မြိတ်-ထားဝယ်လမ်း ကားများပြန်ပြေးဆွဲ
Dawei Watch
September 4, 2026သရက်ချောင်းမြို့နယ်တောင်ပိုင်းကို စစ်ကြောင်းထိုးနေသည့် စစ်အာဏာရှင်တပ် ပြန်ဆုတ်သွားသဖြင့် မြိတ်-ထားဝယ်လမ်း တွင် ကားများ ပြန်လည်ပြေးဆွဲနေကြကြောင်း ဒေသခံများနှင့် ယာဉ်လိုင်းလုပ်ငန်း လုပ်ကိုင်သူများက ပြောသည်။ သရက်ချောင်းမြို့အထွက် ဆင်ကူးကျေးရွာမှာ စစ်အာဏာရှင်တပ်တပ်စွဲထားသည့် ဝင်းဝင်ရွာအထိ စစ်ကြောင်းထိုးခဲ့သည့် စစ်အာဏာရှင်တပ်သည် သရက်ချောင်းမြို့သို့ ပြန်ဆုတ်သွားပြီဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ စက်တင်ဘာလ ၃ ရက် ညပိုင်းတွင် ကားများ ပြန်လည်ပြေးဆွဲကြကြောင်း ကားလိုင်း လုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောဆိုသည်။ “မနေ့ညနေ မိုးချုပ်ခါစလောက်မှာ ကားတွေအလုအယက်ပဲ တက်လာနေကြတယ်။ ဂိတ်ကလည်း ပိတ်ခါနီးနေပြီ၊ မှောင်ရီပျိုးစလောက်မှာ ကားတွေတစ်စီးပြီး တစ်စီးတက်လာနေတာတွေ့တယ်။ ဒီနေ့လည်း လမ်းခရီး အခြေအနေ ကောင်းတယ်” ဟု ၎င်းက ပြောသည်။ စစ်အာဏာရှင်တပ် စစ်ကြောင်းသည် သရက်ချောင်းမြို့မှ မြိတ်-ထားဝယ်ကားလမ်းပေါ်ရှိ ဝင်းဝစခန်းသို့ ဩဂုတ်လ ၂၆ ရက်မှ […]


