ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်းဆောင်းပါး

မဲခေါင်မြစ်ကို အဆိပ်ခတ်နေသည့် မြေရှားသတ္တုမိုင်းများ

Dawei Watch

May 28, 2026

စိုင်မြစ် (Sai River) နှင့် ရုအက်မြစ် (Ruak River) ကဲ့သို့သော အခြားမဲခေါင်မြစ်လက်တက်များ တွင်လည်း အပြင်းစား သတ္တုညစ်ညမ်းမှု မြင့်မားနေသည်ကို ထိုင်းသိပ္ပံပညာရှင်များ စစ်ဆေးတွေ့ရှိထားသည်။

မြန်မာ့ဇီဝ တံတိုင်းပြိုလဲခြင်း

Dawei Watch

February 15, 2026

By Dawei Watch & Lighthouse Reports This story was supported by the Pulitzer Center Rainforest Reporting Grant.This story was produced with support from the Environmental Reporting Collective (ERC). သိန္ဓောရွာမှ ကြိုဆိုပါသည်။ ရွာကိုဖြတ်ပြီး ဆိုင်ကယ်ဖြင့် ၈ မိနစ်ခန့်သွားလိုက်ချိန်တွင် တွင်းကြီးများ မြေစာပုံကြီးများကို အနီးကပ်မြင်လိုက်ရသည်။ ပေ ၄၀ ကျော်ခန့် နက်သည့် ချိုင့်ခွက်ကြီးများကလည်း အစီအရီ၊ သစ်ပင်မရှိတော့သည့် တောင်ကတုံးများကလည်း ဝန်းရံလျက်ရှိနေသည်။ တနင်္သာရီအမျိုးသားဥယျာဉ်ထဲတွင်တည်ရှိသည့် သိန္ဓောရွာသည် ယခင်ဥယျာဉ်ခြံစိုက်ပျိုးမှုဖြင့် အသက်မွေးကြသော်လည်း စစ်အာဏာသိမ်းပြီး နောက်ပိုင်းတွင် တစ်ရွာလုံးနီးပါး ခဲမိုင်းတူးသူများ အဖြစ် […]

ထိုင်း‘မူကထ’ဆိုင်များတွင် ပြာဖြစ်သွားသည့် မြန်မာ့ဒီရေတောများ

Dawei Watch

June 28, 2025

ထိုင်းနိုင်ငံတွင် ‘မူကထ’ ဆိုင်များမှာ လူကြိုက်များသည့် စားသောက်ဆိုင်များဖြစ်ပြီး ထိုင်းနိုင်ငံအနှံ့တွင် တွေ့နိုင်သလို စားသုံးသူများဖြင့် စည်ကားနေလေ့ရှိသည်။ ယင်းစားသုံးသူများမှာ မြန်မာနိုင်ငံရှိ ဒီရေတောများ ပျက်စီးစေရေးအတွက် တစ်နည်းတစ်ဖုံ ပါဝင်ကူညီနေသူများ ဖြစ်နေသည်ကိုတော့ သတိပြုမိဟန်မတူကြပေ။ ထိုင်းနိုင်ငံတွင် ‘မူကထ’ ဆိုင်များ ရောင်းအားကောင်းနေသည်နှင့်အမျှ မြန်မာနိုင်ငံရှိ ဒီရေတောများ ပိုမိုပျောက်ကွယ်လာသည်။ မူကထ ဆိုသည်မှာ အဝစား အကင်ဆိုင်များဖြစ်ပြီး ဒယ်အိုးခုံးပေါ်တွင် အသားနှင့် ပင်လယ်စာများတင်၍ ကင်ပြီးစားကြခြင်းဖြစ်သည်။ ဒယ်အိုးအခုံး ပတ်ပတ်လည်တွင် အရည်ထည့်ရသည့် မြောင်းပါသဖြင့် အကင်များမှ ကျလာသည့် အရည်များမှာ ယင်းမြောင်းထဲရှိ အရည်များအတွင်း စီးဝင်ပြီး အရသာရှိသည့် ဟော့ပေါ့ကိုလည်း တွဲဖက်စားသုံးနိုင်သဖြင့် လူကြိုက်များခြင်းဖြစ်သည်။ ယင်းမူကထဆိုင် ထောင်ပေါင်းများစွာအတွက် မရှိမဖြစ်ပစ္စည်းက မီးခိုးအထွက်နည်းပြီး မီးတောက်အားကောင်းသည့် အရည်အသွေးကောင်း မီးသွေးပင်ဖြစ်သည်။ ယင်းမီးသွေးမှာ မီးအားကောင်းကာ […]

