ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

တနင်္သာရီပုံရိပ်

အိမ်ခွံပဲကျန်ပြီ – လုယက်၊ ဖျက်ဆီးခံ ကျေးရွာများ

Dawei Watch

September 5, 2026

စစ်အာဏာရှင်တပ်များ စစ်ကြောင်းထိုး ဝင်ရောက်လာတိုင်း ဒေသခံတို့၏ နေအိမ်များ ဖောက်ထွင်းခံရခြင်း၊ တန်ဖိုးရှိ ရွှေငွေ၊ ဆိုင်ကယ်မှအစ အိမ်တွင်းသုံးပစ္စည်းများ၊ စားနပ်ရိက္ခာများနှင့် အသုံးအဆောင်များပါမကျန် အဓမ္မ လုယက်ယူဆောင်ခံရခြင်းတို့ကို တနင်္သာရီတိုင်းက ပြည်သူများ ရင်ဆိုင်နေရသည်။ ပစ္စည်းများယူဆောင်၍မရပါကလည်း ရိုက်နှက်ဖျက်ဆီးသွားလေ့ရှိရာ ချွေးနည်းစာဖြင့် ရှာဖွေစုဆောင်းထားသည့် ပြည်သူများ၏ ပိုင်ဆိုင်မှုအားလုံးမှာ တစ်ခဏအတွင်းမှာပင် ဆုံးရှုံးသွားရသည်။ ယင်းပိုင်ဆိုင်မှုများမှာ အလွယ်တကူ ရရှိခဲ့သည့်မျိုး မဟုတ်ဘဲ မိသားစုဝင်များ ဘဝတစ်ခုလုံးနီးပါး အားစိုက်ကြိုးစားရှာဖွေထားရခြင်းဖြစ်သည်။ ထိုင်း၊ မလေးရှားကဲ့သို့သော နိုင်ငံရပ်ခြားတွင် နှစ်ပေါင်းများစွာ ပင်ပန်းဆင်းရဲစွာ သွားရောက်လုပ်ကိုင်ပြီးမှ ရရှိလာသည့် ဥစ္စာပစ္စည်းများလည်းဖြစ်သည်။ သို့သော် ယင်းပိုင်ဆိုင်မှုများမှာ စစ်အာဏာရှင်တပ်စစ်ကြောင်းတစ်ခေါက် ဝင်ရောက်လာချိန်တွင် အရာအားလုံး ပျက်စီးဆုံးရှုံးသွားကြရသည်။ စစ်အာဏာရှင်တပ် စစ်ကြောင်းက ဖျက်ဆီးလုယက်နေသော အခြေအနေများကို သိရှိနိုင်ရန် ကိုယ်တိုင်ကြုံတွေ့သူများ၊ မျက်မြင်များကို မေးမြန်းပြီး ယခုတစ်ပတ် […]

တောင်ပိုင်းသားတွေရဲ့ ရေတံခွန် တမ်းချင်း

Dawei Watch

August 21, 2026

မိုးရာသီရောက်ရှိလာပြီဆိုရင် စိမ်းစိုနေတဲ့ တောင်တန်းတွေကြား သဘာဝရေတံခွန်တွေဆီ အုပ်စုလိုက် သွားရောက်အပန်းဖြေတာဟာ ကမ်းရိုးတန်းဒေသ တနင်္သာရီတိုင်းသားတွေရဲ့ နေထိုင်မှုဓလေ့တစ်ခုပါ။ နွေရာသီဆိုရင် ပင်လယ်ကမ်းခြေတွေဆီသွားပြီး လေကောင်းလေသန့်ရှူကြ၊ ရေကူးကြ၊ မိုးရာသီဆိုရင် တောင်ကျရေတံခွန်တွေဆီ သွားကြပြီး အပန်းဖြေကြနဲ့ ဒီလိုနဲ့ နေသားကျနေခဲ့တာပါ။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်ပိုင်းမှာတော့ ဒေသတွင်း မတည်ငြိမ်မှုတွေ၊ စစ်ကြောင်းထိုးတာတွေ၊ စစ်အာဏာရှင်တပ်ရဲ့ စစ်ဆေးရေးဂိတ်တွေ စတဲ့ ကန့်သတ်ချက်တွေကြောင့် ပြည်သူတွေရဲ့ ဘဝတွေက အရင်ကလို မလွတ်လပ်မလွယ်ကူတော့ဘဲ စိုးရိမ်ထိတ်လန့်မှုတွေနဲ့ ရှင်သန်နေကြရပါတယ်။ အဲဒီအပြင် စစ်မှုထမ်းဥပဒေကြောင့် ဖြစ်ပေါ်လာတဲ့ မလုံခြုံမှု၊ လူမှု၊ စီးပွား အထွေထွေအကျပ်အတည်းတွေအကြား လူငယ်အများအပြား ပြည်ပကို ထွက်ခွာသွားကြရပါတယ်။ ဒါပေမဲ့ အခုနောက်ပိုင်း မိုးရာသီမှာတော့ နေ့စဉ်ရင်ဆိုင်နေရတဲ့ မွန်းကျပ်မှုတွေ၊ စိတ်ဖိစီးမှုနဲ့ စိုးရိမ်သောကတွေကို ခေတ္တခဏ မေ့ဖျောက်ဖို့အတွက် […]

