ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဓာတ်ပုံ

မလေးရှားကို ဂျိုရှူအာဗန် ရောက်ပြီ၊ ပရိသတ် အများအပြား လာရောက်ကြိုဆို

Dawei Watch

May 25, 2026

UFC ဖလိုင်းဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်ပိုင်ရှင် ချင်းဖိုက်တာလေး ဂျိုရှူအာဗန် ဟာ မလေးရှားနိုင်ငံဆီကို ဒီညနေမှာပဲ ရောက်ရှိလို့ လာခဲ့ပါပြီ။ မလေးရှားနိုင်ငံမှာရှိတဲ့ Chin Refugee Committee (CRC) အသင်းရဲ့အလှမယ်တွေနဲ့အတူ ပရိသတ်ပေါင်းများစွာက ဂျိုရှူအာဗန် ကို သောင်းသောင်းဖျဖျ လာရောက်ကြိုဆိုခဲ့ပါတယ်။ UFC ချန်ပီယံ ချင်းဖိုက်တာလေး ဂျိုရှုအာဗန် ဟာ မလေးရှားနိုင်ငံက Chin Refugee Committee (CRC) အသင်းရဲ့ ၂၅ နှစ်ပြည့် ငွေရတုအခမ်းအနားကို တက်ရောက်ဖို့အတွက် ရောက်လာခဲ့တာဖြစ်ပြီး တော်လှန်အနုပညာရှင် ဖြူဖြူကျော်သိန်းလည်း ဒီအခမ်းအနားမှာ ပါဝင် သီဆိုဖျော်ဖြေပေးဖို့ မလေးရှားနိုင်ငံဆီ ရောက်နေပြီပဲဖြစ်ပါတယ်။ မလေးရှားနိုင်ငံက Chin Refugee Committee (CRC) အသင်းရဲ့ ၂၅ နှစ်ပြည့် ငွေရတုအခမ်းအနားကို လာမယ့် မေလ […]

ထားဝယ်မြို့က ဟိန္ဒူဘာသာဝင်များ၏ သိုက်ရ်ပူးဆွမ်းပွဲတော်

Dawei Watch

February 11, 2025

ထားဝယ်မြို့၊ မြောက်ရွာရပ်ကွက်ရှိ စရီးစူပဠာမဏီး ဟိန္ဒူဘုရားကျောင်းတွင် ယနေ့ (ဖေဖော်ဝါရီ ၁၁) နံနက်ပိုင်းက သိုက်ရ်ပူးဆွမ်း အပ်ထိုးပွဲတော်ကို ကျင်းပခဲ့သည် ။ ကိုဗစ်ကာလကတည်းက ထားဝယ်မြို့တွင် လှည့်လည်အပူဇော်ခံခြင်းမပြုတော့သည့် စရီးစူပဠာမဏီးဟိန္ဒူ ဘုရားကို ယခုနှစ်တွင် ထားဝယ်မြို့တွင်း ပြန်လည်လှည့်လည် အပူဇော်ခံခဲ့သည် ။ လှည့်လည်အပူဇော်ခံရာတွင် ဘုရားလှည်းများသာပါဝင်ပြီး ကိုဗစ်မတိုင်မီက ကျင်းပသည့် ဘုရားလှည့်ပွဲကဲ့သို့ ပဒေသာပင်ကား ၊ ဖျော်ဖြေရေးယာဥ် များမပါဝင်သလို ပါဝင်ဆင်နွှဲသူလည်း နည်းပါးကြောင်းတွေ့ရသည် ။ ဘုရားမလှည့်မီ ဖေဖော်ဝါရီလ ၆ ရက်မှစ၍ ဘုရားကျောင်းတွင် ပူဇော်ပွဲ ၆ ရက် ကျင်းပခဲ့သေးသည် ။ သိုက်ရ်ပူးဆွမ်းပွဲတော်ကို ဟိန္ဒူကျမ်းဂန်လာအရ စရီးစူပဠာမဏီး ဘုရား မှ ဆုရပဒမ်း အသူရာကို နှိမ်နင်းအောင်မြင်တော်မူခြင်း အထိမ်းအမှတ်ဖြင့် ကမ္ဘာနိုင်ငံအသီးသီးရှိ ဟိန္ဒူဘာသာဝင်များ […]

လောင်းလုံးတွင် နွေဦးတော်လှန်ရေး ၄ နှစ်ပြည့် လူတစ်‌ထောင်ခန့် လမ်းလျှောက်ဆန္ဒထုတ်ဖော်

Dawei Watch

February 1, 2025

နွေဦးတော်လှန်ရေး လေးနှစ်ပြည့် အထိမ်းအမှတ်အဖြစ် လူထုလမ်းလျှောက်ချီတက်ပွဲကို လောင်းလုံးမြို့နယ်တွင် ယနေ့ ဖေဖော်ဝါရီလ ၁ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။ ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီက ဦးဆောင်ပြုလုပ်သည့် အဆိုပါလမ်းလျှောက်ပွဲတွင် ဒေသခံတစ်ထောင်ခန့် ပူးပေါင်းပါဝင်ခဲ့သည်။ “လူထုအာဏာကို တည်ဆောက်ကြ၊ အာဏာရှင်စနစ်ကို ဖီဆန် အုံကြွ တော်လှန်ကြ” ဆိုသော ဘန်နာကိုင်ဆွဲပြီး ၆ မိုင်ကျော်အကွာအဝေးကို လမ်းလျှောက်ချီတက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ယင်းလှုပ်ရှားမှုအတွင်း နွေဦးတော်လှန်ရေး‌လေးနှစ်ပြည့် အထိမ်းအမှတ် ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီ၏ သဘောထားထုတ်ပြန်ချက်ကို ဖတ်ကြားခြင်း၊ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ကဗျာများတွေရွတ်ဖတ်ခြင်း စသည်တို့ကို ထည့်သွင်းပြုလုပ်ခဲ့သည်။

