မွန်တွင် ထိုင်းကုန်ပစ္စည်းများ ဖမ်းဆီးနေသဖြင့် ပစ္စည်းတင်သွင်းမှု ရပ်တန့်
Dawei Watch
September 11, 2026မွန်ပြည်နယ်အတွင်း တင်သွင်းလာသည့် ထိုင်းကုန်ပစ္စည်းများကို ဖမ်းဆီးနေသောကြောင့် လတ်တလောတွင် ထိုင်းကုန်ပစ္စည်း တင်သွင်းမှုများ ရပ်တန့်နေကြောင်း ကုန်သည်များနှင့် ကားသမားများထံမှ သိရသည်။ ထိုင်းနိုင်ငံမှ တင်သွင်းလာသည့် ပစ္စည်းများကို စစ်အာဏာရှင်တပ် စစ်ဆေးရေးဂိတ်များ၊ လမ်းများတွင် ဖမ်းဆီးနေသည့်အပြင် ပွဲရုံနှင့် ဈေးကွက်များအထိပါ လိုက်လံဖမ်းဆီးနေကြောင်း ၎င်းတို့က ပြောသည်။ စက်တင်ဘာလ ၅ ရက်က ကျိုက်မရောမြို့နယ်တွင် ထိုင်းကုန်ပစ္စည်းများ တင်ဆောင်လာသည့် ကားအစီး ၆၀ ကျော်ကို စစ်အုပ်စု ပူးပေါင်းအဖွဲ့များက ဖမ်းဆီးခဲ့သည်။ ယင်းသို့ ဖမ်းဆီးခံရပြီးနောက် ထိုင်းနယ်စပ် အထူးသဖြင့် ဘုရားသုံးဆူနယ်စပ်မှတစ်ဆင့် ထိုင်းကုန်ပစ္စည်း တင်သွင်းမှုကို ရပ်နားထားရကြောင်း ထိုင်းကုန်ပစ္စည်း တင်သွင်းသူများက ဆိုသည်။ “ထိုင်းပစ္စည်းတွေကို အဖမ်းအဆီးကြမ်းနေတော့ ပစ္စည်းတွေ တင်သွင်းတာကို ရပ်ထားကြရတယ်။ နည်းလမ်းတော့ ရှာနေတာပေါ့။ လောလောဆယ်တော့ သုံးဆူကနေ […]


