BREAKING
July 27, 2024
EN MM

သဘာဝဝန်းကျင်/ဥတုဘေး

ဘီးလင်းတွင် ရေကြီး၊ ရန်ကုန်-မော်လမြိုင်ကားလမ်းယာယီပိတ်

Dawei Watch

July 26, 2024

မွန်ပြည်နယ်၊ ဘီးလင်းမြို့ရှိ ဘီးလင်းမြစ်ရေ မြင့်တက်လာသောကြောင့် ဘီးလင်းမြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအချို့တို့တွင် ရေကြီးရေလျှံနေပြီး ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ် ရေကျော်နေသည့်အတွက် ကားဖြတ်သန်းခွင့် ယာယီပိတ်ထားကြောင်း ဒေသခံများနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။ မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေကြောင့် ဘီးလင်းရေသည် ဇူလိုင်လ ၂၅ ရက် ညနေပိုင်းမှစတင်ကာ မြစ်ရေ မြင့်တက်လာပြီး ယနေ့ ဇူလိုင်လ ၂၆ ရက် နံနက်ပိုင်းတွင် ဘီးလင်းမြစ်ရေသည် စိုးရိမ်ရေအမှတ်ထက် ၈၅ စင်တီမီတာထိ မြင့်တက်နေသည်။ ဘီးလင်းမြစ်ရေ မြင့်တက်လာသည့်အတွက် ဘီးလင်းမြို့ပေါ်ရပ်ကွက်၊ ကျေးရွာအချို့တို့တွင် ရေကြီးရေလျှံနေသည့်အပြင် ဘီးလင်းအပိုင် ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်တွင် လည်း ရေ နှစ်ပေခွဲခန့်အထိ ရေကျော်နေကြောင်း ဒေသခံနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။ ကားလမ်းရေကျော်နေသည့်အတွက် ကားများဖြတ်သန်းသွားလာခွင့်ကို ယာယီပိတ်ထားရကြောင်း ၎င်းတို့က ဆိုသည်။ “ကားလမ်းပေါ်မှာ တချို့နေရာမှာ ၂ […]

တနင်္သာရီမြစ်ရေ ‌စိုးရိမ်ရေအမှတ် လေးပေကျော်နေပြီး ရပ်ကွက်အချို့ ရေကြီး

Dawei Watch

July 26, 2024

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် တနင်္သာရီမြစ်ရေသည် စိုးရိမ်ရေအမှတ်ထက် လေးပေကျော် ရောက်ရှိနေပြီး ရပ်ကွက်အချို့တွင် ရေကြီးရေလျှံနေကြောင်း မြို့ခံများက ပြောသည်။ မိုးသည်းထန်မှုကြောင့် ဇူလိုင်လ ၂၁ ရက်စ၍ ရေတက်နေခြင်းပြီး ၂၄ ရက်တွင် တနင်္သာရီမြစ်ရေ စိုးရိမ်ရေအမှတ် ၁၇ ပေကို ကျော်လွန်သွားခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ စိုးရိမ်ရေအမှတ်ကျော်လွန်ချိန်တွင် တနင်္သာရီမြို့အတွင်း လမ်းမများနှင့် နေအိမ်အချို့ကို ရေစတင်ဝင်ရောက်ကြောင်း မြို့ခံတို့က ပြောဆိုသည်။ လက်ရှိတွင် မြစ်ရေသည် ၂၁ ပေ ကျော်သို့ ရောက်ရှိနေပြီး ရေဆက်တက်နေသဖြင့် အန္တရာယ်ရေအမှတ် ၂၄ ပေသို့ ရောက်ရှိရန် နှစ်ပေ စွန်းစွန်းသာ လိုတော့ကြောင်း တနင်္သာရီမြို့ခံတို့က ပြောသည်။ မြစ်ရေတက်မှုကြောင့် မြို့တွင်းရပ်ကွက်အချို့တွင် ခြေသလုံးကျော်ကျော် ရေတက်နေပြီး ရွှေလိပ်ပြာနှင့် မွန်စုစသည့် မြစ်နှင့်နီးသည့် ရပ်ကွက်များတွင် ရေဝင်ရောက်မှုပိုများကြောင်း […]

