ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မွန်

ချောင်းဆုံ (ဘီလူးကျွန်း) တွင် အဘိုးအဘွားနှစ်ဦး အသတ်ခံရ

Dawei Watch

August 22, 2026

မွန်ပြည်နယ်၊ ချောင်းဆုံ (ဘီလူးကျွန်း) မြို့နယ်၊ ညောင်လမ်းကျေးရွာတွင် ယနေ့ ဩဂုတ်လ ၂၂ ရက် နံနက်ပိုင်းက အဘိုးအဘွားနှစ်ဦး အသတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။ ညောင်လမ်းကျေးရွာ ရပ်ကွက် (၇) တွင် နေထိုင်သည့် အဆိုပါ အဘိုးနှင့် အဘွားတို့ကို ပတ်ဝန်းကျင်နေသူများက မတွေ့သဖြင့် ယနေ့ နံနက် ၈ နာရီခန့်က နေအိမ်တွင် သွားကြည့်ကြရာမှ အသတ်ခံထားရသည်ကို တွေ့ရှိခြင်းဖြစ်သည်။ အဘိုး၏ ရုပ်အလောင်းကို အိပ်ခန်းအတွင်း တွေ့ရပြီး အဘွား၏ ရုပ်အလောင်းကို ဘုရားခန်းရှေ့တွင် တွေ့ရကြောင်း ဒေသခံများက ပြောသည်။ နှစ်ဦးစလုံး ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရကြောင်း ၎င်းတို့က ဆိုသည်။ အသက် ၇၆ နှစ်အရွယ်ရှိ အဘိုးနှင့် အဘွားတို့သည် နေအိမ်တွင် နှစ်ဦးတည်း […]

စစ်အာဏာရှင်တပ်က ရေးမြောက်ပိုင်းကို အင်အားအများအပြားဖြင့် စစ်ကြောင်းထိုး

Dawei Watch

August 21, 2026

မွန်ပြည်နယ်၊ ရေးမြောက်ပိုင်းကို စစ်အာဏာရှင်တပ်က အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးနေသည်ဟု စစ်ရေးသတင်းအရင်းအမြစ်များထံမှ သိရသည်။ အင်အား ၃၀၀ ကျော်ရှိသည့် စစ်ကြောင်းသည် ဩဂုတ်လ ၁၆ ရက်နေ့ကစပြီး ရေးမြို့နယ် မြောက်ပိုင်းဒေသရှိ လိမ္မော်ခြံ၊ ဘေးလမိုင်း၊ အောင်သပြေ အစရှိသည့် ကျေးရွာများဘက်သို့ စစ်ကြောင်းများခွဲကာ စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။ စစ်အာဏာရှင်တပ် စစ်ကြောင်းများသည် တစ်ရွာဝင် တစ်ရွာထွက် လှည့်ပတ်စစ်ကြောင်းထိုးနေသည့်အတွက် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့နှင့် ထိတွေ့တိုက်ပွဲများလည်း ဖြစ်ပွားနေသည်။ ဒေသတွင်း စစ်ကြောင်းထိုးလာသည့် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား ဩဂုတ်လ ၁၇ ရက်နေ့က ကနင်ကမော့ကျေးရွာအနီးတွင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သေးသည်။ “စစ်ကြောင်းထိုးနေတော့ အသွားအလာ သတိရှိရတယ်။ သူတို့နဲ့ တွေ့ရင် ဖမ်းခံရနိုင်တယ်။ ခြံလည်း မသွားရဲကြဘူး။ တိုက်ပွဲဖြစ်မှာလည်း စိုးရိမ်ရတယ်။ အခြေအနေတော့ စောင့်ကြည့်နေတယ်။ အခြေအနေမကောင်းလို့ ရှောင်သင့်ရင်လည်း […]

