ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မြိတ်

ဖာနီနှင့် ဇဝဲရွာရှိ မူးယစ်ဆေးဝါး ရောင်း၊ဝယ်သူများကို တော်လှန်ရေးတပ်က ခေါ်ယူသတိပေး

Dawei Watch

August 15, 2026

တနင်္သာရီမြို့နယ်၊ ဇဝဲကျေးရွာအုပ်စု ဇဝဲရွာနှင့် ဖာနီရွာရှိ မူးယစ်ဆေးဝါး ရောင်းဝယ်သူ ၆ ဦးကို တော်လှန်ရေးတပ်ဖွဲ့ဝင်များက ခေါ်ယူသတိပေးခဲ့ကြောင်း ဒေသခံနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။ ဩဂုတ်လ ဒုတိယပတ်အတွင်း ဇဝဲနှင့် ဖာနီရွာရှိ မူးယစ်ဆေးဝါး ရောင်းဝယ်သူ ၆ ဦးကို တော်လှန်ရေးတပ်များက နေအိမ်များတွင် သွားရောက်ဖမ်းဆီး၍ တစ်နေရာသို့ ခေါ်ဆောင်ကာ သတိပေးခဲ့ခြင်းဖြစ်ကြောင်း ဖမ်းဆီးရာတွင် တာဝန်ရှိသူ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ နေအိမ်တွင် ဝင်ရောက်ဖမ်းဆီးပြီးနောက် အနီးအနားရှိ ရွာတစ်ရွာ၏ အိမ်တွင် နှုတ်ဖြင့် စစ်ဆေးမေးမြန်းပြီးနောက် ပြန်လွှတ်ပေးခဲ့ကြောင်း၊ ရိုက်နှက်ခြင်းနှင့် ငွေတောင်းခြင်းမျိုး မလုပ်ခဲ့ကြောင်း ၎င်းကဆိုသည်။ “သွားခေါ်ခိုင်းပြီး သတိပေးပြောဆိုပြီး ပြန်လွှတ်လိုက်တယ်။ နောက်တစ်ခါ အဲဒီလိုလုပ်ရင် တရားဥပဒေအရ ဆောင်ရွက်မယ်။ ဒီတစ်ခါတော့ လွှတ်ပေးလိုက်မယ်ပြောပြီး ပြန်လွှတ်လိုက်တယ်။ သူတို့ဘက်ကနေ သုံးယောက်က […]

တနင်္သာရီမြို့နယ်ရှိ တောင်သူများ ဒူးရင်းသီး ဈေးကောင်းရသော်လည်း အမြတ်မကျန်

Dawei Watch

August 15, 2026

တနင်္သာရီမြို့နယ်ဝန်းကျင် ရွာများရှိ တောင်သူများသည် ဒူးရင်းသီး ဈေးကောင်းရသော်လည်း သယ်ယူစရိတ်နှင့် ဂိတ်ကြေးများ ဈေးတက်လာသဖြင့် အမြတ်မကျန်ကြောင်း တောင်သူများထံမှ သိရသည်။ ဇွန်လလယ်မှစ၍ ဩဂုတ်လအထိ ဒူးရင်းသီး သီးလေ့ရှိကြောင်း၊ ယခုနှစ်တွင် ဒူးရင်းသီး ဈေးကောင်းရသော်လည်း မြိတ်မြို့သို့ တင်ပို့ရာတွင် ကားခနှင့် ဂိတ်တွင် ပေးဆောင်ရသည့် ငွေပမာဏ များလာသဖြင့် အမြတ်မကျန်ကြောင်း တပ်ဦးရွာ ဒူးရင်းသီးခြံပိုင်ရှင်တစ်ဦးက ဆိုသည်။ ပြီးခဲ့သည့်နှစ်တွင် ဒူးရင်းသီး အကြီးတစ်လုံးကို ၁၅,၀၀၀ ကျပ် ဝန်းကျင်မှ ယခုနှစ်တွင် ကျပ် နှစ်သောင်းဝန်းကျင်နှင့် အငယ်တစ်လုံးကို ၅,၀၀၀ ကျပ်မှ ၉,၀၀၀ ကျပ်အထိ ဈေးရကြောင်း ၎င်းက ဆိုသည်။ “ဒူးရင်းသီးကို အရင်ကတည်းက ဘိတ် (မြိတ်) ပို့တယ်။ အခုက ကားခဈေးကြီးပြီး အရင်နှစ်ကထက် သုံးဆပိုပေးရတယ်။ […]

ပုလောမြို့နယ် ပင်လယ်ဘက်ရှိ စစ်ဘေးရှောင်တစ်ရာကျော် စားနပ်ရိက္ခာနှင့် ဆေးဝါး ထောက်ပံ့မှုလို

