ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရွှေ့ပြောင်းလုပ်သား

မဟာချိုင်တွင် ပုလောဒေသခံ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး ကြိုးဆွဲချသေဆုံး

Dawei Watch

September 12, 2026

ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင်၊ မဟာချိုင်မြို့၊ မူစီဒေသတွင် ပုလောဒေသခံ ကိုယ်ဝန်ဆောင် အမျိုးသမီးငယ်တစ်ဦး ကြိုးဆွဲချ သေဆုံးသွားကြောင်း ၎င်း၏ မိတ်ဆွေများထံမှ သိရသည်။ ပုလောမြို့နယ်၊ ရှပ်ပုံရွာဇာတိဖြစ်သည့် အသက် ၁၈ နှစ်အရွယ် မနှင်းမာစိုးသည် မဟာချိုင်ဒေသရှိ ချည်စက်ရုံတစ်ခုတွင် အလုပ်လုပ်ကိုင်နေသူဖြစ်ပြီး စက်တင်ဘာလ ၁၀ ရက် မွန်းလွဲပိုင်းတွင် ၎င်းနေထိုင်သည့် အခန်း၌ပင် ကြိုးဆွဲချသေဆုံး နေခြင်းဖြစ်ကြောင်း ၎င်း၏မိတ်ဆွေတစ်ဦးက ဆိုသည်။ သေဆုံးချိန်တွင် ၎င်း၌ ကိုယ်ဝန် လေးလခန့် ရှိနေပြီဖြစ်ကြောင်း သိရသည်။ “သူ မသေခင်နေ့က နေ့တစ်ဝက် အလုပ်ဆင်းသေးတယ်။ ထမင်းစား ပြန်သွားတဲ့အချိန်မှာ လုပ်လိုက်တာ ဖြစ်မယ်။ ညရောက်မှ အဆောင်ကလူတွေရော မိသားစုဝင်တွေပါ သိကြတာပါ” ဟု ၎င်း၏မိတ်ဆွေတစ်ဦးက ပြောသည်။ မနှင်းမာစိုးတွင် မဟာချိုင်၌ မိသားစုဝင်အချို့ […]

ထိုင်းတောင်ပိုင်းတွင် မြန်မာရေလုပ်သားများပါသည့် ငါးဖမ်းလှေတစ်စီး နစ်မြုပ်

Dawei Watch

September 12, 2026

ထိုင်းနိုင်ငံတောင်ပိုင်း၊ ချွန်ဖော်ခရိုင် ပင်လယ်ပြင်အတွင်း မြန်မာရေလုပ်သားများ လိုက်ပါလုပ်ကိုင်နေသည့် ဝါတန်းငါးဖမ်းလှေတစ်စီး စက်တင်ဘာလ ၁၀ ရက် နံနက်ပိုင်းက မီးလောင်နစ်မြုပ်သွားကြောင်း ရေလုပ်သားများနှင့် နီးစပ်သူများထံမှ သိရသည်။ မြန်မာရေလုပ်သား ၂၀ ဦးနှင့် ထိုင်းနိုင်ငံသား လှေဦးစီး (ငါးဆရာ)၊ ပဲ့နင်းငယ်တို့ လိုက်ပါလာသည့် အဆိုပါ ဝါတန်းငါးဖမ်းလှေသည် ကမ်းသို့ ပြန်လည်ဝင်ရောက်လာစဉ် လျှပ်စစ်ဝါယာရှော့ခ်ဖြစ်ရာမှတစ်ဆင့် အင်ဂျင်စက်ခန်း မီးလောင်ကျွမ်းကာ နစ်မြုပ်သွားခြင်းဖြစ်ကြောင်း ရေလုပ်သားများနှင့် နီးစပ်သည့် ကိုကုလားက ပြောသည်။ “လူတွေတော့ ထိခိုက်ဒဏ်ရာရတာ မရှိဘူး။ ပြီးတော့ တစ်ချက်ကောင်းသွားတာက မီးလောင်တဲ့အချိန်မှာ (တခြား) လှေကြီးနဲ့ ကပ်မိပြီး ပစ္စည်းတွေ အကုန်လုံး သယ်လိုက်နိုင်တယ်” ဟု ၎င်းက ဆိုသည်။ လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့နေသည့် ရုပ်သံမှတ်တမ်းများအရ လှေစက်ခန်းအတွင်းမှ မီးခိုးများ အူထွက်နေကာ […]