တနင်္သာရီဒေသထွက်မုန့်တွေ နေဝင်ချိန်ရောက်ပြီလား

Dawei Watch

August 16, 2026

ထားဝယ်အပါအဝင် တနင်္သာရီတိုင်းက ဒေသအသီးသီးမှာ သူ့နေရာနဲ့သူ၊ သူ့ဒေသနဲ့သူ လက်လုပ်မုန့်တွေ၊ ရိုးရာမုန့်တွေ တော်တော်များပါတယ်။ လက်ရှိကာလမှာတော့ ဒေသထွက်မုန့်ဈေးကွက်ဟာ ကုန်ဈေးနှုန်းကြီးမြင့်တာ၊ နိုင်ငံရေးနှင့် စီးပွားရေး မတည်ငြိမ်တာ၊ စစ်ဘေးရှောင်ရတာ စတဲ့ အဖက်ဖက်က အကျပ်အတည်းတွေကြောင့် စိန်ခေါ်မှု ကြီးကြီးမားမား ရင်ဆိုင်နေရပါပြီ။ ခေတ်ရေစီးကြောင်းအရ အခုဆိုရင် လူငယ်တွေဟာ ဒေသထွက်ရိုးရာမုန့်တွေထက် Ready-made အသင့်စားမုန့်တွေ၊ ဟမ်ဘာဂါ၊ ပီဇာ၊ ကိုကာကိုလာတို့လို အနောက်တိုင်း အစားအစာတွေကို ပိုမိုနှစ်သက်လာကြပါတယ်။ ကျောင်းတွေမှာလည်း ဒေသလက်လုပ်မုန့်ထက် အသင့်စားမုန့်တွေသာ နေရာပိုယူလာကြတာပါ။ လူကြီးပိုင်းတွေလည်း ကျန်းမာရေးအသိအရ ဆီးချို၊ သွေးတိုး ရန်ကိုကြောက်လို့ အချိုကဲတဲ့ ဒေသမုန့်တွေကို စားသုံးတာ လျှော့ချလာကြပါတယ်။ နယ်ဘက်က ရွာတွေမှာလည်း မကြာခဏ စစ်ဘေးရှောင်နေရလို့ ခြောက်ကပ်နေတာကြောင့် ဒေသထွက်မုန့်ရောင်းတဲ့သူတွေ သိသိသာသာကို နည်းလာကြပါတယ်။ မုန့်လုပ်ရောင်းတဲ့သူဘက်က […]

