လေကြောင်းတိုက်ခိုက်မှုကြောင့် တစ်လအတွင်း တနင်္သာရီအပါအဝင် နိုင်ငံတစ်ဝန်း အမျိုးသမီး ၅၀ကျော် သေဆုံး
Dawei Watch
September 5, 2026မြန်မာနိုင်ငံတစ်ဝန်းတွင် ဩဂုတ်လအတွင်း စစ်အာဏာရှင်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၅၅ ဦး အသက်ဆုံးရှုံးကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က စက်တင်ဘာလ ၄ ရက်တွင် ထုတ်ပြန်သည်။ တနင်္သာရီ၊ ကရင်၊ မန္တလေး၊ ကရင်နီ (ကယား)၊ ပဲခူး၊ မကွေး၊ ချင်း၊ စစ်ကိုင်း၊ ရခိုင် စသည့် ပြည်နယ်နှင့်တိုင်း ကိုးခုတွင် အသက်ဆုံးရှုံးခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ သေဆုံးသူများအနက် အသက် ၁၈ နှစ်အောက် ခြောက်ဦးပါဝင်သည်။ ရခိုင်ပြည်နယ်တွင် သေဆုံးသူ ၁၇ ဦး၊ စစ်ကိုင်းတိုင်းတွင် ၁၃ ဦး၊ ချင်းပြည်နယ် ကိုးဦး၊ မကွေးတိုင်းတွင် ခြောက်ဦးဖြင့် အမျိုးသမီး သေဆုံးမှုနှုန်း အများဆုံးရှိခဲ့ပြီး ကျန်ဒေသ ငါးခုတွင်မူ တစ်ဦးမှ သုံးဦးကြား သေဆုံးကြောင်း ဖော်ပြသည်။ […]


