်ငံ မော်စကိုမြို့ G.V. Plekhanov စီးပွားရေးတက္ကသိုလ်တွင် ယနေ့ ဩဂုတ်လ ၂၀ ရက်တွင် ပြုလုပ်သော မြန်မာ-ရုရှား နှစ်နိုင်ငံစီးပွားရေးဖိုရမ်တွင် ထိုကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။ ထားဝယ်အထူးစီးပွားရေးဇုန်ရှိ ရေနက်ဆိပ်ကမ်းစီမံကိန်းအား ရုရှားနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ပြီး ကမ္ဘာ့ကုန်သွယ်ရေကြောင်းလမ်းတစ်ခုကို ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းဖြစ်လာပါက ဆောင်ရွက်ဆဲ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် လေးနိုင်ငံကို ကုန်လမ်းဖြင့် ချိတ်ဆက်ထားသော Southern Economic Corridor လမ်းမကြီးမှတစ်ဆင့် ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ကို တိုက်ရိုက်ချိတ်ဆက်နိုင်ကြောင်းနှင့် အိန္ဒိယသမုဒ္ဒရာနှင့် ပစိဖိတ်သမုဒ္ဒရာတို့ကို ၂၄ နာရီအတွင်း ဖြတ်သန်းသွားလာနိုင်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ […]

ထားဝယ်မြစ်၀တွင် စပိဘုတ်တစ်စီး ရေဝင်ပြီး အရေးပေါ်ကမ်းကပ်၊ ကမ်းအနီးနစ်မြုပ်

Dawei Watch

August 20, 2026

ထားဝယ်မြစ်၀တွင် ခရီးသည်တင် စပိဘုတ်အမြန်ရေယာဉ်တစ်စီးသည် ရေဝင်သဖြင့် အရေးပေါ် ကမ်းကပ်ခဲ့ပြီး ကမ်းအနီးနစ်မြုပ်ကြောင်း အမြန်ရေယာဉ်လုပ်ငန်းလုပ်ကိုင်သူအသိုင်းဝိုင်းထံမှ သိရသည်။ Tri Star Speed Boart –SMG ခရီးသွားလုပ်ငန်းက Tri Star 3 စပိဘုတ် အမြန်ရေယာဉ်ငယ်တစ်စီးသည် ဇူလိုင်လ ၁၉ ရက် နံနက်က ခရီးသည်အမျိုးသား ၁၄ဦး၊ အမျိုးသမီး ၅ ဦး မြိတ်မြို့မှ ထားဝယ်မြို့သို့ထွက်ခွာ လာကြောင်း အမြန်ရေယာဉ်လုပ်ငန်းနှင့် နီးစပ်သူအမျိုးသားတစ်ဦးက ပြောသည်။ နေ့လယ် ၁၂နာရီဝန်းကျင်တွင် လောင်းလုံးမြိုနယ် ကျောက်နီမော်ကျေးရွာ၏ အရှေ့ တောင်ဘက် ပင်လယ်ပြင်တွင် ရေဝင်၍ အရေးပေါ်ကမ်းကပ် ခဲ့ရကြောင်း ၎င်းက ဆိုသည်။ “ထားဝယ် ရောက်ခါနီးနေပြီ။ သန့်စင်ခန်းပိုက်ကနေ ရေဝင်တယ်ပြောတယ်။ လှေက လေးလာလို့ သတိထားမိမှ နီးတဲ့ကမ်းကို […]

ထားဝယ်မြို့တွင် ဆိုင်ကယ် နှစ်ရက်ဆက် အခိုးခံရ

Dawei Watch

August 19, 2026

ထားဝယ်မြို့၊ မြို့ပေါ်ရပ်ကွက် နှစ်ခု၌ သြဂုတ်လ ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် ဆိုင်ကယ်ခိုးယူခံရမှု နှစ်ခုဖြစ်ကြောင်း ဆိုင်ကယ် ခိုးယူခံရသည့် ကာယကံရှင်များနှင့် နီးစပ်သည့် မြို့ခံများထံမှ သိရသည်။ ညောင်ရမ်းတောင်ရပ်ကွက် ၊ မျှော်အင်းလမ်းရှိ နေအိမ်တစ်ဆောင် ရှေ့တွင် ရပ်ထားသည့် Wave I အမျိုးအစား ဆိုင်ကယ်တစ်စီး သြဂုတ်လ ၁၈ ရက် ညနေပိုင်းက ခိုးယူခံခဲ့ရကြောင်း ၎င်းတို့က ပြောသည်။ အလားတူ မြို့သစ် ရပ်ကွက် ၊ (၈)လမ်း နေအိမ်ခြံဝင်းတစ်ခုတွင် ရပ်ထားသည့် ကလစ်အမျိုးအစား ဆိုင်ကယ်တစ်စီး လည်း ယနေ့ သြဂုတ်လ ၁၉ ရက် နံနက်ပိုင်းတွင် ခိုးယူခံခဲ့ရကြောင်း မြို့ခံများက ပြောဆိုသည်။ ဆိုင်ကယ် ခိုးယူသွားသူများကို ဖမ်းမိခြင်း မရှိသေးသလို […]