စစ်အာဏာရှင်တပ်က တနင်္သာရီမြို့နယ်ရှိ စစ်ရှောင်စခန်းတစ်ခုကို မီးရှို့ဖျက်ဆီး
Dawei Watch
August 23, 2026စစ်အာဏာရှင်တပ်က တနင်္သာရီမြို့နယ်အတွင်းက တောတစ်ခုထဲတွင်ရှိသည့် စစ်ဘေးရှောင်စခန်းကို ဝင်ရောက်ပြီး နေအိမ်များနှင့် စပါးများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း စစ်ဘေးရှောင်ကူညီသူများနှင့် ထုတ်ပြန်ချက်အရ သိရသည်။ သြဂုတ်လ ၁၇ ရက်နေ့တွင် တနင်္သာရီမြို့နယ် သဲဖြူချောင်းဖျား (ဒေသအခေါ်) တွင်ရှိသည့် စစ်ဘေးရှောင်စခန်းကို စစ်အာဏာရှင်တပ်သားများ ရောက်လာပြီး နေအိမ်၊ စပါးနှင့် ဆိုင်ကယ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း စစ်ဘေးရှောင်ကူညီသူ တစ်ဦးက ဆိုသည်။ သဲဖြူချောင်းဖျားဒေသမှာ စစ်အာဏာရှင်တပ်က တပ်စွဲထားသော သဲဖြူရွာနှင့် အတော်အလှမ်းဝေးသော တောထဲတွင်တည်ရှိသည်။ စစ်အာဏာရှင်တပ်သားများသည် နေအိမ် ၄ လုံး၊ စပါး ၁၅၀ တင်း၊ ဆိုင်ကယ် ၅ စီး၊ ပစ္စည်းများနှင့် စားနပ်ရိက္ခာများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး၊ မြိတ်-ထားဝယ်ခရိုင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ စစ်အာဏာရှင်တပ်သားများသည် သြဂုတ်လ ၁၁ ရက်နေ့တွင် […]


