စစ်အာဏာရှင်တပ်က မြိတ်ခရိုင်အတွင်း နေအိမ် ကိုးလုံးမီးရှို့ပြီး၊ ဒေသခံနှစ်ဦးကို ပစ်သတ်
Dawei Watch
August 31, 2026“လမ်းဘေး သူတို့စီးလာတဲ့ ဆိုင်ကယ်နားမှာပဲ အလောင်းတွေကို ထားခဲ့တယ်။ နှစ်ယောက်လုံးက ယောက်ျားငယ်တွေ၊ စစ်ကြောင်းနဲ့တိုးပြီး ပစ်သတ်ခံရတယ်”
ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့
ကူညီပေးပါ“လမ်းဘေး သူတို့စီးလာတဲ့ ဆိုင်ကယ်နားမှာပဲ အလောင်းတွေကို ထားခဲ့တယ်။ နှစ်ယောက်လုံးက ယောက်ျားငယ်တွေ၊ စစ်ကြောင်းနဲ့တိုးပြီး ပစ်သတ်ခံရတယ်”
တနင်္သာရီမြို့မြစ် အန္တရာယ် ရေအမှတ်ကို ကျော်လွန်နေသလို ဆက်လက်တိုးနေသဖြင့် တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ရေကြီးနစ်မြုပ်နေပြီး လူဦးရေထောင်နှင့်ချီ ပြောင်းရွှေ့နေရကြောင်း ဒေသခံများက ပြောသည်။ ဩဂုတ်လ ၂၉ရက် နံနက်ပိုင်းမှစတင်ကာ တနင်္သာရီမြို့ပေါ်နှင့် ကျေးရွာအချို့ရှိ နေအိမ်များ ရေနစ်မြုပ်နေပြီး ယနေ့ ဩဂုတ်လ ၃၀ ရက်လည်း ရေထပ်တိုးနေကြောင်း ၎င်းတို့က ဆိုသည်။ ဩဂုတ်လ ၂၉ ရက်တွင် ရေဘေးလွတ်ရာ ပြောင်းရွှေ့ကြသူများလာပြီး လမ်းများတွင်လည်း ဆိုင်ကယ်ဖြင့် သွားလာ၍ မရတော့ဘဲ လှေအသုံးပြု သွားလာနေရကြောင်း ပဝရွာဒေသခံတစ်ဦးက ပြောဆိုသည်။ “တချို့အိမ်တွေက အိမ်ခေါင်မိုးပဲ ပေါ်တော့တယ်။ ရေက ဆက်တိုးနေတယ်။ နှစ်ထပ်အိမ်တွေဆိုလည်း ခြေတံ နိမ့်တဲ့အိမ်တွေ ရေစမြုပ်နေပြီ။ ပြောင်းရွှေ့တဲ့သူတွေက ပိုများလာတယ်” ဟု ၎င်းက ပြောသည်။ တနင်္သာရီမြို့ပေါ်နှင့် မြို့နယ်အတွင်းရှိ […]
တနင်္သာရီမြစ်ရေသည် ယနေ့ သြဂုတ်လ ၃၁ ရက် နံနက်တွင် အန္တရာယ်ရေအမှတ်ကို ကျော်လွန်သွားပြီဖြစ်ပြီး မြို့ပေါ်ရှိ နေအိမ်အချို့တွင် အပေါ်ထပ်အထိ ရေဝင်နေကြောင်း တနင်္သာရီမြို့ခံများက ပြောသည်။ တနင်္သာရီမြစ်ရေ၏ အန္တရာယ်ရေအမှတ်သည် ၂၄ ပေဖြစ်ပြီး ယနေ့ နံနက်တွင် ၂၄ ပေ ၆ လက်မကျော်နေပြီဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ မြစ်ရေတက်မှုကြောင့် မြို့ပေါ်ရပ်ကွက် နှစ်ခုဖြစ်သည့် ချောင်းကြီး၊ ချောင်းငယ် နှစ်ရပ်ကွက်စလုံး ရေဝင်နေပြီး မြို့၏ သုံးတစ်ပုံခန့် ရေလွှမ်းနေကြောင်း မြို့ခံတစ်ဦးက ပြောဆိုသည်။ “တချို့အိမ်တွေက အောက်ထပ်မြုပ်နေပြီ။ တချို့အိမ်တွေက အပေါ်ထပ်မှာပါ ရေဝင်နေပြီ။ အခြေအနေ စောင့်ကြည့်နေသူတွေလည်း ရွှေ့ကြပြောင်းကြတာတွေ စလုပ်နေကြပါပြီ” ဟု ၎င်းက ပြောသည်။ ယနေ့ မိုးရွာနှုန်း အနည်းငယ်နည်းနေပြီး မြို့တွင်းရှိ ရေကိုလည်း […]
