ထားဝယ်က ကျောင်းကားတားဆီးမှု ဝိရောဓိ
Dawei Watch
June 10, 2026လောင်းလုံးမြို့နယ် တောင်ပိုင်းမှ ကျောင်းကားများသည် ထားဝယ်မြို့ပေါ်သို့ ပြန်လည်ဖြတ်သန်း သွားလာခွင့်ရသည်မှ ၂ ရက်ရှိလာပြီဖြစ်သည်။ သို့သော် ကျောင်းကားများ အမှန်တကယ် ဖြတ်သန်းခွင့် ရပြီလားဆိုသည်က တိတိကျကျတော့ မရှိသေးဘဲ လတ်တလော တားဆီးမှုများ မရှိတော့ဟုသာ သိရသည်။ ယခုပညာသင်နှစ် ကျောင်းဖွင့်ရာသီတွင် ထားဝယ်မြို့ပေါ်သို့ နေ့ချင်းပြန် ကျောင်းသွားတက်မည့် လောင်းလုံးနှင့် ရေဖြူမြို့နယ်တို့မှ ကျောင်းသူ၊ ကျောင်းသားများကို လက်နက်ကိုင်အဖွဲ့အချို့က တားဆီးမှုများ ရှိလာသောကြောင့် ရာနှင့်ချီသော ကျောင်းသား၊ ကျောင်းသူများ အခက်တွေ့ခဲ့ကြရသည်။ ကျောင်းသားမိဘများဘက်ကမူ မြို့ပေါ်တွင် ပြောင်းရွှေ့နေထိုင်ရန် ကုန်ကျစရိတ် ကြီးမားခြင်း၊ နေထိုင်စရာ အခက်အခဲရှိခြင်းနှင့် ကျေးရွာရှိ မိသားစုလုပ်ငန်းခွင်များကို ပစ်ထားကာ သားသမီးများနှင့်အတူ မြို့ပေါ်သို့ လိုက်ပါနေထိုင်ရန် အဆင်မပြေခြင်းတို့ကြောင့် ကျောင်းအကြိုအပို့ကားများကိုသာ လွတ်လပ်စွာ သွားလာခွင့်ပြုရန် လိုလားနေကြသည်။ တော်လှန်ရေး အင်အားစု […]


