ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

PDF ဖမ်းထားသည့် ထားဝယ်မြို့နယ် အကောက်ခွန်အရာရှိ ပစ်ခတ်ခံရပြီး သေဆုံး

Dawei Watch

August 18, 2026

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တနင်္သာရီတိုင်းစစ်ဌာန၊ နည်းဗျူဟာ ၃၃ တွင် ဖမ်းဆီးစစ်ဆေးနေသည့် ထားဝယ်မြို့နယ် ၊ ဒုအကောက်ခွန်မှူး ဦးဖြိုးစံ ထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးရာ သေဆုံးကြောင်း နည်းဗျူဟာ ၃၃ က ယနေ့ သြဂုတ်လ ၁၈ ရက်တွင် ထုတ်ပြန်သည်။ သြဂုတ်လ ၁၇ ရက်တွင် ထွက်ပြေးစဥ် ပစ်ခတ်မှုဖြစ်ကာ သေဆုံးခဲ့ကြောင်း နည်းဗျူဟာ ၃၃ ၏ နည်းဗျူဟာမှူး ရဲဘော်စောဒါးကို က ပြောသည်။ ဦးဖြိုးစံ ကို ဖမ်းဆီးစစ်ဆေးနေသည့် နေရာသို့ စစ်အာဏာရှင်တပ် စစ်ကြောင်းထိုးလာသည်ကို အခွင့်ကောင်းယူ၍ ထွက်ပြေးခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၂၀ ရက်က ဦးဖြိုးစံ လောင်းလုံးမြို့နယ်၊ မောင်းမကန်ကမ်းခြေရွာသို့ ရောက်နေစဥ် နည်းဗျူဟာ ၃၃ ကွပ်ကဲမှုအောက်ရှိ […]

ထားဝယ် ရေဝိုင်းချောင်းရှိ သတ္တုလုပ်ကွက်များကို အပြီးပိတ်သိမ်းရန် DNLA ညွှန်ကြား

Dawei Watch

August 17, 2026

ထားဝယ်မြို့နယ် ရေဝိုင်းချောင်းရိုးတစ်လျှောက်ရှိ သတ္တုလုပ်ကွက်များကို အပြီးတိုင်ပိတ်သိမ်းရန် ညွှန်ကြားထားကြောင်း ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော်-DNLA ထံမှ သိရသည်။ ချောင်းရိုးတစ်လျှောက်နှင့် ဥယျာဉ်ခြံများအတွင်း ဘက်ဟိုးကဲ့သို့ စက်ယန္တရားကြီးများဖြင့် လုပ်ကိုင်နေသည့် သတ္တုလုပ်ကွက်များကို ဇူလိုင်လနှောင်းပိုင်းမှစကာ အပြီးရပ်နားခိုင်းလိုက်ကြောင်း ဓဝယ်အမျိုးသား လွတ်မြောက်ရေးတပ်တော် (DNLA) ၏ ဒူရကစစ်ကြောင်း စစ်ကြောင်းမှူး ကိုဖားကြီးက ဆိုသည်။ လုပ်ငန်းရှင်များက သတ္တုတူးဖော်ရန်အတွက် ရေချောင်းများ အပါအဝင် ဥယျာဉ်ခြံမြေများကို ဈေးကြီးပေးဝယ်ယူကြသည့်အပြင် ဒေသပါပျက်စီးလာသည့်အတွက် ယင်းကဲ့သို့ပိတ်ပင်လိုက်ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။ “ဒီအတိုင်းသာ ဆက်လွှတ်ထားရင် ရွာတွေပါမကျန် ဖြစ်လာမယ်။ စီးပွားရေးသမားတွေ လုပ်လာတာက ရွာပါ ပြောင်မယ့်ကိန်းရှိတယ်။ အဲဒါကြောင့် အပြီးရပ်နားခိုင်းတာ”ဟု စစ်ကြောင်းမှူး ကိုဖားကြီးက ဆိုသည်။ ရေဝိုင်းချောင်းရိုးတစ်လျှောက်ရှိ ဟာမြင်းကြီး၊ ပိန္နဲချောင်း၊ မြင်းမတပ်၊ ရေဝိုင်းစသည့်ကျေးရွာများရှိ သတ္တုလုပ်ကွက်အားလုံးနီးပါး ရပ်နားခိုင်းထားကြောင်း စုံစမ်းသိရသည်။ […]