ထားဝယ်ခရိုင်တွင် မိုးကြီးပြီး ရေလျှံ၊ သစ်ပင်များလည်းကျိုးကျ

Dawei Watch

July 25, 2024

ထားဝယ်မြို့ပေါ် ရပ်ကွက်အချို့နှင့် ခရိုင်အတွင်း မြို့ရွာအချို့တွင် မိုးအဆက်မပြတ်ရွာသွန်းမှု၊‌ လေပြင်းတိုက်ခတ်မှု တို့ကြောင့် ဇူလိုင်လ ၂၅ ရက်တွင် မိုးကြီးရေလျှံခြင်း သစ်ပင်ကျိုးခြင်းတို့ ဖြစ်ပွားနေကြောင်း မြို့ခံများနှင့် ဒေသခံများထံမှ သိရသည်။ ထားဝယ်မြို့ ရှမ္မလည်ဆွဲရပ်၊ ဆေးရုံလမ်းနှင့် ကျောက်မော်ရပ်၊ မြိတ်လမ်းတို့တွင် လမ်းမပေါ်ရေကျော်နေပြီး နှစ်စဉ် ရေလျှံလေ့ရှိသည့် မြို့သစ်ရပ်ကွက်တွင်လည်း အချို့နေရာများတွင် ရေဝင်နေပြီဖြစ်ကြောင်း ယင်းရပ်ကွက်များအတွင်း နေထိုင်သူများက ပြောသည်။ “ဆေးရုံလမ်းက ပေါင်ရင်းလောက်အထိ ရေတက်နေပြီ။ ရေထဲဖြတ်မောင်းထဲ ကားနှစ်စီးတောင် စက်ရပ်သွားလို့ ရပ်ထားရတယ်” ဟု ဆေးရုံလမ်းတွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးက ပြောဆိုသည်။ ဆေးရုံတံတားလမ်းမှ လောကမာရဇိန်ဘုရားကြီးအရှေ့က ဘုရားကြီးတိုက်ကျောင်းဝင်းအထိ ရေဝင်နေသဖြင့် သံဃာများ အတွက် ကယ်ဆယ်ရေးလှေတစ်စင်း ပေးထားရကြောင်း ဇမ္ဗူသီရိအရေးပေါ်လူနာကူညီကယ်ဆယ်ရေးအဖွဲ့ ဥက္ကဋ္ဌ ကိုနိုင်မျိုးသွင်က ဆိုသည်။ သရက်ချောင်းမြို့နယ်ဘက်မှ […]

တရုတ်နိုင်ငံတွင် တိုက်ခိုက်သည့် ဆိုင်ကလုန်းမုန်တိုင်း နှစ်ခုကြောင့် ရေကြီးရေလျှံပြီး လူသေဆုံးမှုများ

Dawei Watch

July 22, 2024

တရုတ်နိုင်ငံကို အင်အားပြင်း အပူပိုင်း ဆိုင်ကလုန်းမုန်တိုင်းနှစ်ခု ဝင်ရောက်တိုက်ခတ်ခဲ့သည့်အတွက် ပြည်နယ်များစွာတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားနေပြီး တံတားကြီးတစ်စင်းလည်း ကျိုးကျသွားခဲ့ကာ တံတားကျိုးကျမှုဖြစ်စဉ်ကြောင့် လူသေဆုံးမှုများနှင့် လူပျောက်မှုများ ဖြစ်ပွားနေကြောင်း သိရှိရသည်။ ဇူလိုင်လ ၁၉ ရက်နေ့က စတင်သည့် မုန်တိုင်းဝင်ရောက်မှုနှင့် ရေကြီးရေလျှံမှုများကြောင့် လူသေဆုံးမှုနှင့် လူအများအပြား ပျောက်ဆုံးမှုများရှိနေပြီး တရုတ်သမ္မတ ရှီကျင့်ဖျင် ကိုယ်တိုင်က အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းစဉ်များကို အင်အားအလုံးအရင်းဖြင့် ဆောင်ရွက်ရန် တပ်လှန့်နှိုးဆော်နေရပြီလည်းဖြစ်သည်။ ဟီနန်စီရင်စုခရိုင်တွင် ရေကြီးရေလျှံမှုဖြစ်စဉ်ကြောင့် လူ တစ်သိန်းကျော်ခန့် အိုးပစ်အိမ်ပစ် နေရပ်ပစ်ခွာကာ ဘေးလွတ်ကင်းရာသို့ ပြောင်းရွှေ့နေကြရပြီဖြစ်ပြီး စီချွမ်စီရင်စုခရိုင်တွင်လည်း ရေကြီးရေလျှံမှုကြောင့် လူ ၁၀ ယောက်နှင့် အထက် သေဆုံးကာ လူ ၃၀ ဝန်းကျင်ခန့် ပျောက်ဆုံးနေပြီဖြစ်သည်။ ရေကြီးရေလျှံမှုဖြစ်စဉ်များသည် တရုတ်နိုင်ငံတောင်ပိုင်း၊ အရှေ့ပိုင်းနှင့် မြောက်ပိုင်းဒေသများ၌ ဆိုးဆိုးရွားရွားဖြစ်ပွားနေပြီး […]