မြေလွှာကိုဖွင့် ပြည်ကို ဖျက်အံ့

Dawei Watch

January 5, 2025

ခေတ်ဆိုးချိန် တနင်္သာရီမှ မိုးဦးကျ သတ္တုမှိုတွင်းများ ကိုမောင်တူးတစ်ယောက် ကွမ်းသီးခြံ ၆ ဧက ကို ဒေသပေါက်ဈေးထက် ၇ ဆနီးပါး ဈေးပိုပေးပြီး ဝယ်လိုက်သည်။ ဘုတ်ပြင်းမြို့နယ်ရှိ ယင်းဥယျာဉ်ခြံကို ကျပ်သိန်းနှစ်ထောင်ဝန်းကျင်ဖြင့် ယခုနှစ် ဇူလိုင်လက ဝယ်ယူခဲ့ခြင်းဖြစ်သည်။ ဈေးကြီးပေးဝယ်ထားသည့် ဥယျာဉ်ခြံအတွင်း ကွမ်းသီးပင်များ စိုက်ပျိုးထားသော်လည်း ကွမ်းသီးမည်မျှထွက်မည်ကို ကိုမောင်တူး လုံးဝစိတ်မဝင်စား။ သူစိတ်ဝင်စားသည်က ဥယျာဉ်ခြံမြေကြီးအတွင်းရှိ ခဲသတ္တုများများ ထုတ်ယူနိုင်ရေးပင်။ ကိုမောင်တူး ဈေးကြီးပေးဝယ်လိုက်သည့် နေရာဝန်းကျင်တွင် ခဲသတ္တုမထွက်သည့် ဥယျာဉ်ခြံတစ်ဧကဈေးက ကျပ်သိန်းငါးဆယ်ပင် မပြည့်ပေ။ “ခဲဈေးကောင်းရင် မြေဈေးကောင်းတယ်။ ခဲဈေးနဲ့ ခဲမြေဈေးက ထပ်တူအချိုးကျတဲ့သဘောရှိတယ်။ ကိုယ်က ဒီမြေကိုဝယ်မယ်သေချာရင် သူတို့ခေါ်တဲ့ဈေးပေးရလိမ့်မယ်”ဟု ကိုမောင်တူးက ပြောသည်။ အာဏာသိမ်းပြီးနောက်ပိုင်း တနင်္သာရီတိုင်းအတွင်းရှိ ကွမ်းသီးတော၊ ဒူးရင်းတော၊ ​ရော်ဘာတောအဖြစ်မှ သတ္တုလုပ်ကွက်အဖြစ် အသွင်ပြောင်းသွားခဲ့ရသည့် […]

အာဏာသိမ်းပြီးနောက် ဆယ်ဆ၊ ဆယ်ဆ – ရွှေမုဆိုးတို့၏ အာခံတွင်းမှ ကြိုးဝိုင်းသစ်တော

Dawei Watch

September 28, 2023

Dawei Watch စုံစမ်းဖော်ထုတ်ရေးသားသည်။ တနင်္သာရီ သဘာဝသစ်တောကြိုးဝိုင်းအတွင်းရှိ ချောင်းလေးမှာ ချိုင့်ခွက်ပေါင်းများစွာ၊ တွင်းပေါင်းများစွာဖြင့် ပျက်စီးလာနေပြီး တစ်နေ့တစ်ခြား ပျက်စီးသည့် ဧရိယာမှာ သိသိသာသာ ပိုမိုကျယ်လာနေသည်။ ယင်းချောင်းလေးမှာ အာဏာသိမ်းပြီးနောက်ပိုင်း အချိန်တိုအတွင်းမှာပင် လုံးဝပျက်စီးသွားခြင်းဖြစ်သည်။ လက်နက်ကိုင် အဖွဲ့များဖြင့် ပူးပေါင်းကာ လုပ်ဆောင်နေသည့် တရားမဝင် ရွှေတူးလုပ်ငန်းများမှာ စိတ်ရှိတိုင်း လုပ်နေကြခြင်းကြောင့် ယင်းသို့ ကာလတိုအတွင်း မြန်မြန်ဆန်ဆန်ပျက်စီး သွားခြင်းဖြစ်သည်။ စင်ကာပူနိုင်ငံထက် နှစ်ဆကျော်ကျယ်ဝန်းသည့် တနင်္သာရီသဘာဝကြိုးဝိုင်းအတွင်းရှိ ဇင်းဘာချောင်းမှာ ချောင်းပုံသဏ္ဌာန်မရှိတော့ဘဲ လမျက်နှာပြင်ကဲ့သို့ ဖြစ်သွားသည်။ ဒေါ်လာသန်းချီသုံး စီမံကိန်း ဧကလေးသိန်းနှစ်သောင်းကျော် (၄၂၀၀၇၇ ဧက) ကျယ်ဝန်းသည့် အဆိုပါသဘာဝကြိုးဝိုင်းကို အမေရိကန်ဒေါ်လာသန်းပေါင်းများစွာ အကုန်အကျခံထိန်းသိမ်းထားခြင်းဖြစ်သည်။ ယင်းကြိုးဝိုင်းမှာ ထားဝယ်ခရိုင်အတွင်းတည်ရှိပြီး အရှေ့ဘက်တွင် ထိုင်းနိုင်ငံနှင့် ဆက်စပ်နေသည်။ ယခုအချိန်တွင် အတားအဆီးမဲ့ ရွှေတူးနေကြသည့် ယင်းတနင်္သာရီ […]