ထားဝယ်ဒေသခံများ လှူဒါန်းသည့်ပစ္စည်းများ ရေဘေးသင့်လေးမျက်နှာမြို့သို့ ပို့ဆောင်

Dawei Watch

August 17, 2026

ရေဘေးသင့်ပြည်သူတွေကို ကူညီဖို့ ထားဝယ်ဒေသခံတွေ စုပေါင်းလှူဒါန်းမှုကနေ စုစုပေါင်း ကျပ်သိန်း ၂၀၀ ကျော် ရရှိခဲ့တယ်လို့ ဆိုပါတယ်။

စစ်အာဏာရှင်တပ်စစ်ကြောင်း ကင်းရှေ့ရွာသားတစ်ဦးကို ပစ်သတ်

Dawei Watch

August 17, 2026

သရက်ချောင်းမြို့နယ်အထက်ပိုင်းသို့ စစ်ကြောင်းထိုးနေသည့် စစ်အာဏာရှင်တပ်သည် စစ်ကြောင်းနှင့်အတူ ဖမ်းခေါ်သွားသည့် ဒေသခံအချို့အနက်ကင်းရှေ့ရွာသားတစ်ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။ စစ်အာဏာရှင်တပ်သည် အင်အားရာချီသုံးကာ ကင်းရှေ့၊ စော်ဖျား၊ မိုးရွှေကုန်း၊ ဆေးဖြတ်ကုန်း၊ ကျောက်လှေကားစသည့် ကျေးရွာများကို ဩဂုတ်လ ၁၀ ရက်တွင် ဖြန့်ကျက်စစ်ကြောင်းထိုးလာသည်။ ကင်းရှေ့ရွာသို့ ရောက်ရှိချိန် ရွာထဲက ဒေသခံများကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး အချို့ကို ပြန်လွှတ်ခဲ့သော်လည်း ခုနစ်ဦးခန့်ကိုမူ စော်ဖျားရွာသို့ စစ်ကြောင်းနှင့်အတူ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများက ဆိုသည်။ ယင်းနောက် အသက် ၅၃ နှစ်ခန့်ရှိ ဦးစိုးထွန်း ကို ပစ်ခတ်သတ်ဖြတ်ကာ ရုပ်အလောင်းကို စော်ဖျားရွာ ဘုန်းကြီးကျောင်းဝန်း အတွင်း မြေမြှုပ်ထားသည်ဟု သိရကြောင်း ၎င်းတို့က ပြောဆိုသည်။ လက်ရှိတွင် စစ်ကြောင်းရှိနေသဖြင့် သွားရောက်တူးဖော်၍ မရဘဲဖြစ်နေသေးကြောင်း ဒေသခံများက ပြောသည်။ […]

ကံပေါက်ဒေသက စေတီတစ်ဆူ စိန်ဖူးတော်ဖြုတ်ခိုးခံရ

Dawei Watch

August 16, 2026

ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာအုပ်စုတွင် စေတီတစ်ဆူ စိန်ဖူးတော် ဖြုတ်ခိုးခံရကြောင်း ဒေသခံများထံမှ သိရသည်။ ဂန့်ဂေါ်တောင်ရွာတွင် တည်ထားကိုးကွယ်သော ရှေးဟောင်းစေတီတစ်ဆူ၏ စိန်ဖူးတော် သြဂုတ်လ ၁၅ ရက်ညက ခိုးယူခံခဲ့ရကြောင်း ဒေသခံများကပြောသည်။ စေတီသည် ကျေးရွာနှင့် မလှမ်းမကမ်းတွင် တည်ရှိသော်လည်း စေတီဝန်းကျင်တွင် လူနေအိမ်မရှိကြောင်း ၎င်းတို့က ဆိုသည်။ ခိုးယူသူမှာ ဂန့်ဂေါ်တောင်ကျေးရွာနေသူပင်ဖြစ်ကြောင်း ဖြစ်စဥ်အားသိရှိသည့် ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။ “ဘုရားပေါ်တက်ခိုးတုန်းက သံချွန်ချိတ်တွေနဲ့ ဒဏ်ရာရပြီး သွေးတွေကျန်ခဲ့တာကို ခြေရာခံပြီး သူခိုးကို ပြန်ဖမ်းမိသွားတယ်” ဟု ၎င်းက ပြောသည်။ ခိုးသူကိုမူ စစ်အာဏာရှင်တပ်ဖွဲ့ဝင်များထံ အရေးယူနိုင်ရန် အပ်နှံလိုက်ကြောင်း ရွာသားများထံမှသိရသည် ။ စစ်အာဏာရှင်တပ်၏ မောရဝတီရေတပ်စခန်းဌာနချုပ်နှင့် အမှတ် ၂၇၃ ခြေလျင်တပ်ရင်းတို့ အခြေစိုက်သည့် ကံပေါက် ဒေသတွင် အာဏာသိမ်းကာလနောက်ပိုင်း ဖောက်ထွင်း […]