မော်လမြိုင်မြို့ပေါ် ရပ်ကွက်အချို့ ရေကြီး၊ လူအချို့စတင်ပြောင်းရွှေ့

Dawei Watch

August 21, 2026

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ်ရှိ ရပ်ကွက်အချို့တွင် ရေကြီးနစ်မြုပ်မှုများ စတင်ဖြစ်ပွားနေပြီး ရေဘေးသင့်သူများ ဘေးလွတ်ရာ ပြောင်းရွှေ့နေရကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။ မိုးအဆက်မပြတ် သည်းထန်စွာ ရွာသွန်းမှုကြောင့် ဩဂုတ်လ ၂၀ ရက်နေ့ ညနေပိုင်းခန့်မှ စတင်ကာ မြို့ပေါ်ရှိ အနိမ့်ပိုင်းရပ်ကွက်အချို့ စတင်ရေလွှမ်းလာခြင်းဖြစ်သည်။ ဩဂုတ်လ ၂၀ ရက်နေ့တွင် စျေးကြို၊ တောင်ဝိုင်း၊ ဖက်ခင်း၊ ရွှေပြည်အေး၊ ဒိုင်းဝန်ကွင်း၊ သီရိမင်္ဂလာ၊ သီရိမြိုင်၊ ဇေယျာမြိုင် အစရှိသည့် မြို့ပေါ်ရပ်ကွက်တို့တွင် ရေကြီးရေလျှံမှု ဖြစ်ပွားနေသည်ဟု မြို့ခံတို့က ပြောသည်။ “ဖက်ခင်းလမ်းမမှာတော့ တော်ရုံတန်ရုံကားလေးတွေဆိုရင်တော့ သွားလို့အဆင်မပြေဘူး။ မိုးကလည်း ဆက်ကောင်းနေတော့ ရေက များလာဦးမှာ” ဟု မော်လမြိုင်မြို့ခံ လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။ ရေကြီးရေလျှံမှုဖြစ်ပွားနေသည့် ရပ်ကွက်နေပြည်သူအချို့က ညပိုင်း ရေထပ်တက်လာမည်ကို စိုးရိမ်ကြသည့်အတွက် ဘေးလွတ်ရာသို့ […]

ကျိုက်ထိုတွင် ဘောလုံးပွဲကျင်းပနေစဉ် လက်နက်ကြီးကျပြီး KG ကျောင်းသား သေဆုံး၊ ၁၁ ဦးထက်မနည်း ဒဏ်ရာရ

Dawei Watch

August 20, 2026

စစ်အာဏာရှင်တပ် ပစ်လိုက်တဲ့ လက်နက်ကြီးကျည်ဆန်က ဘောလုံးကွင်းထဲကျပြီး ပြိုင်ပွဲကြည့်နေတဲ့ ကျောင်းသား၊ ကျောင်းသူတွေကို ထိမှန်ခဲ့တာပါ။

ချောင်းနှစ်ခွဒေသခံ ထောင်နှင့်ချီ နေရပ်မပြန်နိုင်သေး

Dawei Watch

August 19, 2026

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာအုပ်စုအတွင်းက ထွက်ပြေးတိမ်းရှောင်နေကြရသော ထောင်နှင့်ချီသည့် ဒေသခံများ ယနေ့ထိ နေရပ်မပြန်နိုင်သေးကြောင်း သိရသည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်နေ့က ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာရှိ ချောင်းနှစ်ခွရဲစခန်းနှင့် တံတားဂိတ်တို့ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ပူးပေါင်းတပ်ဖွဲ့တို့ ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့သည်။ တိုက်ပွဲအတွင်း စစ်အာဏာရှင်တပ်ဘက်က လေကြောင်းတိုက်ခိုက်ခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းတို့ကြောင့် သောင်းနှင့်ချီသည့် ဒေသခံတို့ ဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ကြရသည်။ ချောင်းနှစ်ခွဒေသကို စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်ပြီးနောက်ပိုင်း ဒေသခံအချို့သာ နေရပ်ပြန်လာကြသည်။ လက်ရှိအချိန်ထိ ချောင်းနှစ်ခွဒေသခံ ၂,၅၀၀ ကျော်တို့က နီးစပ်ရာ မိတ်ဆွေ၊ ဆွေမျိုးအိမ်များနှင့် အခြားမြို့များတွင် ပြောင်းရွှေ့နေထိုင်လျက်ရှိသည်။ “အခု ချောင်းနှစ်ခွမှာ ပြန်နေကြတဲ့လူတွေတော့ ရှိတယ်။ ပြန်မလာကြတဲ့လူတွေလည်း ရှိတယ်။ ရွာမှာက […]

