ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဆောင်းပါး

လေလုံး ထားဝယ်ဆိပ်ကမ်းစီမံကိန်း အလားအလာ

Dawei Watch

September 5, 2026

မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ၏ အကြီးမားဆုံး စက်မှုဇုန်တစ်ခုကို ထိုင်းနှင့် ဖက်စပ်လုပ်ကိုင်ရန် စီစဉ်ခဲ့ဖူးသည်။ ထိုအစီအစဉ်ကို ရပ်ဆိုင်းပြီးနောက် နှစ်ပေါင်းများစွာ အကြာ ယခုအချိန်တွင် မြန်မာသည် ဆိုခဲ့ပါ စီမံကိန်းကြီးကို ပြန်လည်အသက်သွင်းရန် ကြိုးပမ်းနေပြီဖြစ်သည်။ ဒေသတွင်း သင်္ဘောလမ်းကြောင်း ဖြတ်လမ်းအတွက် ရေနက်ဆိပ်ကမ်းတစ်ခုလည်း ပါဝင်မည့် ဤမဟာစီမံကိန်းသည် ယခုတစ်ကြိမ်၌ ရုရှား၏ ပါဝင်ပတ်သက်မှုနှင့်အတူ ဘန်ကောက်၏ စိတ်ပါဝင်စားမှု အသစ်ကိုလည်း ရရှိထားသည်။ မြန်မာနိုင်ငံတောင်ပိုင်းရှိ ထားဝယ် အထူးစီးပွားရေးဇုန် (SEZ) ကို လွန်ခဲ့သော နှစ်ပေါင်းနှစ်ဆယ်ခန့်က စီမံကိန်း စတင်ရေးဆွဲစဉ်၌ အရှေ့တောင်အာရှ၏ တံခါးပေါက်ကြီးများထဲမှ အသစ်တစ်ခုအဖြစ် ပုံဖော်ခဲ့ခြင်း ဖြစ်သည်။ ဤစီမံကိန်းသည် ကျေးလက်ဒေသ ငါးဖမ်းကျွန်းဆွယ်တစ်ခု၏ တောင်ဘက်စွန်းတွင် တွဲခိုနေသည့် ဒေသန္တရ မြို့ငယ်တစ်ခုကို အန်ဒမန်ပင်လယ်ပြင်ရှိ ကမ္ဘာ့အဆင့်မီ ရေနက်ဆိပ်ကမ်းတစ်ခုအဖြစ် တည်ဆောက်ရန် […]

အမေရိကန် လက်နက်ပြတ်လပ်မှုနဲ့ တစ်ကမ္ဘာလုံးအပေါ် ရိုက်ခတ်နိုင်ခြေ

Dawei Watch

August 21, 2026

ဒေါ်နယ်ထရမ့်တစ်ယောက်တော့ ပစ်ထ်ဟက်ဆက်ကို တော်တော်လေး ဒေါသထွက်နေပုံပါပဲ။ အမေရိကန်သမ္မတဟာ သူ့ရဲ့ ယောကျ်ားဘသား ကာကွယ်ရေးဝန်ကြီးကို အီရန်စစ် အပါအဝင် စစ်ပွဲတွေကို မြတ်နိုးသူ ဆိုပြီး အမွှမ်းတင်ခဲ့တာ ဘယ်လောက်မှတောင် မကြာသေးပါဘူး။ အခုတော့ ဒီစစ်ပွဲဟာ အနိုင်လည်းမရသလို အဆုံးလည်းမသတ်နိုင်တဲ့ပုံစံ ဖြစ်လာခဲ့ပြီ။ ထရမ့်ဟာလည်း ကမ့်ဒေးဗစ်အပန်းဖြေစခန်းမှာ သူ့ရဲ့ ဒေါသတွေကို သွန်ချရင်း အမေရိကန်မှာ ခဲယမ်းမီးကျောက် ပြတ်လပ်နေတဲ့အကြောင်းကို ဟက်ဆက်က ဘာကြောင့် စောစောစီးစီး ရှင်းမပြဘဲ သူ့ကို လမ်းလွဲအောင် လုပ်ခဲ့တာလဲဆိုတာ သိချင်နေပါပြီ။ ပြင်းထန်တဲ့ တိုက်ခိုက်နိုင်စွမ်း အကြောင်း၊ အီရန်နဲ့ ဖြစ်တဲ့ စစ်ပွဲအကြောင်းတွေကို လေတစ်လုံးမိုးတစ်လုံး ပြောဆိုခဲ့တဲ့ ဟက်ဆက်ကို စိတ်တိုသင့်ပါတယ်။ ဒါပေမဲ့ တပ်အားလုံးရဲ့ စစ်သေနာပတိချုပ် အဖြစ်နဲ့ ဒီလမ်းလွဲနေတဲ့ ပဋိပက္ခကို စတင်ဖို့ အမိန့်ပေးခဲ့တဲ့ […]