စစ်အာဏာရှင်တပ် လောင်းလုံး ဂေါ့အင်းရွာထဲ ဝင်လု၊ ပျောက်နေသည့်ဒေသခံနှစ်ဦး လွှတ်ပြီး အခြားနှစ်ဦးပြန်ဖမ်း

Dawei Watch

August 16, 2026

လောင်းလုံးမြို့နယ်၊ ဂေါ့အင်းကျေးရွာထဲကို စစ်အာဏာရှင်တပ်က ရုတ်တရက်ဝင်ရောက် လုယက်ပြီးနောက် တောထဲသို့ ချက်ချင်းပြန်ဆုတ်သွားကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ဩဂုတ်လ ၁၅ ရက် မွန်းလွဲ ၂ နာရီခန့်တွင် စစ်အာဏာရှင်တပ်ဖွဲ့သည် ဂေါ့အင်းကျေးရွာသို့ ရုတ်တရက်ရောက်ရှိလာပြီး နေအိမ်များရှိ ဆန်၊ ဆီ၊ ကြက်သွန်နှင့် အခြား ရိက္ခာပစ္စည်များကို အဓမ္မယူဆောင်ကာ ချက်ချင်းထွက်ခွာသွားကြောင်း ဒေသခံများက ပြောသည်။ စစ်အာဏာရှင်တပ်သည် တောလမ်းအတိုင်း သွားလာလှုပ်ရှားပြီး ရုတ်တရက်ရွာထဲသို့ ဝင်ရောက်သည့်ပုံစံကို ယခုနောက်ပိုင်းတွင် ကျင့်သုံးလာကြောင်း ဆိုသည်။ ယခုစစ်ကြောင်းမှာလည်း အလာတူ လှုပ်ရှားသွားလာနေခြင်းဖြစ်ပြီး ရိက္ခာပြတ်သဖြင့် နီးသည့် ရွာထဲဝင်ရောက်လုယက်ခြင်းဖြစ်နိုင်ကြောင်း ဒေသခံတို့က ဆိုသည်။ “တောထဲ ရိက္ခာပြတ်လို့ လူ (စစ်အာဏာရှင်တပ်သား) နှစ်ဆယ်လောက်နဲ့ ရွာထဲဝင်လုတာ“ ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။ အဆိုပါစစ်ကြောင်းသည် ဩဂုတ်လ […]

စစ်ကြောင်းဝင်ချိန် တောင်မင်းပြောင်ရွာတွင် ဒေသခံအမျိုးသားတစ်ဦး သေဆုံး

Dawei Watch

August 14, 2026

လောင်းလုံးမြို့နယ်၊ တောင်မင်းပြောင်ကျေးရွာတွင် စစ်အာဏာရှင်တပ် စစ်ကြောင်းထိုးဝင်ရောက်နေချိန် ဒေသခံ အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ လောင်းလုံးမြို့ မြောက်ပိုင်းကျေးရွာများဖြစ်သည့် တောင်မင်းပြောင်နှင့် မြို့ဟောင်းကျေးရွာများသို့ ဇူလိုင်လ နောက်ဆုံးပတ်တွင် စစ်ကြောင်းထိုးဝင်ရောက်သောကြောင့် ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။ သေဆုံးသူအမျိုးသားသည် မိသားစုအား ဘေးလွတ်ရာသို့ တိမ်းရှောင်စေခဲ့ပြီးနောက် ၎င်းမှာ မွေးမြူရေးခြံအား စောင့်ရှောက်ပြီး ရွာအနီးတိမ်းရှောင်နေခဲ့စဉ် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ရုပ်အလောင်းတွင် ပြင်ပဒဏ်ရာများ တစ်စုံတစ်ရာမတွေ့ရသဖြင့် နဂိုအခံရှိသည့် အတက်ရောဂါဖြင့် သေဆုံးခြင်းဖြစ်နိုင်သည်ဟု ယူဆကြကြောင်း ဒေသခံများက ဆိုသည်။ “သူ့မိသားစုကို ထားဝယ်ဘက်လွှတ်ပြီး သူက သူခြံကိုစောင့်ရှောင်ရင်းကျန်ခဲ့တယ်။ တစ်ယောက်တည်းဆိုတော့ အအေးမိပြီး တက်ပြီးသေတာ” ဟု အထက်ပါဒေသခံက ပြောဆိုသည်။ စစ်အာဏာရှင်တပ် ပြန်ထွက်သွားပြီးနောက် ဇူလိုင်လ ၃၀ ရက်တွင် စစ်ဘေးရှောင်ရာမှ ရွာသို့ပြန်လာသည့် […]