ချင်းမိုင်တွင် ထိုင်းအမည်ခံ ကုမ္ပဏီ ၃၁ ခုကို ရဲတပ်ဖွဲ့ ဝင်စီး၊ မြန်မာ ၃ ဦး ဖမ်းဆီးခံရ
Dawei Watch
July 21, 2026ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့တွင် ထိုင်းနိုင်ငံသားများအမည်ခံထားသော နိုင်ငံခြားသားပိုင်ကုမ္ပဏီ ၃၁ ခုကို ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ပြီး မြန်မာနိုင်ငံသား ၃ ဦးနှင့် အိန္ဒိယနိုင်ငံသား ၂ ဦးကို ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဇူလိုင်လ ၂၀ ရက် တနင်္လာနေ့က ချင်းမိုင်မြို့ နေရာ ၁၈ နေရာရှိ ကုမ္ပဏီပေါင်း ၃၁ ခုကို ရဲတပ်ဖွဲ့ဝင်ပေါင်း ၁၂၀ ခန့်က ဝင်ရောက်စီးနင်းရှာဖွေခဲ့ခြင်းဖြစ်သည်။ ကုမ္ပဏီ ၁၆ ခုက ထိုင်းနိုင်ငံသားအမည်ခံကုမ္ပဏီများ ဖြစ်နေပြီး အခြား ၁၅ ခုက နိုင်ငံခြားသားများ ရှယ်ယာပိုင်ဆိုင်မှုကန့်သတ်ချက်ကို ချိုးဖောက်ထားကြောင်း သိရသည်။ ယင်းကုမ္ပဏီများက ထိုင်းနိုင်ငံထဲ မြေယာ ၂၀ ရိုင် (၈ ဧကခန့်) ပိုင်ဆိုင်ထားပြီး ကာလတန်ဖိုး ဘတ် ၆၃၃ […]


