ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

သရက်ချောင်းတွင် စစ်အာဏာရှင်တပ်က ဒေသခံများကို ဆက်တိုက်ဖမ်းဆီးနေ

Dawei Watch

August 27, 2026

သရက်ချောင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်အာဏာရှင်တပ်က ဒေသခံများကို ဆက်တိုက်ဖမ်းဆီးစစ်ဆေးနေကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံများထံမှ သိရသည်။ သရက်ချောင်းမြို့နယ် မြောက်ဘက်ခြမ်း တစ်ကြောကို စစ်ကြောင်းထိုးခဲ့သည့် စစ်အာဏာရှင်တပ်က ဩဂုတ်လ ၂၂ ရက်တွင် ညောင်ဇင်၊ ရန်တောင်၊ သင်းကျွန်း၊ သရက်နှစ်ခွ၊ ဥတ္တူ စသည့် ကျေးရွာများဘက်သို့ စစ်ကြောင်းထိုးလာပြီး ဥတ္တူရွာမှ ဒေသခံအချို့ကို ဖမ်းဆီးခဲ့ပြီးနောက် ညနေပိုင်းတွင် ပြန်လည်လွှတ်ပေးခဲ့သည်။ ထို့နောက် ဩဂုတ်လ ၂၆ ရက်တွင်လည်း ဥတ္တူရွာမှ ဒေသခံများကို ထပ်မံဖမ်းဆီးကာ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ “မနေ့ညက စစ်ကြောင်းပြန်ထွက်ချိန် အကုန်လုံးကိုပြန်လွှတ်ပေးခဲ့တယ်လို့ပြောတယ်၊ ည ၉ နာရီလောက်မှာပြန်ထွက်သွားတယ်” ဟု ၎င်းက ပြောသည်။ ဩဂုတ်လ ၂၄ ရက်ခန့်ကလည်း စစ်အာဏာရှင်တပ် စစ်ကြောင်း ဥတ္တူရွာဘက်သို့ ဝင်ရောက်လာစဉ် […]

ထားဝယ်မြို့တွင် မိုးသည်းလေထန်ပြီး သစ်ပင်များကျိုးကျ

Dawei Watch

August 26, 2026

ထားဝယ်မြို့ ဆန်းချီရပ်ကွက်တွင် ယနေ့ ဩဂုတ်လ ၂၆ ရက် ညနေပိုင်း၌ မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လမ်းမပေါ်သို့ သစ်ပင်များကျိုးကျခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။ ထားဝယ်မြို့ ဆန်းချီရပ်ကွက်၊ ဆန်းချီဈေးအနီးရှိ နေအိမ်ခြံဝင်းတစ်ခုမှ သစ်ပင်တစ်ပင် လေပြင်းကြောင့် အနီးရှိ ဓာတ်တိုင်ပေါ်လဲကျသွားကြောင်း ယင်းဓာတ်တိုင်မှာ လမ်းပေါ်ရှိ သုံးဘီးယာဉ် (အိုးဝေ) တစ်စီး ပေါ်ပိသွားကြောင်း မြို့ခံများက ပြောသည်။ ထို့အပြင် ဓာတ်တိုင်လဲကျသည့်နေရာနှင့် ဓာတ်တိုင် နှစ်တိုင်အကွာတွင်လည်း ကားတစ်စီးပေါ်သို့ သရက်ကိုင်း ကျိုးကျခဲ့ကြောင်း မြို့ခံတစ်ဦးက ဆိုသည်။ ယင်းဖြစ်စဉ်ကြောင့် လူထိခိုက်မှု မရှိသော်လည်း လျှပ်စစ်မီးကြိုးများနှင့် ဓာတ်တိုင်အချို့ ပျက်စီးကာ လမ်းပိတ်ဆို့ခဲ့သည်။ အလားတူ ယနေ့ညနေပိုင်းတွင် ထားဝယ်မြို့ပေါ်ရှိ သူနာပြုသင်တန်းကျောင်းလမ်း၊ မြို့မရွှေဘုံသာ ဘုန်းကြီးကျောင်းဝင်းနှင့် သတ္တုရုံးဝင်းတို့တွင်လည်း သစ်ပင်များလဲကျခဲ့ကြောင်း သိရသည်။ […]

သရက်ချောင်းတွင် စစ်အာဏာရှင်တပ် အရပ်သားများကို လူသားဒိုင်းလုပ်ပြီး ညှင်းပန်းကြောင်း KNU ထုတ်ပြန်