မြစ်ကြီးနားတွင် စိုးရိမ်ရေအမှတ်ထက် ငါးပေကျော်ပြီး ရေကြီး၊ မြို့နယ်ခြောက်ခုကို ရေဘေးသတိပေးချက်ထုတ်

Dawei Watch

July 1, 2024

မိုးသည်းထန်စွာရွာသွန်းသဖြင့် ဧရာဝတီမြစ်ရေ စိုးရိမ်ရေအမှတ်ထက် ငါးပေကျော်လွန်ရောက်ရှိနေပြီး ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ရေကြီးနေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားရေးဦးစီးဌာနမှထံမှ သိရသည်။ ယနေ့ ဇူလိုင် ၁ ရက် မွန်းလွဲ ၁နာရီခွဲတွင် တိုင်းထွာချက်အရ မြစ်ကြီးနားမြို့၏ စိုးရိမ်ရေအမှတ်ထက် ငါးပေကျော်နေပြီး နောက်နှစ်ရက်အတွင်း နှစ်ပေခန့် ဆက်လက်မြင့်တက်နိုင်ကြောင်းလည်း ဖော်ပြသည်။ မြစ်ရေတက်နှုန်းမှာ တစ်နာရီလျှင် သုံးလက်မရှိနေကြောင်းလည်း ကချင်ပြည်နယ် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးနိုင်လင်းထွေး၏ လူမှုကွန်ရက်အကောင့်တွင် ယနေ့ နံနက်ပိုင်းက ရေးသားထားသည်။ ဗန်းမော်၊ ရွှေကူ၊ ကသာ၊ ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင် မြို့နယ်များရှိ မြစ်ကမ်းအနီးနှင့် မြေအနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် ရေဘေးအန္တရာယ် အထူးသတိပြုနေထိုင်ကြရန်လည်း မိုးဇလက တိုက်တွန်းထားသည်။ မိုးသန်းထန်စွာရွာသွန်းခြင်းကြောင့် ဇွန်လ ၃၀ရက်ကတည်းက မြစ်ကြီးနားမြို့ အနိမ့်ပိုင်းရပ်ကွက်များကို […]

ကော့သောင်းတွင် မြေပြိုပြီး အမျိုးသမီးတစ်ဦးသေဆုံး

Dawei Watch

June 25, 2024

‌ကော့သောင်းမြို့ အေးမြကန်သာရပ်ကွက်၊ သဲအင်းဂူဘုန်းကြီးကျောင်းအနီးတွင် ယနေ့ နံနက် ၁၀ နာရီဝန်းကျင်က မြေပြိုပြီး အမျိုးသမီးတစ်ဦးသေဆုံးကြောင်း ရွှေအဏ္ဏဝါပရဟိတလူငယ်အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။ သေဆုံးသူမှာ အသက် ၃၇ နှစ်အရွယ်ရှိသည့် ဒေါ်စန်းစန်းအေးဆိုသူဖြစ်ပြီး နေအိမ်၌ ထမင်းချက်နေစဉ် အိမ်နောက်ဖေးတွင် ရှိသည့် တောင်ကမ်းပါးပြိုကျပြီး ပိတ်မိသေဆုံးခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ “မိုးက တော်တော်ကို ရွာနေတာ အိမ်က တောင်ကမ်းပါယံကို ဖြိုပြီးဆောက်ထားတယ်။ မြေကြီးကအိပြီး ပြိုကျသွားတာ” ဟု ၎င်းတာဝန်ရှိသူက ပြောဆိုသည်။ မြေကြီးပိမိသည့်အတွက်ကြောင့် ဒေါ်စန်းစန်းအေးမှာ အသည်းကြေမွဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း ရွှေအဏ္ဏဝါပရဟိတလူငယ်အဖွဲ့ ထံမှ သိရသည်။ ကော့သောင်းခရိုင်တွင် ယခုဖြစ်စဉ်အပါအဝင် ဆယ်နှစ်အတွင်း မြေပြိုမှုကြောင့် ရဟန်း သုံးပါးအပါဝင် လူပုဂ္ဂိုလ် ကိုး ဦးအထိ သေဆုံးခဲ့ကြောင်း အထက်ပါအဖွဲ့ထံမှ သိရသည်။ […]