ကျားဖြန့်ဂယက်၊ စတားလင့် ကန့်သတ်ချက်နဲ့ သတင်းအမှောင်ချခံ ဒေသများ

Dawei Watch

August 15, 2026

မြန်မာနိုင်ငံမှာ စစ်အုပ်စုက အာဏာသိမ်းပြီးနောက်ပိုင်း လူထုကို သတင်းအမှောင်ချဖို့ ရည်ရွယ်ပြီး အင်တာနက်ပိတ်ဆို့ ဖြတ်တောက်တာတွေ ဗျူဟာချလုပ်ဆောင်နေပါတယ်။ ဒါကြောင့်လည်း မြို့ပြအများစုက အင်တာနက် ပိတ်ဆို့ခံနေရသလို ကျေးလက်ဒေသ အများစုကတော့ အင်တာနက် လုံးဝဖြတ်တောက်ခံရတဲ့ အဆင့်အထိဖြစ်နေပါတယ်။ အင်တာနက် လုံးဝဖြတ်တောက်ခံထားရတဲ့ ဒေသတွေမှာ စတားလင့်ကို အားပြုပြီး လူထုက သတင်းအမှောင်ချခံရမှုကို တွန်းလှန်နေကြရတာပါ။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ ခြေကုတ်ယူလှုပ်ရှားနေတဲ့ ကျားဖြန့်ဂိုဏ်းတွေအပါအဝင် ကျားဖြန့်ကွန်ရက်ကလည်း စတားလင့်ကို အဓိကအသုံးပြုနေပါတယ်။ ကျားဖြန့်ဂိုဏ်းတွေကို နှိမ်နင်းဖို့ ကြိုးစားလာချိန်မှာတော့ စတားလင့်ကို ထိန်းချုပ်ကန့်သတ်တဲ့ နည်းလမ်းလည်း ပါဝင်လာခဲ့ပါတယ်။ စတားလင့် အင်တာနက်တွေနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ ဇူလိုင်လလယ်လောက်မှာ ကုမ္ပဏီဘက်က သတိပေးစာတွေ စက်အသုံးပြုသူတွေဆီ အကြောင်းကြားလာပါတယ်။ ဒါကြောင့် တနင်္သာရီတိုင်းက စတားလင့် အသုံးပြုသူတွေလည်း အင်တာနက် ထပ်ပြတ်တောက်သွားမလားဆိုတဲ့ […]

ထားဝယ်စစ်ရေး ဘယ်ကိုဦးတည်နေလဲ

Dawei Watch

August 11, 2026

အာဏာသိမ်းပြီးကတည်းက အဲဒီဒေသကို အကြိမ်ရေ အမြောက်အမြား စစ်ကြောင်းထိုးနေကြမို့ မထူးဆန်းဘူးဆိုပေမဲ့ ဒီတစ်ကြိမ်ကတော့ စစ်အာဏာရှင်တပ်မှာ ရည်ရွယ်ချက် တစ်ခုခုရှိပုံရပါတယ်။

စစ်ခေါင်းဆောင် သဘောတူခဲ့သည့် ဖူနမ်ရွန်-ထီးခီး-ထားဝယ် စင်္ကြံလမ်း

Dawei Watch

August 10, 2026

စင်္ကြံလမ်းစီမံကိန်း လုပ်ဖို့သဘောတူခဲ့တဲ့ ဒေသက စစ်အုပ်စုရဲ့ ထိန်းချုပ်မှုအောက်မှာ မရှိဘဲ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတာဖြစ်ပါတယ်။