Dawei Watch

August 13, 2026

ပုလောမြို့နယ်၊ ပင်လယ်နှင့် နီးသည့်နေရာများတွင် တိမ်းရှောင်နေသည့် စစ်ဘေးရှောင်တစ်ရာကျော်တွင် စားနပ်ရိက္ခာနှင့် ဆေးဝါးများ ထောက်ပံ့မှုလိုအပ်နေကြောင်း စစ်ဘေးရှောင်များထံမှ သိရသည်။ ဇူလိုင်လ အစမှစ၍ မြိတ်-ထားဝယ်ပြည်ထောင်စုလမ်းပိုင်းရှိ ပလမြို့လမ်းပိုင်းတွင် စစ်အာဏာရှင်တပ်က စစ်ကြောင်း ထိုးလာသဖြင့် ကြဲနှင့် ဇရိပ်ဆိပ်ရွာသားများ အများစု ပင်လယ်ဘက်တွင် တိမ်းရှောင်နေရကြောင်း ၎င်းတို့က ပြောသည်။ ယင်းသို့ တိမ်းရှောင်နေသူ တစ်ရာကျော်ရှိပြီး စားနပ်ရိက္ခာများ ပြတ်တောက်နေပြီဖြစ်ကြောင်း စစ်ဘေးရှောင်များက ဆိုသည်။ “အိမ်က ပါလာတဲ့ စားနပ်ရိက္ခာတွေလည်း ကုန်ပြီ။ စားနပ်ရိက္ခာ ထောက်ပံ့တာတွေ လိုအပ်နေတယ်။ အခုက ငါးတွေရှာပြီး ရတာနဲ့ ဝယ်စားနေပေမယ့် လုံလောက်မှု မရှိဘူး” ဟု စစ်ဘေးရှောင်တစ်ဦးက ပြောဆိုသည်။ စျေးဆိုင်ရှိသည့် အခြားရွာများသို့ သွားသည့် လှေကြုံရှိလျှင် မှာယူနေရကြောင်း စစ်ဘေးရှောင် အခြားတစ်ဦးက ပြောသည်။ […]

စစ်အာဏာရှင်တပ်က ဇဝဲ-တကူလမ်းပိုင်းတွင် စစ်ဆေးရေးဂိတ်ချပြီး ကုန်စည်သယ်ယူခွင့်ပိတ်

Dawei Watch

August 13, 2026

တနင်္သာရီမြို့နယ်၊ ဇဝဲကျေးရွာတွင် စစ်အာဏာရှင်တပ်မှ စစ်ဆေးရေးဂိတ်ချပြီးနောက် ကုန်စည်သယ်ယူခွင့်များ ပိတ်ပင်လာကြောင်း ဒေသခံများထံမှ သိရသည်။ ဩဂုတ်လ ၁၀ ရက်နေ့မှစ၍ ဇဝဲကျေးရွာအခြေစိုက် စစ်အာရှင်တပ် အမှတ် (၅၅၆) ခြေမြန်တပ်ရင်းမှ တပ်သားများသည် ဇဝဲ-တကူလမ်းပိုင်းတွင် စစ်ဆေးရေးဂိတ်ချပြီး ကုန်စည်သယ်ယူခွင့် ပိတ်ပင်လိုက်ကြောင်း ဒေသခံများက ဆိုသည်။ ဇဝဲ-တကူလမ်းကို မြိတ်-တနင်္သာရီ ပြည်ထောင်စုလမ်းမကြီးမှတစ်ဆင့် ဝင်ရပြီး ဇဝဲကျေးရွာ အုပ်ချုပ်ရေးရုံးရှေ့တွင် ဂိတ်ချပြီး တင်းကျပ်စွာ စစ်ဆေးနေကြောင်း အထက်ပါ ဒေသခံများက ပြောသည်။ စစ်အာဏာရှင်တပ်က ကုန်စည်သယ်ယူခွင့်ကို ပြီးခဲ့သည့်နှစ်ကတည်းက တင်းကျပ်ထားသော်လည်း ဆိုင်ကယ်ဖြင့် အနည်းငယ် သယ်ယူ၍ရသေးကြောင်း၊ ယခု ဂိတ်ချပြီးနောက် လူပဲ ဖြတ်သန်းသွားလာခွင့်ပေးတော့ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ လူဖြတ်သန်းသွားလာမည်ဆိုပါက မှတ်ပုံတင်များ စစ်ဆေးလျက်ရှိပြီး မှတ်ပုံတင်မရှိပါက ဒဏ်ကြေးပေး၍ ဖြတ်နေရကြောင်း ၎င်းက […]

တောထဲတိမ်းရှောင်နေသည့် မောတောင်ဒေသခံ ၂၅၀၀ ကျော် စားနပ်ရိက္ခာအခက်အခဲကြုံ

Dawei Watch

August 10, 2026

ရွာပြန်ပြီး စားနပ်ရိက္ခာ ပြန်ယူဖို့ ရက်နဲ့ချီကြာ သွားလာရမှာဖြစ်သလို ဝယ်ယူလို့ရတဲနေရာလည်း မရှိဘူးလို့ ဆိုပါတယ်။