တနင်္သာရီမြို့နယ်၊ ဇဝဲ-တကူလမ်းပိုင်းပေါ်ရှိ ရေခမ်းချောင်းရွာကို စစ်အာဏာရှင်တပ်စစ်ကြောင်း ဝင်ရောက်လာပြီးနောက် နေအိမ်အချို့ကို မီးရှို့ခဲ့ကြောင်း ဒေသခံများက ပြောသည်။ မြိတ်မြို့နယ်၊ တုံးဗျောရွာမှ တောလမ်းအတိုင်း စစ်ကြောင်းထိုးလာသည့် စစ်အာဏာရှင်တပ်ဖွဲ့သည် သြဂုတ်လ ၂၈ရက် နံနက်ပိုင်းတွင် ရေခမ်းချောင်းရွာသို့ ရောက်ရှိလာသည်။ ယင်းနောက် ညနေပိုင်းတွင် နေအိမ်အချို့ကို မီးရှို့ခဲ့ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “အိမ်တွေကိုလည်း မီးရှို့နေတယ်။ လက်နက်ကြီးတွေလည်း ပစ်နေတယ်။ မီးခိုးတွေ မြင်နေရတယ်” ဟု အထက်ပါ ဒေသခံက ဩဂုတ်လ ၂၈ရက် ညနေပိုင်းအခြေအနေကို ပြောဆိုသည်။ စစ်ကြောင်းဝင်ရောက်လာပြီးနောက် ရေခမ်းချောင်းရွာက ဒေသခံများထွက်ပြေးတိမ်းရှောင်သွားကြသဖြင့် ရွာထဲတွင် စစ်အာဏာရှင်တပ်သားများသာ ရှိခဲ့ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ “စစ်သား (စစ်အာဏာရှင်တပ်ဖွဲ့ဝင်) တွေ ဝင်လာရင် ကြောက်ပြီး ထွက်ပြေးနေရတယ်။ အနီးဝန်းကျင်က ရွာသားတွေလည်း ပြေးနေရတယ်” […]
တနင်္သာရီမြစ်ရေတက်လာသဖြင့် ယနေ့ ဩဂုတ်လ ၂၈ရက် နံနက်ပိုင်းတွင်တနင်္သာရီမြို့နယ်ရှိ ကျေးရွာအချို့ ရေကြီးနေကြောင်း ဒေသခံများက ပြောသည်။ မြစ်ရေတိုးလာသောကြောင့် ရေနစ်မြုပ်နေသည့် တစ်ထပ်အိမ်များသည် စတင်ပြောင်းရွှေ့နေကြပြီး ခြေတံရှည်အိမ်များမှာ ပြောင်းရွေ့ခြင်း မရှိသေးကြောင်း ထုံမခါရွာ ဒေသခံတစ်ဦးက ဆိုသည်။ “ရေက ညကတည်းက စတင်ဝင်လာတယ်။ လင်း(နံနက်) နဲ့ အိမ်တွေ၊ လမ်းတွေ မြုပ်နေပြီ။ ထုံမခါရွာမှာက သုံးအိမ်လေးအိမ်လောက် မြုပ်နေပြီ” ဟု အထက်ပါ ဒေသခံက ပြောဆိုသည်။ မြစ်ရေတိုးလာသောကြောင့် တနင်္သာရီမြို့နယ်အတွင်းရှိ မမသောင်ရွာ၊ ညောင်ပင်ကွင်းရွာ၊ ထုံမခါရွာ၊ လယ်တောင်ယာရွာ၊ မော်တုန်းရွာ၊ ပဝရွာနှင့် ကွင်းသစ်ရွာတို့တွင် မြေနိမ့်ပိုင်းရှိ နေအိမ်နှင့် လမ်းအချို့ ရေကြီးနစ်မြုပ်နေပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ တနင်္သာရီမြစ်နှင့် ဆက်စပ်နေသည့် ချောင်းများမှတစ်ဆင့် ရေများဝင်ရောက်လာသလို အင်းရေများ တိုးလာခြင်းကြောင့် […]