ချင်းမိုင် ပျံကျဈေးတွင် မြန်မာစျေးသည် ကိုးဦးဖမ်းဆီးခံရ

Dawei Watch

September 11, 2026

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့ ပျံကျဈေးတွင် ဈေးရောင်းနေသော မြန်မာနိုင်ငံသား ကိုးဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ချင်းမိုင် လဝက က ထုတ်ပြန်သည်။ စက်တင်ဘာလ ၁၀ ရက်က ယူနန်ဈေးသစ်တွင် မြန်မာနိုင်ငံသားများ ဈေးရောင်းနေကြောင်း တိုင်ကြားချက်က ရရှိသဖြင့် ရဲတပ်ဖွဲ့က ဝင်ရောက်စစ်ဆေး ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။ ဈေးထဲတွင် ဈေးရောင်းနေသော မြန်မာနိုင်ငံသား ကိုးဦးနှင့် တရုတ်နိုင်ငံသား သုံးဦးတို့ကို အလုပ်လုပ်ခွင့် လက်မှတ် မရှိမှု၊ လုပ်ပိုင်ခွင့်ထက် ကျော်လွန်လုပ်ကိုင်မှုများဖြင့် ဖမ်းဆီးခဲ့သည်။ ဈေးထဲတွင် ထိုင်းနိုင်ငံသားများသာ ဈေးရောင်းခွင့်ရှိကြောင်း ပြောဆိုပြီး ရဲစခန်းတွင် ဒဏ်ငွေ ငါးထောင် ပေးဆောင်ခဲ့ရကြောင်း ဖမ်းဆီးခံရသူ မြန်မာစျေးသည်အမျိုးသမီးက ပြောသည်။ “ဘတ်ရှိတာဖြစ်စေ မရှိတာဖြစ်စေ ထိုင်းတွေက လွဲရင် အကုန်ဖမ်းပါတယ်။ ဒီရက်ပိုင်းတော့ ဘယ်ဈေးမှာဖြစ်ဖြစ် ဈေးရောင်းရင် […]

မြန်မာနိုင်ငံသား ၁၀၀ နီးပါးကို ထိုင်းအစိုးရက ကော့သောင်းဘက် ပြန်ပို့

Dawei Watch

September 10, 2026

ထိုင်းနိုင်ငံ၊ ရနောင်းထိန်းသိမ်းရေးစခန်းရှိ မြန်မာနိုင်ငံသား ၁၀၀ နီးပါးကို ယနေ့ စက်တင်ဘာလ ၁၀ ရက်တွင် ကော့သောင်းမြို့သို့ ပြန်လည်ပို့ဆောင်လိုက်ကြောင်း ရနောင်း လူဝင်မှုကြီးကြပ်ရေး (လဝက) ထံမှ သိရသည်။ ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံပြီးနောက် ရနောင်းထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းခံထားရသည့် အမျိုးသား ၇၉ ဦး၊ အမျိုးသမီး ၁၇ ဦး (စုစုပေါင်း ၉၆ ဦး)နှင့် ကလေးငယ်တစ်ဦးတို့ကို ယနေ့ နံနက် ၁၁ နာရီခွဲတွင် စစ်အုပ်စုထံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်သည်။ ယခု အကြိမ်သည် ၂၀၂၆ ခုနှစ်အတွင်း ၁၃ ကြိမ်မြောက် ပြန်ပို့ခြင်းဖြစ်ပြီး ယခုနှစ်အတွင်း စုစုပေါင်း မြန်မာနိုင်ငံသား ၁,၂၅၂ ဦးအထိ ကော့သောင်းသို့ လွှဲပြောင်းခဲ့ပြီး ဖြစ်သည်။ ယင်းလွှဲပြောင်းမှုများတွင် ဇန်နဝါရီလ၌ […]

