ရေးတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံထောင်ချီ ထွက်ပြေးတိမ်းရှောင်
Dawei Watch
August 14, 2026မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများဘက်ကို စစ်အဏာရှင်တပ်က လေကြောင်း တိုက်ခိုက်မှုကြောင့် ဒေသခံထောင်နှင့်ချီ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။ ကျောင်းရွာကျေးရွာအုပ်စုအတွင်းရှိ ကျောက်တိုင်၊ လိပ်ပုတ်၊ ချောတာ အစရှိသည့် ကျေးရွာများဘက်ကို ဩဂုတ်လ ၁၁ ရက် နေ့လယ်ပိုင်းတွင် စစ်အာဏာရှင်တပ်က ဗုံး သုံးလုံးထက်မနည်း ကြဲချတိုက်ခိုက်ခဲ့သည်။ ဗုံးများသည် ဥယျာဉ်ခြံ၊ ရော်ဘာခြံများထဲ ကျရောက်ပေါက်ကွဲခဲ့ခြင်းကြောင့် လူထိခိုက်မှုမရှိသော်လည်း သီးပင် စားပင် ထိခိုက်ပျက်စီးကြောင်း ဒေသခံများက ပြောသည်။ လေကြောင်းဖြင့် ထပ်မံတိုက်ခိုက်မည်ကို စိုးရိမ်သဖြင့် ကျောက်တိုင်၊ လိပ်ပုတ်၊ ချောတာ၊ နတ်ကြီး၊ ကင်ပွန်း အပါအဝင် ကျေးရွာ ၁၀ ရွာထက်မနည်းက ဒေသခံ ထောင်နှင့်ချီ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံများက ဆိုသည်။ “ရွာထဲ […]