စစ်ကြောင်း ဝင်ရောက်လာတာကြောင့် ကျေးရွာ လေးရွာက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
မြိတ်မြို့နယ်၊ မဇောကျေးရွာအုပ်စု၊ သကန်ရွာဟောင်းရှိ ဒေသခံများသည် စစ်အာဏာရှင်တပ်က ဩဂုတ်လ ၂၇ရက် နောက်ဆုံးထားပြီး ရွာမှ အဓမ္မပြောင်းခိုင်းသဖြင့် ရွာလုံးကျွတ်ပြောင်းရွှေ့ရကြောင်း ဒေသခံများက ပြောသည်။ သြဂုတ်လ ၂၆ရက် ညနေတွင် စစ်အာဏာရှင်တပ်က သကန်ရွာဟောင်းရှိ ဒေသခံများကို ပြောင်းရွှေ့ခိုင်းသဖြင့် ဒေသခံများ ညတွင်းချင်း စတင်ရွှေ့ပြောင်းကြရကြောင်း ဒေသခံများက ဆိုသည်။ ၂၇ရက်တွင်လည်း ဆက်လက်ပြောင်းရွှေ့ကြပြီး လက်ရှိတွင် ရွာ၌ နေထိုင်သူ မရှိတော့ကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။ “တိရစ္ဆာန်တွေကို ထားခဲ့သူများလည်း ရှိတယ်။ လူပဲ အရင်ပြောင်းသွားကြတယ်။ ပြောင်းခိုင်းတော့ ကြောက်ပြီး ပြောင်းရတာပဲ” ဟု အထက်ပါဒေသခံက ပြောသည်။ သကန်ရွာဟောင်းတွင် နေထိုင်သူများသည် ကျွဲ၊ နွား၊ ဆိတ် စသည့် မွေးမြူရေးလုပ်ငန်း အဓိက လုပ်ကိုင်ကြပြီး ယခုပြောင်းရွှေ့သည့် အနီးဝန်းကျင်ရှိ […]
တနင်္သာရီမြစ်ရေသည် ယနေ့ နံနက်တွင် စိုးရိမ်ရေအမှတ် ၁၇ ပေ ထက် သုံးပေကျော်လာကြောင်း မြို့ခံများက ပြောသည်။ တနင်္သာရီမြစ်ရေသည် ရေအမြင့် ၁၇ ပေ ကို စိုးရိမ်ရေအမှတ်သတ်မှတ်ထားပြီး ရေအမြင့် ၂၄ ပေ ကို အန္တရာယ်ရေအမှတ် သတ်မှတ်ထားသည်။ လက်ရှိမှာ ၂၀ ပေ ၁၀ လက်မ အထိ ရေမြင့်တက်နေကြောင်း မြို့ခံများက ဆိုသည်။ ထို့ကြောင့် အန္တရာယ် ရေအမှတ်နှင့် သုံးပေကျော် အကွာသို့ ရောက်ရှိလာခြင်းဖြစ်သည်။ ရေတက်လာသဖြင့် တနင်္သာရီမြစ် တစ်လျှောက်ရှိ မြို့၊ ရွာများတွင် ရေကြီးရေလျှံကာ ကမ်းပါးပြိုကြောင်း ဒေသခံများထံမှ သိရသည်။ တနင်္သာရီမြို့တွင်မူ နေအိမ်အချို့ စတင်ရွှေ့ပြောင်းနေကြပြီ ဖြစ်ကြောင်း မြို့ခံတစ်ဦးက ဆိုသည်။ “လောလောဆယ် နေအိမ်တချို့ အောက်ထပ်ကနေ […]