ချင်းမိုင် ပျံကျဈေးများတွင် ဈေးရောင်းသည်ဆိုပြီး မြန်မာအမျိုးသမီးတစ်ဦး ဖမ်းဆီးခံရ

Dawei Watch

September 10, 2026

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့ရှိ ပျံကျဈေးများတွင် လှည့်လည်ဈေးရောင်းနေသည်ဆိုပြီး မြန်မာအမျိုးသမီးတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနတစ်ခုဖော်ပြချက်နှင့် ချင်းမိုင် လဝက၏ ထုတ်ပြန်ချက်အရ သိရသည်။ စက်တင်ဘာလ ၉ ရက်က ချန်ဖူ့အက်ဒေသရှိ ပျံကျဈေးထဲတွင် နိုင်ငံခြားသားများ ဈေးရောင်းနေကြောင်း တိုင်ကြားချက်က ရရှိသဖြင့် လဝကနှင့် အလုပ်သမားဌာနက သွားရောက်စစ်ဆေးခဲ့ကြောင်း ဆိုသည်။ ဈေးထဲတွင် မြန်မာနိုင်ငံသား အမျိုးသမီးတစ်ဦး ဈေးရောင်းနေသည်ကို တွေ့ရသဖြင့် စစ်ဆေးရာ ပန်းရောင်ကတ် ကိုင်ဆောင်ထားပြီး အလုပ်လုပ်ခွင့် လက်မှတ် မရှိသူဖြစ်ကြောင်း ဖော်ပြသည်။ မြန်မာအမျိုးသမီးသည် မြို့အတွင်းရှိ ပျံကျဈေးများတွင် လှည့်လည်ရောင်းချနေသူဖြစ်ပြီး တစ်ရက်လျှင် ဘတ် ခုနစ်ထောင် ခန့်အထိ ရောင်းချရသည်ဟု ထွက်ဆိုချက်ထားကြောင်း ဖော်ပြသည်။ အလုပ်လုပ်ခွင့် လက်မှတ်မရှိဘဲ အလုပ်လုပ်ကိုင်မှုဖြင့် အမှုဖွင့်ထားပြီး ချန်ဖူ့အက်ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်ခဲ့ကြောင်း သတင်းတွင် […]

ချွန်ဘူရီတွင် ဘတ် သုံးသန်းခန့် တန်ဖိုးရှိ မီးကြိုးခိုး၍ဟုဆိုကာ မြန်မာ ၅ ဦးကိုဖမ်းဆီး

Dawei Watch

September 9, 2026

ထိုင်းနိုင်ငံအရှေ့ပိုင်း၊ ချွန်ဘူရီခရိုင်တွင် ဘတ် သုံးသန်းခန့် တန်ဖိုးရှိ မီးကြိုးများ ခိုးယူမှုနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံသား ၅ ဦးကို ဖမ်းဆီးရမိထားကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၅ ရက် နံနက် ၄ နာရီခန့်က နှာခေါင်းစည်းတပ်ဆင်ထားသည့် လူ ၁၀ ဦးခန့်သည် ဖန်ထွန်းဒေသရှိ စက်ရုံအတွင်းသို့ အတင်းအဓမ္မ ဝင်ရောက်လာကြောင်း၊ ယင်းနောက် လုံခြုံရေးဝန်ထမ်းကို ဓားဖြင့် ခြိမ်းခြောက်ကာ ခြေလက်များကို ကြိုးတုပ်၍ ဘတ် သုံးသန်းခန့် တန်ဖိုးရှိ မီးကြိုးများကို ဖြတ်တောက်ခိုးယူပြီး ကားနှစ်စီးဖြင့် ထွက်ပြေးသွားကြောင်း သတင်းများအရသိရသည်။ ရဲတပ်ဖွဲ့က လုံခြုံရေးကင်မရာ (CCTV) မှတ်တမ်းများမှတစ်ဆင့် စုံစမ်းစစ်ဆေးခဲ့ရာ ခိုးယူသွားသည့် မီးကြိုးများကို စမွတ်ပရကန်ခရိုင်ရှိ အဟောင်းဆိုင်တစ်ခုတွင် သွားရောက်ရောင်းချခဲ့ကြောင်း တွေ့ရှိရပြီးနောက် စက်တင်ဘာလ […]

