သင်္ကြန်အကြိုမှာ ရှမ်းကျွန်းမဲက ဆလုံနတ်ပွဲ သွားကြမလား
Dawei Watch
April 9, 2026တူရွင်းကျွန်းမှာ ဧပြီ ၁၃ ရက်နေ့ဆိုရင် ဆလုံနတ်ပွဲ ကျင်းပပါတော့မယ်။ တူရွင်းကျွန်း (Ko Surin Tai) ဆိုတာက ထိုင်း-မြန်မာနယ်စပ်က ထိုင်းနိုင်ငံပိုင် ကျွန်းတစ်ခုပါ။ Google မှာ Ko Surin Nuea, Ko Phra Thong, Khura Buri District, Phang Nga လို့ ရိုက်ရှာလိုက်ရင် ဒီကျွန်းကို တွေ့ပါမယ်။ ဘယ်လိုကျွန်းလဲ လှပကျော့ရှင်းလွန်းတဲ့ ကျွန်းပါ။ ကျွန်းတည်နေရာနဲ့ ဖြစ်တည်မှုလေးကလည်း စိတ်ဝင်စားစရာပါ။ မြန်မာ-ထိုင်းရဲ့ တောင်ပိုင်းနယ်စပ်မြို့တွေဖြစ်တဲ့ ကော့သောင်းနဲ့ ရနောင်းတို့ရဲ့ အနောက်ပင်လယ်ပြင်ဘက်မှာ ကမ်းစပ်က လှမ်းမြင်ရတဲ့ ကျွန်းတန်းအုပ်စုတစ်ခု ရှိပါတယ်။ ကျွန်းအုပ်စုရဲ့ အကြီးဆုံးကျွန်းက ဇာဒက်ကြီးကျွန်းဖြစ်ပြီး မြန်မာအပိုင်ပါ။ တောင်ဘက်အစွန်ဆုံးကတော့ ဆလုံတွေ နေထိုင်တဲ့ ထိုင်းပိုင် တူရွင်းကျွန်းပါပဲ။ […]