ရေးမြောက်ပိုင်း တိုက်ပွဲတွင် နှစ်ဖက်ထိခိုက်သေဆုံး

Dawei Watch

August 10, 2026

စစ်အာဏာရှင်တပ် စစ်ကြောင်းကို တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဘက်က လက်ဦးမှုယူ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ရွာတွင်ဝယ်စားနိုင်သူနည်းလာ၍ ဘန်းသဲရွာမှ တံငါသည်များ မြို့ပေါ်တက် ငါးရောင်းနေရ

Dawei Watch

August 7, 2026

တနင်္သာရီမြို့နယ်၊ ဆင်ခြေဖုံး ကျေးရွာအုပ်စု၊ ဘန်းသဲရွာတွင် ငါးဝယ်စားနိုင်သူ နည်းပါးလာသဖြင့် တံငါသည်များ တနင်္သာရီမြို့ပေါ်ဈေးသို့ သွားရောက်ရောင်းချနေရကြောင်း တံငါသည်များနှင့် ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့်နှစ်များတွင် ဘန်းသဲရွာရှိ တံငါသည်များမှာ ရွာအတွင်းတွင်ပင် ငါးများရောင်းချပြီး ရပ်တည်နေကြခြင်းဖြစ်သည်။ ယခုနှစ်ဇူလိုင်လမှစ၍ ဘန်းသဲရွာရှိ မြစ်ချောင်းများတွင် ငါးရှားပါးလာပြီး ဈေးတက်လာသည့်အတွက် ဝယ်စားနိုင်သူ နည်းပါးလာကြောင်း တံငါသည်တစ်ဦးက ဆိုသည်။ “ငါးကလည်း ဈေးတက်လာတော့ သိပ်မဝယ်စားနိုင်ဘူး။ တအားစားချင်လာရင်တောင် ၅၀ သားလောက်ပဲ ဝယ်စားဖြစ်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ ပြီးခဲ့သည့်နှစ်တွင် တစ်ရက်လျှင် ငါး ၃ ပိဿာနှင့် ၄ ပိဿာဝန်းကျင်ရပြီး၊ ယခုနှစ်တွင် တစ်ရက်လျှင် ငါး ၁ ပိဿာခန့်သာရပြီး ၂ ပိဿာရသည့်နေ့ပင် ရှားလာကြောင်း တံငါသည်များထံမှသိရသည်။ “ရှာရတာလည်း ပိုပင်ပန်းလာတယ်။ […]

လမိုင်းကော့နှင့် အလယ်ပိုင်းရွာ ဗုံးကြဲမှုတွင် ဂျိုင်ရိုကော်ပတာသုံးစင်းအသုံးပြု

Dawei Watch

August 5, 2026

တနင်္သာရီမြို့နယ်၊ တကူကျေးရွာအုပ်စုရှိ လမိုင်းကော့နှင့် အလယ်ပိုင်းရွာတို့ကို စစ်အာဏာရှင်တပ်က ဗုံးကြဲတိုက်ခိုက် ရာတွင် ဂျိုင်ရိုကော်ပတာ သုံးစင်းအသုံးပြုခဲ့ကြောင်း မျက်မြင်တွေ့ရှိသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံများက ပြောသည်။ သြဂုတ်လ ၄ ရက် ညနေ ၄ နာရီတွင် လမိုင်းကော့ရွာကို စစ်အာဏာရှင်တပ်က ဂျိုင်ရိုကော်ပတာဖြင့် ဗုံးနှစ်လုံးကြဲချ တိုက်ခိုက်ရာ အမျိုးသမီးကြီးတစ်ဦး ဗုံးစထိမှန်၍ သေဆုံးပြီး နေအိမ်နှစ်ဆောင် ထိခိုက်ပျက်စီးကြောင်း တော်လှန်‌ရေး တပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ နေအိမ်တွင် ဗုံးကျရောက်ပေါက်ကွဲကာ မီးလောင်ပြီး နံဘေးရှိ အိမ်ကိုပါ မီးကူးသွားကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။ “မီးကိုတော့ ရွာသားတွေ ဝိုင်းငြှိမ်းလိုက်တယ်။ (ဗုံး) အစထိပြီး အိမ်မှာ အပေါက်တွေဖြစ်ကုန်တယ်။ တော်တော်များများ လောင်သွားတယ်” ဟု အထက်ပါဒေသခံက ပြောသည်။ လမိုင်းကော့ရွာကို ဗုံးချတိုက်ခိုက်ပြီးနောက် အလယ်ပိုင်းရွာထဲကိုလည်း […]