Dawei Watch

August 26, 2026

သရက်ချောင်းမြို့နယ် မြောက်ပိုင်းကို စစ်ကြောင်းထိုးသည့် စစ်အာဏာရှင်တပ်သည် အရပ်သားများကို ဖမ်းဆီးကာ လူသားဒိုင်းအဖြစ် အသုံးပြုပြီး ရိုက်နှက်ညှင်းပန်းခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ(၄) မြိတ်-ထားဝယ်ခရိုင်က ဩဂုတ်လ ၂၆ ရက်တွင် သတင်းထုတ်ပြန်လာသည်။ စစ်ကြောင်းသည် ဩဂုတ်လ ၁၀ ရက်မှ ၂၀ ရက်အထိ ရှင်မုတ္ထီး၊ ရောင်းမော်ရွာမှတစ်ဆင့် ဆေးဖြတ်ကုန်း၊ ကင်းရှေ့၊ မိုးရွှေကုန်း၊ စော်ဖျား၊ ကျောက်လှေကား၊ ကထီးဝ၊ ပဒတ်ချောင်း၊ လောင်းမင်းဘ၊ အင်းပြားစသည့် ကျေးရွာများကို စစ်ကြောင်းထိုးခဲ့သည်။ အရပ်သားပြည်သူ ၁၀ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး လမ်းပြအဖြစ် စေခိုင်းခြင်း၊ ထမင်းချက်ခိုင်းခြင်း၊ ခိုင်းစေသည့်အတိုင်း စိတ်ကျေနပ်မှုရှိအောင် လုပ်ဆောင်နိုင်ခြင်းမရှိပါက ရိုက်နှက်ညှင်းပန်းမှုများကို ကျူးလွန်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ စစ်အာဏာရှင်တပ် စစ်ကြောင်းသည် အရပ်သားပြည်သူများကို ရန်သူသဖွယ်ပစ်မှတ်ထားတိုက်ခိုက်ခြင်းများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများအား […]

ကံပေါက်တွင် ဒယ်လ်ကိုကုမ္ပဏီ သတ္တုလုပ်ငန်းတိုးချဲ့မှု KBDF သတိပေး

Dawei Watch

August 25, 2026

ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာတွင် ဒယ်လ်ကို (Delco) ကုမ္ပဏီက သတ္တုတူးဖော်သည့် လုပ်ငန်းများကို တိုးချဲ့နေမှုအပေါ် ကံပေါက်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KBDF) ၊ အမှတ် ၈၀၀၂ တပ်ရင်းက သြဂုတ်လ ၂၄ ရက်တွင် သတိပေးစာ ထုတ်ပြန်လိုက်သည်။ လုပ်ငန်းတိုးချဲ့နေမှုကြောင့် ဒေသခံများ၏ အသက်အိုးအိမ်နှင့် ကျန်းမာရေး ထိခိုက်စေခြင်း၊ ရှေးဟောင်းအမွေအနှစ်များနှင့် သဘာဝအလှတရားများ ပျက်စီးစေခြင်း စသည့် လုပ်ရပ်များကို ရပ်တန့်ရန် ယင်းသတိပေးစာတွင် ဖော်ပြသည်။ မလိုက်နာလျှင် နောက်ဆက်တွဲအကျိုးဆက်ကို ကုမ္ပဏီဘက်က တာဝန်ယူရမည်ဖြစ်ကြောင်း KBDF က ဆိုသည်။ ဒယ်လ်ကိုကုမ္ပဏီ၏ တာဝန်ရှိသူများထံ တယ်လီဖုန်းဖြင့် ဆက်သွယ်ရန် ဦးစွာကြိုးပမ်းခဲ့သော်လည်း လက်ခံဖြေရှင်းခြင်း မရှိသဖြင့် သတိပေးစာထုတ်ရခြင်းဖြစ်ကြောင်း KBDF တပ်ရင်းမှူး ရဲဘော်အောင်ပန်းက ပြောသည်။ “ဒီကုမ္ပဏီနဲ့ ပတ်သက်ပြီး အရေးယူဆောင်ရွက်မှုက […]

ရေဖြူတွင် နှစ်ရက်ဆက်တိုက်ခိုက်ခံရသည့် စစ်ကြောင်းပြန်ဆုတ်

Dawei Watch

August 25, 2026

ထားဝယ်ရေနက်ဆိပ်ကမ်းယာယီတပ်စခန်းမှာ စစ်အင်အားရာချီရှိနေတာကြောင့် အချိန်မရွေး စစ်ကြောင်းပြန်ထိုးလာနိုင်တယ်လို့ ဆိုပါတယ်။