မုဒုံတွင် လေဆိပ်စီမံကိန်းအသစ်အတွက် မြေဧက ၃၂၀၀ ကျော် သိမ်းယူမည်

Dawei Watch

August 17, 2026

မွန်ပြည်နယ်၊ မုဒုံမြို့နယ်အတွင်း တည်ဆောက်မည့် အပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်းစီမံကိန်းအသစ်အတွက် မြေဧက ၃၂၀၀ ကျော် သိမ်းယူမည်ဖြစ်ကြောင်း စစ်အစိုးရ ပို့ဆောင်ရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာသည်။ မုဒုံမြို့နယ်အတွင်းရှိ တော်ကူး၊ ကျိုက်ရွဲ၊ ညောင်ကုန်း၊ ဘဲရမ်းနှင့် ဝက်တဲကျေးရွာအုပ်စုတို့ရှိ ကွင်းပေါင်း ၁၄ ကွင်းက မြေဧက ၃၂၈၅ ကို သိမ်းယူမည်ဖြစ်ကြောင်း ဖော်ပြသည်။ ကျိုက်ရွဲကျေးရွာအုပ်စုက ၁၆ ဒသမ ၄၈ ဧက၊ တော်ကူးကျေးရွာအုပ်စုက ၇ ဒသမ ၇၇ ဧက၊ ညောင်ကုန်းကျေးရွာအုပ်စုက ၁၅ ဒသမ ၉၉ ဧက၊ ဘဲရမ်းကျေးရွာအုပ်စုက ၀ ဒသမ ၂၉ ဧကနှင့် ဝက်တဲကျေးရွာအုပ်စု မြေဧက ၃၂၄၀ ကျော် ပါဝင်သည်။ လေယာဉ်ကွင်းစီမံကိန်းအသစ်နှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ မသိရကြောင်း […]

မွန်တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါပိုးတွေ့သူ နှစ်ဦးရှိလာ

Dawei Watch

August 15, 2026

မွန်ပြည်နယ်တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါပိုး တွေ့ရှိသူ နှစ်ဦးရှိလာကြောင်း သက်ဆိုင်ရာ မြို့နယ်ကျန်းမာရေးဦးစီးဌာနများထံမှ သိရသည်။ ရောဂါပိုး တွေ့ရှိသူ နှစ်ဦးလုံးသည် ရန်ကုန်မြို့က ပြန်လာကြပြီး ရက်ပိုင်းအတွင်း ပြင်းထန်ဝမ်းပျက်ဝမ်းလျှော စတင်ဖြစ်ပွားခဲ့ကြောင်း ဆိုသည်။ ရေးမြို့၊ သီရိခေမာရပ်ကွက်နေ အသက် ၃၄ နှစ်အရွယ် အမျိုးသားသည် ဩဂုတ်လ ၁၀ ရက်က ရန်ကုန်က ပြန်လာပြီး ၁၄ ရက်တွင် ဝမ်း မကြာခဏသွားရာမှ ဆေးရုံသို့ သွားရောက် စမ်းသပ်စစ်ဆေးခဲ့ရာ Cholera test kit positive ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါပိုး တွေ့ရှိခဲ့သည်။ “လူနာက ရန်ကုန်ကနေ ပြန်လာတယ်လို့ သိရတယ်။ သူနေထိုင်ထိတွေ့ခဲ့ရာ နေရာတွေကို ကျန်းမာရေးအဖွဲ့နဲ့ ပူးပေါင်းပြီး ပိုးသတ်ဆေးဖြန်းတာတွေ ဆောင်ရွက်ပေးခဲ့ပါတယ်” ဟု လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ရောဂါပိုးတွေ့ရှိသည့် […]