ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့တွင် မြန်မာအလုပ်သမားတစ်ဦး ဆောက်လုပ်ရေး လုပ်ငန်းခွင်ထဲတွင် ကြိုးဆွဲချ သေဆုံးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
မေလ ၂၅ ရက် နံနက် ၇ နာရီခန့်က ဖူးခက်မြို့ ချလောင်ဒေသ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် သေဆုံးနေသည့် အသက် ၃၇ နှစ်အရွယ် ကိုနန်းဦးကို အခြားအလုပ်သမားများက မြင်တွေ့ခဲ့ခြင်းဖြစ်သည်။
ရဲတပ်ဖွဲ့များ ရောက်ရှိလာပြီး အလောင်းကို စစ်ဆေးရာ ရိုက်နှက်ခံထားရသည့် ဒဏ်ရာများကို မတွေ့ရကြောင်း ဖော်ပြသည်။
ကိုနန်းဦးသည် ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်ဇာတိဖြစ်ကြောင်း နိုင်ငံကူးလက်မှတ်၏ အချက်အလက်အရ သိရသည်။
ကိုနန်းဦးသည် အဆိုပါလုပ်ငန်းခွင်တွင် လုပ်ကိုင်နေသည်မှာ ၁၀ နှစ်ခန့် ရှိပြီဖြစ်ပြီး မြန်မာနိုင်ငံသို့ ပြန်လိုသည်ဟု အခြားသူငယ်ချင်များကို ပြောဆိုဖူးကြောင်း ရင်းနှီးသူများက သတင်းတွင် ဖြေကြားထားသည်။
ကြိုးဆွဲချသည့် အကြောင်းအရင်းကိုမူ သေသေချာချာ မသိရပေ။
Ref: Phuket News, Tnews