ထိုင်းတွင် မြန်မာလုပ်သားတစ်ဦး အခန်းထဲ သေဆုံး

Dawei Watch

September 3, 2026

ထိုင်းနိုင်ငံ ဘန်ကောက်မြို့နီး စမွတ်ပရကန်ခရိုင်တွင် မြန်မာအလုပ်သမားတစ်ဦးသည် အခန်းထဲ တစ်ဦးတည်း နေထိုင်စဉ် သေဆုံးနေသည်ကို တွေ့ရှိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ စက်တင်ဘာလ ၂ ရက် နံနက် ၈ နာရီခန့်က အသက် ၃၇ နှစ်အရွယ် ကိုစောစိုးနီသည် ဘန်းစောင်းထိုးဒေသရှိ အခန်းထဲတွင် တစ်ဦးတည်း နေထိုင်စဉ် သေဆုံးခဲ့ခြင်းဖြစ်သည်။ ကိုစောစိုးနီသည် ဂတ်စ်ဆိုင်တွင် လုပ်ကိုင်နေသူဖြစ်ပြီး နံနက်ပိုင်း အလုပ်မလာသဖြင့် သူငယ်ချင်းဖြစ်သူက အခန်းကို သွားကြည့်ရာမှ သေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း သတင်းအရသိရသည်။ ရဲတပ်ဖွဲ့က စစ်ဆေးစဉ် အလောင်းတွင် ပြင်ပထိခိုက်ဒဏ်ရာများကို မတွေ့ရဘဲ သေဆုံးချိန် ၈ နာရီခန့် ရှိနေပြီဖြစ်ကြောင်း ဆိုသည်။ အလောင်းပေါ်တွင် ကိုစောစိုးနီ၏ကြောင်က အိပ်လျက် သခင်ပြန်နိုးလာမည့်အချိန်ကို စောင့်နေသည်ကို တွေ့ရသဖြင့် ရဲတပ်ဖွဲ့ကို စိတ်မကောင်းဖြစ်စေခဲ့ကြောင်း […]

မဲဆောက်၊ တရုတ်ဘုံကျောင်းက မြန်မာလုပ်သားများကို ဆန်နှင့် စားသောက်ကုန်များ လှူဒါန်း

Dawei Watch

September 3, 2026

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ တရုတ်ဘုံကျောင်းက ရွှေ့ပြောင်းအလုပ်သမားများနှင့် အကူအညီလိုအပ်နေသူများကို ဆန်‌နှင့် စားသောက်ကုန်များ စက်တင်ဘာလ ၂ ရက်နေ့က လှူဒါန်းခဲ့သည်။ တရုတ်ရိုးရာ ကွယ်လွန်သူ ဘိုးဘေးများနှင့် ဆွေမျိုးများကို အောက်မေ့ပူဇော်သည့်အနေဖြင့် နှစ်စဉ် မြန်မာအလုပ်သမားများကို လှူဒါန်းလေ့ရှိကြောင်း သိရသည်။ လာရောက်တန်းစီသူများကို ဆန်အပါအဝင် ခေါက်ဆွဲခြောက်၊ ငါးသေတ္တာ၊ ဆား၊ ဆေးများကို လှူဒါန်းခဲ့ပြီး မြန်မာအလုပ်သမား ထောင်ချီ လာရောက်ခဲ့ကြောင်း သိရသည်။ Ref: Aung Aung