ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

တနင်္သာရီသတင်းမှတ်တမ်း (၂၀၂၆ စက်တင်ဘာ ၅-၁၁)

September 12, 2026

ဒီတစ်ပတ်ရဲ့ ထူးခြားတဲ့ သတင်းတွေထဲမှာတော့… အရပ်သား လေးဦးကို ပစ်သတ်တာ အပါအဝင် စစ်အာဏာရှင်တပ်က တိုင်းအတွင်း ပြည်သူတွေအပေါ် ကျူးလွန်နေတာတွေ၊ ရပ်ရွာလုံခြုံရေး အဖွဲ့ ဖွဲ့ဖို့ဆိုပြီး KNU က တစ်ရွာကို လူ ၁၀ ဦး တောင်းလို့ ဒေသခံတွေ တိမ်းရှောင်ကြတာ၊ ထိုင်း-မြန်မာနယ်စပ် မောတောင်ဂိတ်ကို စစ်အုပ်စုက ပြန်ဖွင့်ဖို့ ကြိုးပမ်းနေတာ စတဲ့ သတင်းတွေကို စုစည်းတင်ဆက်ထားပါတယ်။

အဘိုးအိုတွေ၊ ကျန်းမာရေးမကောင်းသူတွေကိုပါ မချန်တဲ့ စစ်အာဏာရှင်တပ်

▹ အဘိုးအိုအပါအဝင် အရပ်သားလေးဦးကို စစ်အာဏာရှင်တပ် ပစ်သတ်
▹ သရက်ချောင်း၊ မြိတ်နဲ့ မောတောင်တို့မှာ စစ်အာဏာရှင်တပ်ရဲ့ ကျူးလွန်မှုတွေ
▹ KNU က တစ်ရွာ လူ ၁၀ ဦး တောင်းလို့ ဒေသခံတချို့တိမ်းရှောင်
▹ မောတောင်ဂိတ် ပြန်ဖွင့်ဖို့ မျှော်လင့်နေတဲ့ စစ်အုပ်စု
▹ ဝါတွင်းကာလ ဥပါသကာအဖွဲ့တွေ အစုံအလင်ပြန်ထွက်လာတဲ့ ထားဝယ်

Dawei Watch ရဲ့ သတင်းအစီအစဉ်တွေကို လာမယ့် သီတင်းပတ်တွေမှာလည်း ဆက်လက်စောင့်မျှော် အားပေးကြဖို့ ဖိတ်ခေါ်ချင်ပါတယ်။ အားလုံးပဲ ဘေးကင်းကြပါစေ။