အစ္စရေး-ဟားမတ်စ် အပစ်ရပ်ရန် သဘောတူ၊ ပါလက်စတိုင်းပြည်သူများ အောင်ပွဲခံ

Dawei Watch

January 16, 2025

အစ္စရေးနှင့် ဟားမတ်စ်အဖွဲ့အကြား အပစ်အခတ်ရပ်စဲရေးနှင့် ဓါးစာခံလဲလှယ်ရေး သဘောတူညီချက်ရရှိခဲ့ပြီ ဖြစ်ကြောင်း အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က ဗုဒ္ဓဟူးနေ့က ကြေညာခဲ့သည်။ ယင်းသဘောတူညီချက်မှာ ဇန်နဝါရီလ ၁၉ ရက်နေ့တွင် စတင်အသက်ဝင်မည်ဖြစ်ရာ ဂါဇာတွင် ၁၅ လကြာဖြစ်ပွားနေသည့်စစ်ပွဲ အဆုံးသတ်တော့မည်ဖြစ်သည်။ အဆိုပါသဘောတူညီချက်အတွက် အမေရိကန် ၊ အီဂျစ် ၊ ကာတာ ၊ အစ္စရေးနှင့် ဟားမတ်စ်အဖွဲ့တို့အကြား သံတမန်ရေးအရ လနှင့်ချီကြိုးပမ်းအားထုတ်ခဲ့ရသည်ဟု အိမ်ဖြူတော်က သီးခြားထုတ်ပြန်ခဲ့သည်။ အပစ်ရပ်သဘောတူညီချက်ကြေညာပြီးသည့်နောက် ဂါဇာရှိ ပါလက်စတိုင်းပြည်သူများ အောင်ပွဲခံနေသည့် မြင်ကွင်းများကိုဖော်ပြလိုက်ပါသည်။ Source : Reuters

ကုလသံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံကြောင်း အကြိုလှုပ်ရှားမှု လောင်းလုံးတွင်ပြုလုပ်

Dawei Watch

August 25, 2024

ကုလသမဂ္ဂဆိုင်ရာ မြန်မာ​သံအမတ်ကြီးအဖြစ် ဦးကျော်မိုးထွန်းကို ဆက်လက်ခန့်အပ်ရေး အကြိုလှုပ်ရှားမှုတစ်ခု လောင်းလုံးမြို့နယ်တွင် ယနေ့ပြုလုပ်ခဲ့သည်။ ထားဝယ်သပိတ်ကော်မတီမှ ဦးဆောင်ပြုလုပ်သည့် အဆိုပါလှုပ်ရှားမှုတွင် “ငါတို့အားလုံးရဲ့ အသံကို ကိုယ်စားပြုတာ ငါတို့သံအမတ် ဦးကျော်မိုးထွန်း” ဘန်နာကို ကိုင်စွဲပြီး ကျေးရွာအချို့ကိုလည့်လှည် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ မကြာမီကျင်းပတော့မည့် ကုလသမဂ္ဂညီလာခံတွင် ဦးကျော်မိုးထွန်းကို မြန်မာ​သံအမတ်အဖြစ် ဆက်လက်ခန့်အပ်ရန် ဒေသခံတို့က ကြွေကြော်သံများဖြင့် တောင်းဆိုခဲ့ကြသည်။

ထိုင်းတောင်ပိုင်း မြန်မာကျောင်းများ၏ ဖိတ်ခေါ်ဘောလုံးပွဲ

Dawei Watch

July 19, 2023

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင်ရှိ မြန်မာစာသင်ကျောင်း ၃ ကျောင်း၏ ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကို ဇူလိုင်လ ၁၉ ရက်နေ့က ကျင်းပခဲ့သည်။ စူရတ်ဌာနီရှိ ဝပ်ဖိုဝိုင် သူရိယစန္ဓာ မြန်မာစာသင်ကျောင်း၊ ဝပ်ဆုမ်ဝမ်မြန်မာကျောင်းနှင့် ခနုံမြို့နယ် အမှတ်၂ သူရိယစန္ဒာမြန်မာစာသင်ကျောင်းတို့ ဝင်ရောက်ယှဉ်ပြိုင်ကြသည်။

ပြည်သူ့ကာကွယ်ရေးတပ်နှင့် ပြည်သူများပူးပေါင်း၍ အာဇာနည်နေ့ကျင်းပ

Dawei Watch

July 19, 2023

မြိတ်ခရိုင်၊တနင်္သာရီမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် ၇၆ နှစ်မြောက်အာဇာနည်နေ့ကို ပြည်သူ့ကာကွယ်ရေးတပ်နှင့် ပြည်သူများ ပူးပေါင်းကျင်းပခဲ့သည်။ ဓာတ်ပုံ – CJ

စူရတ်ဌာနီရှိ မြန်မာစာသင်ကျောင်းတွင် အာဇာနည်နေ့ကျင်းပ

Dawei Watch

July 19, 2023

၇၆ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီမြို့ရှိ မေတ္တာရိပ်မြန်မာစာသင်ကျောင်းတွင် ယနေ့ နံနက်က ကျင်းပခဲ့ကြသည်။