နောင်လာမည့် ကမ္ဘာ့အစီအစဉ်သစ်ကို မည်သူဦးဆောင်မည်နည်း

Dawei Watch

August 9, 2026

စစ်ရေး၊ စီးပွားရေးပါဝါနှင့် တန်ဖိုးထားမှုများအား အမေရိကန် တစ်ဦးတည်းချုပ်ကိုင်မှုအပေါ် မှီတည်ခဲ့သည့် ကမ္ဘာ့အစီအစဉ်သည် နိဂုံးသို့ ရောက်သွားပြီဖြစ်သည်။ သူချည်းမဟုတ်။ ဥရောပ၏ ရေရှည်တည်ငြိမ်မှုကိုပါ တစ်ပါတည်း ဆွဲခေါ်သွားသည်။ ကမ္ဘာကြီးသည် သိသိသာသာ ပိုမိုလှုပ်ခတ်လာသည်။ မသေချာမရေရာမှုများ ပိုမိုများပြားလာသည်။ မဝေးတော့သည့် အနာဂတ်သည်လည်း မတည်ငြိမ်မှုများ ဆထက်တိုး ဆောင်ကြဉ်းလာဦးမည် ဖြစ်လေသည်။ အတိတ်ကာလ၌ ကမ္ဘာ့အစီအစဉ်၏ ကောက်ကြောင်းများကို ထိပ်သီးစက်မှုနိုင်ငံများ စုစည်းထားသည့် G7 နှင့် G8 ပုံစံများတွင် ရှင်းလင်းစွာ တွေ့မြင်ခဲ့ရသည်။ ယခုအခါတွင်မူ တရုတ် ဦးဆောင်သည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေး အဖွဲ့၊ ရုရှား ဦးဆောင်သည့် ယူရေရှန်း စီးပွားရေးသမဂ္ဂနှင့် BRICS+ (ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်၊ တောင်အာဖရိက၊ အခြားအဖွဲ့ဝင် ခြောက်နိုင်ငံနှင့် မိတ်ဖက် ဆယ်နိုင်ငံ) […]

စစ်အုပ်စု ပြန်ထိန်းချုပ်ထားသည့် ပုလော ပြည်ထောင်စုလမ်းပိုင်း

Dawei Watch

August 4, 2026

တော်လှန်ရေးတပ်စစ်ဆေးရေးဂိတ်သုံးခုကို ဒရုန်းနှင့်ဂျိုင်ရိုကော်ပတာတို့ဖြင့် တိုက်ခိုက်ခဲ့ရာ တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ ထိခိုက်မှုရှိလာသည့်အတွက် ဇူလိုင်လ ၁၀ ရက်ဝန်းကျင်တွင် ဆုတ်ခွာလိုက်ရသည်။

တာလီဘန်တို့ ပညာရေးအပေါ် စစ်ဆင်ခြင်း

Dawei Watch

July 30, 2026

မနက်တိုင်း ကဘူးလ်တက္ကသိုလ်ကို မသွားခင် ဟာရှ်မက်ဟာ မဖြစ်မနေထားရမယ်လို့ အမိန့်ပေးခံထားရတဲ့ သူ့မုတ်ဆိတ်မွေးကို မှန်ထဲ ကြည့်ရပါတယ်။ ကျောင်းသားတွေအနေနဲ့ မုတ်ဆိတ်မွေး ထားဖို့ လိုအပ်သလို အာဖဂန်ရိုးရာဝတ်စုံလည်း ဝတ်ရပါတယ်။ ဒီစည်းကမ်းချက်ကို မလိုက်နာတဲ့သူဆိုရင် အပြစ်ပေးခံရပါတယ်။ မကြာသေးကတင်ပဲ ဘောင်းဘီရှည်ဝတ်လာလို့ဆိုပြီး သူ့အတန်းဖော်တစ်ယောက် အရိုက်ခံရတာကို မြင်လိုက်ရသေးတယ်လို့ ဟာရှ်မက်က ပြောပါတယ်။ “သူတို့က ခင်ဗျား ပြောတာကို မနားထောင်သေးခင် ခင်ဗျားရဲ့ ပုံစံကို အရင်ကြည့်တာ။ ခင်ဗျားရဲ့ ပုံပန်းအသွင်အပြင် တစ်ခုခု လွဲနေလို့ကတော့ အတန်းမစခင်ကတည်းက ခင်ဗျား ဒုက္ခရောက်ပြီပဲ” လို့ သူက ဆိုပါတယ်။ အစွန်းရောက်ရှေးရိုးစွဲအစ္စလာမ္မစ်ဝါဒီ တာလီဘန်တွေ အာဖဂန်နစ္စတန်နိုင်ငံကို ပြန်သိမ်းပိုက်နိုင်ခဲ့ပြီး ငါးနှစ်အကြာမှာ နိုင်ငံရဲ့ ပညာရေးစနစ်ကြီးတစ်ခုလုံး ပြိုလဲနေပြီလို့ အာဖဂန်ကျောင်းသားတွေက The Guardian သတင်းစာကို ပြောပါတယ်။ […]