တနင်္သာရီမြစ်ရေ ညတွင်းချင်း ပြန်တက်လာပြီး မြစ်ကမ်းပါးပြိုကျမှုများ စဖြစ်
Dawei Watch
August 27, 2026တနင်္သာရီမြစ်ရေသည် ဩဂုတ်လ ၂၆ ရက် ညပိုင်းတွင် ညတွင်းချင်း ရေပြန်လည်တိုးလာသဖြင့် မြစ်ကမ်းနံဘေးရှိ ကျေးရွာများတွင် ကမ်းပါးပြိုကျမှုများ ဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။ ယခု ရေတိုးလာမှုသည် ဒုတိယအကြိမ် ပြန်လည်မြင့်တက်လာခြင်းဖြစ်ပြီး ယနေ့(ဩဂုတ် ၂၇) နံနက်ပိုင်းတွင် တနင်္သာရီမြစ်ကမ်းတစ်လျှောက်ရှိ ကျေးရွာအချို့၌ မြစ်ကမ်းပါးများပြိုကျကာ သစ်ပင်များ လဲကျသွားကြောင်း ရေပေါ်ရွာ ဒေသခံတစ်ဦးက ဆိုသည်။ “မိုးကတစ်နေ့နဲ့တစ်ည တအားရွာလိုက်တယ်။ တအားတိုးလာတယ်။ အသံအကျယ်ကြီးကြားရတယ်။ မနက်ကမြေပြိုတာ ရေပေါ်(ရွာ)မှာကို နှစ်နေရာပြိုကျတယ်။ ပထမအကြိမ်ရေကြီးပြီး ပြန်ဆင်းတုန်းကလည်း မြေတွေ ပြိုသေးတယ်” ဟု အထက်ပါ ဒေသခံက ပြောသည်။ ထို့အပြင် တနင်္သာရီမြစ်အတွင်းရှိ ဒေသခံများ သီးနှံစိုက်ပျိုးထားသည့် သဲသောင်ကျွန်းများလည်း ရေမြုပ်သွားပြီး မြစ်ကမ်းတစ်လျှောက် မြေပြိုမှုများ ဆက်လက်ဖြစ်ပွားနေကြောင်း တကူရွာ ဒေသခံတစ်ဦးက ပြောသည်။ […]


