ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မြိတ်

မြိတ်-ကော့သောင်းလမ်းတွင် တံတားငယ်တစ်စင်းပျက်စီးသဖြင့် သွားလာရေးခက်

Dawei Watch

August 4, 2026

လက်တလောတွင် ကားအငယ်နှင့် ဆိုင်ကယ်များ တံတား၏ တစ်ခြမ်းတွင် ရှောင်ကွင်း၍ သွားလာ၍ ရနေသေးသော်လည်း ကားအကြီးများ သွားလာ၍ မရကြောင်း ယာဥ်မောင်းများထံမှ သိရသည်။

စစ်အာဏာရှင်တပ်က လမိုင်းကော့ရွာကို ဗုံးကြဲ

Dawei Watch

August 4, 2026

တကူကျေးရွာအုပ်စုသည် တော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည်မှာ လေးနှစ်ကျော်ပြီဖြစ်ပြီး စစ်အာဏာရှင်တပ်က မကြာခဏဆိုသလို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လေ့ရှိသည်။

ပုလောတွင် စစ်အာဏာရှင်တပ် ဒရုန်းဗုံးချသဖြင့် ဒေသခံအမျိုးသားကြီးတစ်ဦးသေဆုံး

Dawei Watch

August 4, 2026

ပုလောမြို့နယ်၊ ဇရပ်ဆိပ်ကျေးရွာအုပ်စုရှိ ဆယ်အိမ်စုရွာကို စစ်အာဏာရှင်တပ်က ဒရုန်းဖြင့် ဗုံးချသောကြောင့် အမျိုးသားကြီးတစ်ဦး သေဆုံးကြောင်း ဒေသခံများက ပြောသည်။ ဇရပ်ဆိပ်ကျေးရွာအုပ်စုအနီးရှိ စက်တော်ရာကျေးရွာတွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ်က ဇူလိုင်လ ၃၁ရက် မွန်းလွဲ ၂နာရီခန့်တွင် ဆယ်အိမ်စုရွာကို ဒရုန်းဖြင့် ဗုံးချခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ စက်တော်ရာရွာသည် ပုလော-မြိတ် ပြည်ထောင်စုလမ်း ဘေးတွင် ရှိသည်။ အသက် ၆၀ အရွယ် ဒေသခံအမျိုးသားသည် ဇနီးဖြစ်သူကို ဥယျာဉ်ခြံမှ ကျေးရွာရှိ နေအိမ်သို့ ပြန်လည်ပို့ဆောင်စဉ် ဒရုန်းဖြင့်ချသည့် ဗုံး၏ အစထိမှန်ကာ သေဆုံးခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။ စစ်အာဏာရှင်တပ်က ဒရုန်းဖြင့် ဗုံးချသည့် အကြောင်းအရင်းကိုမူ သေသေချာချာ မသိရသေးပေ။ ဇူလိုင်လ ၂၆ရက်ကလည်း ပုလောမြို့နယ် ဘိုင်းပြင်ရွာတွင် စားနပ်ရိက္ခာဝင်ယူသည့် သူသုံးဦးကို […]

တုံးဗျောရွာအုပ်စုကို စစ်အာဏာရှင်တပ် အင်အားရာချီဖြင့် စစ်ကြောင်းထိုး၊ တိုက်ပွဲပြင်းထန်ဖြစ်

Dawei Watch

August 3, 2026

ဇူလိုင်လ ၃၁ ရက်တွင် စစ်အာဏာရှင်တပ်သည် မြိတ်မြို့မှ တုံးဗျောကျေးရွာအုပ်စုသို့အင်အား ၃၀၀ ခန့်ဖြင့် ရောက်ရှိလာကြောင်း ဒေသခံတစ်ဦးက ပြောသည်။

စစ်အာဏာရှင်တပ်က တပိုရွာ၊ ကြဲရွာအပါအဝင် စစ်ရှောင်ရွာများတွင် နေအိမ်ဖောက် ပစ္စည်းယူ

Dawei Watch

July 31, 2026

ပုလောမြို့နယ်၊ ပလမြို့၊ တပိုရွာ၊ ကြဲရွာနှင့် စစ်ဘေးရှောင်နေရသည့် ရွာများတွင် စစ်အာဏာရှင်တပ်က ဦးဆောင်ပြီး နေအိမ်များမှ ပစ္စည်းများကို ဖောက်ထွင်းခိုးယူနေကြောင်း ဒေသခံများထံမှ သိရသည်။ “အိမ်တံခါးပါခွာတယ်။ တအားဆိုးတယ်။ စစ်ဘေးရှောင်တဲ့ ရွာတွေမှာ တော်တော်ဆိုးတယ်” ဟု အထက်ပါ ဒေသခံကပြောသည်။ ဇူလိုင်လ ဒုတိယပတ်မှစ၍ ပလမြို့ဝန်းကျင်နှင့် ပုလော-ပြည်ထောင်စုလမ်းပိုင်းတွင် တိုက်ပွဲများ ဖြစ်ပွားနေသောကြောင့် ဒေသခံများ နေရပ်စွန့်ခွာထွက်ပြေးနေရကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ ပြည်ထောင်စုလမ်းမပေါ်ရှိ စစ်ဘေးရှောင်နေသည့် ရွာများနှင့် တပိုရွာ၊ ကြဲရွာတို့တွင် စစ်အာဏာရှင်တပ်သားများက ဦးဆောင်ကာ နေအိမ်များ ဖောက်ထွင်းခိုးယူနေပြီး သံတိုသံစ ရောင်းဝယ်သူအချို့ကလည်း ယင်းသို့ပင်ဖောက်ထွင်းခိုးယူနေကြောင်း ၎င်းက ဆိုသည်။ ကြဲရွာတွင် ပြီးခဲ့သည့်နှစ်မှစ၍ နေအိမ်များရှိ ပစ္စည်းများကို ဖောက်ထွင်းယူခဲ့ကြပြီး ယခုနှစ် ဇူလိုင်လတွင်မူ ကျန်နေသေးသည့် ပစ္စည်းမှန်သမျှကို ယူကြကြောင်း […]