ရေဖြူ၊ အုန်းပင်ကွင်းကျေးရွာအုပ်စုတွင် သတ္တုပြန်တူးနေ၍ ဒေသခံများ အခက်ကြုံ

Dawei Watch

August 24, 2026

“စီအို(စစ်အာဏာရှင်တပ်၏ မောရဝတီရေတပ်မှ အရာရှိ) ပယရွာဂိတ် ပြန်ရောက်တာနဲ့ မိုင်းတွေ ပြန်လုပ်ခွင့်ရသွားတာပဲ”

ထားဝယ်ဈေးကွက်သို့ ရေထွက်ကုန်အဝင်နည်းပြီး ဈေးတက်

Dawei Watch

August 23, 2026

မြန်မာပင်လယ်ပြင်တွင် ဩဂုတ်လ တတိယပတ်မှစ၍ လေကြမ်းပြီး လှိုင်းကြီးကာ ရာသီဥတုဆိုးရွားနေခြင်းကြောင့် ဈေးကွက်သို့ ငါးပုစွန် ဝင်ရောက်မှုနည်းပါးကာ ဈေးတက်လျက်ရှိကြောင်း ထားဝယ်မြို့ရှိ ရေထွက်ကုန်ဈေးကွက်မှ သိရသည်။ ဩဂုတ်လ တတိယပတ်ကစပြီး ပင်လယ်ပြင်တွင် လေကြမ်း၍ လှိုင်းကြီးခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် ရေချိုရေစီးကြောင်းများ ဖြစ်ကာ ငါးပုစွန်များ ရေနက်ပိုင်းသို့ စားကျက်ပြောင်းသွားကြကြောင်း၊ ယင်းကြောင့် ထားဝယ်မြို့ရှိ အနီးရှိ ကမ်းနီးကမ်းဝေး ငါးဖမ်းလှေများ ငါးဖမ်းဆီးရရှိမှု နည်းပါးလာကြောင်း ထားဝယ်ခရိုင်အတွင်းရှိ ကမ်းနီးငါးဖမ်းလှေ လုပ်ငန်းလုပ်ကိုင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။ “အခုက ရာသီဥတုကြောင့် ငါးဖမ်းချိန်ထက် ကျွန်းတွေမှာ ခိုနေရတာက များနေတယ်။ ငါးကလည်း သိပ်မရဘူး၊ လုပ်သာလုပ်နေရတာ မကိုက်ဘူး” ဟု အထက်ပါ ငါးဖမ်းလှေပိုင်ရှင် အမျိုးသမီးက ပြောသည်။ ထို့ကြောင့် ထားဝယ်မြို့၏ ရေထွက်ကုန်ဈေးကွက်သို့ ဩဂုတ်လ […]

သရက်ချောင်း၊ ဥတ္တူရွာရှိ နေအိမ်တစ်လုံးကို စစ်အာဏာရှင်တပ် မီးရှို့

Dawei Watch

August 23, 2026

သရက်ချောင်းမြို့နယ်ကို စစ်ကြောင်းထိုးနေသည့် စစ်အာဏာရှင်တပ်သည် ဥတ္တူရွာက နေအိမ်တစ်လုံးကို ဩဂုတ်လ ၂၂ ရက် မနက်ပိုင်းတွင် မီးရှို့ခဲ့သည်ဟု ဒေသခံအချို့က ပြောသည်။ “နေ့လယ် ၁၁ နာရီလောက်မှာ ဝင်လာပြီး ညနေ ၃ နာရီလောက်မှာ ပြန်ထွက်သွားတယ်။ အိမ် တစ်လုံး မီးရှို့ခဲ့တယ်။ ဖမ်းထားတဲ့သူတွေကို ပြန်လွှတ်ပေးခဲ့တယ်လို့ ပြောတယ်။ ဘေးအိမ်ကလူတွေ မီးငြှိမ်းသတ်ပေးကြလို့ အိမ်က နည်းနည်းပဲ လောင်သွားတယ်” ဟု ဥတ္တူရွာက ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ စစ်အာဏာရှင်တပ် စစ်ကြောင်းထိုးနေသဖြင့် ဥတ္တူရွာက ဒေသခံအများစု ထွက်ပြေးတိမ်းရှောင်နေပြီး အချို့သာ ရွာထဲတွင် ဆက်လက်နေထိုင်နေကြသည်ဟု ဥတ္တူရွာက လူငယ်အမျိုးသားတစ်ဦးက ပြောသည်။ “ရွာထဲက အိမ်တွေ၊ လမ်းတွေကို ဓာတ်ပုံလိုက်ရိုက်ယူပြီး ပြန်ထွက်သွားတယ်လို့ ပြောတယ်။ အခုလက်ရှိ စစ်ကြောင်းက သရက်နှစ်ခွရွာမှာ […]