စီးပွားရေး အဆင်မပြေ၍ ဘုတ်ပြင်းတွင် ဝါတွင်းဥပုသ်ရက် တစ်ဦးတည်းအလှူရှင် နည်းလာ

Dawei Watch

July 30, 2026

ဘုတ်ပြင်းမြို့နယ်ရှိ ကျေးရွာအချို့တွင် စီးပွားရေးကျပ်တည်းမှုကြောင့် ဝါတွင်းဥပုသ်ရက် တစ်ဦးတည်းအလှူရှင်များ နည်းပါးလာသည့်အတွက် စုပေါင်းလှူဒါန်းနေရကြောင်း ဒေသခံများထံမှ သိရသည်။ မနိုးရုံး၊ ဘန်ဂလား၊ ထောင်ကမတ်၊ ရေငံကြီး၊ အလယ်မန် စသည့် ကျေးရွာအုပ်စုများတွင် ဝါတွင်းဥပုသ်ရက်များအတွက် တစ်ဦးတည်းအလှူရှင်က လှူမည့်ရက်ကို ကြိုတင်သတ်မှတ်ပြီး ခွဲဝေထားလေ့ရှိသည်။ ဥပုသ်ရက်တွင် ဘုန်းကြီးကျောင်းရှိ သံဃာများ၊ ဥပုသ်လာစောင့်သူများနှင့် ဖိတ်ကြားထားသူများကို ထမင်း၊ ဟင်းများ ချက်ပြုတ်ကျွေးမွေးပြီး လှူဒါန်းကြခြင်းဖြစ်သည်။ ယခုနှစ် ဝါဝင်ချိန်တွင်မူ စစ်ရေးအခြေအနေနှင့် ကုန်ဈေးနှုန်းကြီးနေခြင်းကြောင့် ဒေသခံများ ငွေကြေးကျပ်တည်းလာပြီး တစ်ဦးတည်းအလှူရှင် မရှိသလောက် နည်းပါးသွားကြောင်း ဒေသခံအချို့က ပြောသည်။ ပြီးခဲ့သည့်နှစ်က တစ်ဦးတည်းအလှူရှင်များ ရှိခဲ့သော်လည်း ယခုနှစ်တွင်မူ ငွေကြေးချောင်လည်သူများပင် မလှူနိုင်တော့ကြောင်း မနိုးရုံးကျေးရွာအုပ်စုနေ အမျိုးသမီးတစ်ဦးက ဆိုသည်။ “ကုန်ဈေးနှုန်းတွေပဲ တက်တက်လာတယ်။ ရောင်းရေးဝယ်ရေး အလုပ်အကိုင်တွေက အဆင်မပြေဘူး။ […]

စစ်အာဏာရှင်တပ်က မိန်းမမြို့ရွာကို မီးရှို့

Dawei Watch

July 30, 2026

ပလမြို့၊ မိန်းမမြို့ရွာကို ယနေ့ (ဇူလိုင် ၃၀) နံနက်ပိုင်းတွင် စစ်အာဏာရှင်တပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီးနောက် နေအိမ်အချို့ကို မီးရှို့နေကြောင်း ဒေသခံများထံမှ သိရသည်။ “မီးရှို့နေတာ မီးခိုးတက်နေတာ တွေ့နေရတယ်။ ဘယ်နေရာကို ရှို့နေတာလဲ အတိအကျ မသိရသေးဘူး” ဟု အထက်ပါ ဒေသခံက ပြောသည်။ ဇူလိုင်လ ဒုတိယအပတ်တွင် မိန်းမမြို့ရွာကို စစ်အာဏာရှင်တပ်က စစ်ကြောင်းထိုးလာသဖြင့် တော်လှန်ရေးတပ်များနှင့် ထိတွေ့မှုဖြစ်ပြီးနောက် ရွာသားများ စစ်ဘေးရှောင်ထွက်ပြေးနေကြ၍ ရွာထဲတွင် လူမရှိဟု ဒေသခံများကဆိုသည်။ မိန်းမမြို့ရွာမှ တော်လှန်ရေးတပ်များ ဆုတ်ခွာပြီးနောက် စစ်အာဏာရှင်တပ်စစ်ကြောင်းသည် ရွာသို့ အဝင်အထွက်လုပ်နေကြောင်း ဒေသခံနောက်တစ်ဦးက ဆိုသည်။ “ခုလောက်ဆို မီးငြိမ်းနေလောက်ပြီ။ မိုးလည်း (၂ နာရီ ၃၀ မိနစ်က) ရွာနေတယ်ဆိုတော့။ စစ်ကြောင်းက ပေါ်လိုက် ပျောက်လိုက်ပဲ” ဟု […]

ပုလောရှိ ပြည်ထောင်စုလမ်းပိုင်းကို စစ်အာဏာရှင်တပ် ပြန်ထိန်းချုပ်

Dawei Watch

July 28, 2026

ပုလော-မြိတ် ပြည်ထောင်စုလမ်းမပေါ်ရှိ ဇရပ်ဆိပ်၊ မင်းပြင်၊ ဘိုင်းပြင်ရွာနှင့် မိန်းမမြို့တို့ကို စစ်အာဏာရှင်တပ်က တိုက်ခိုက်ထိန်းချုပ်ထားသည်။