စစ်အုပ်စု၏ ပုံရိပ်ယောင် ကျေးလက်ကျန်းမာရေး

Dawei Watch

July 26, 2026

စစ်အာဏာသိမ်းပြီးနောက်တွင် ကျန်းမာရေးကဏ္ဍတစ်ခုလုံး ကမောက်ကမ ဖြစ်လာပြီး မြို့ပြနှင့် အလှမ်းဝေးသော ဒေသများတွင် ဆေးဝါးပြတ်လပ်သည်အထိ ဖြစ်လာသည်။ စစ်အာဏာသိမ်းမှုမှာ ၅ နှစ်ကျော်လာသော်လည်း ကျေးလက်ဒေသများတွင် ကျန်းမာရေး စောင့်ရှောက်မှု ရပ်ဆိုင်းနေဆဲဖြစ်ပြီး ကိုယ်ဝန်ဆောင် အမျိုးသမီးနှင့် မွေးကင်းစ ကလေးများအတွက် အခက်အခဲ ကြီးကြီးမားမား ရင်ဆိုင်နေကြရသည်။ မြို့ပြနှင့် အလှမ်းမဝေးသည့် ဒေသများမှာ မြို့ပေါ်ဆေးရုံများကို သွားရောက်၍ ဆေးကုသနိုင်သည် ဆိုသော်လည်း သွားလာရာတွင် အခက်အခဲများစွာ ကြုံကြရသည်။ လမ်းခရီးတွင် တိုက်ပွဲဖြစ်ပွားနေခြင်း၊ စစ်အာဏာရှင်တပ်၏ စစ်ဆေးရေးဂိတ်များတွင် အကြောင်းမဲ့ ဖမ်းဆီးအရေးယူခြင်း၊ အချို့သော ဒေသများတွင် သွားလာခွင့် ပိတ်ပင်ထားခြင်းတို့ကို ကြုံနေကြရသည်။ မြို့ပြနှင့် အလှမ်းဝေးသည့် ဒေသများမှာမူ ကျန်းမာရေးစောင့်ရှောက်မှု မရှိသလောက် အခြေအနေကိုပင် ရင်ဆိုင်နေကြရသည်။ ကိုယ်ဝန်ဆောင် အမျိုးသမီးများနှင့် မွေးကင်းစ ကလေးများအတွက် […]

ဖင်တကြွကြွ အဝိုင်းတလည်လည်နဲ့ ကြည့်ရတဲ့ ကမ္ဘာ့ဖလား

Dawei Watch

July 3, 2026

တနင်္သာရီတိုင်းသား လူကြီး၊ လူငယ်၊ ကျား၊ မ မရွေး ဘောလုံးအားကစားကို ခုံမင်နှစ်သက်အားပေးကြသူတွေက များပါတယ်။ လေးနှစ်ကြာမှ တစ်ကြိမ်ပဲ ကြည့်ခွင့်ရတဲ့ အခုလို ကမ္ဘာ့ဖလားပွဲတွေ ကျင်းပနေချိန်ဆို လက်ဖက်ရည်ဆိုင်တွေ၊ ဘီယာဆိုင်တွေမှာ သူ့အဖွဲ့နဲ့သူ၊ ကိုယ့်အဖွဲ့နဲ့ကိုယ် စုရုံးပြီး အားပေးကြတာပါ။ စစ်အာဏာမသိမ်းခင်တုန်းက ကမ္ဘာ့ဖလားအချိန်တွေကို ပြန်တွေးကြည့်ရင် မြို့ပေါ်က လက်ဖက်ရည်ဆိုင်တွေမှာ လူတွေ ပြည့်နှက်နေတတ်တာ မြင်ယောင်မိကြဦးမှာပါ။ လျှပ်စစ်မီးမရတဲ့ နယ်ကျေးရွာတွေမှာဆိုလည်း ညနက်ပိုင်းပွဲတွေအထိ မီးစက်သံ တညံညံနဲ့ ညလုံးပေါက် အားပေးကြလေ့ရှိပါတယ်။ သူငယ်ချင်းတွေ စုရုံးပြီး ကိုယ်အားပေးတဲ့အသင်းနိုင်ရင် တစ်ယောက်နဲ့ တစ်ယောက် လေတိုက်ကြ၊ စနောက်ကြနဲ့ လွတ်လွတ်လပ်လပ် ပျော်ခဲ့ကြဖူးကြတာ၊ အိမ်မှာ မိသားစု စုံစုံလင်လင်နဲ့ TV ရှေ့မှာ စကားတပြောပြော ရယ်ရယ်မောမော ကြည့်ခဲ့ကြဖူးတာ စတဲ့ အမှတ်တရာတွေအများကြီးနဲ့ပေါ့။ […]

ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်း ဖြစ်လာနိုင်လား

Dawei Watch

June 21, 2026

ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်း (DSEZ) ကို ပြန်အသက်သွင်းရန် စစ်အုပ်စုက အလောတကြီး လုပ်ဆောင်နေသည်။ စီမံကိန်းရင်းနှီးမြှုပ်နှံသူနေရာတွင် ဂျပန်နှင့် ထိုင်းနိုင်ငံအစား မြန်မာနိုင်ငံနှင့် ပထဝီအနေအထားအရ အလှမ်းဝေးလွန်းသည့် အာဏာရှင်နိုင်ငံတစ်ခုဖြစ်သော ရုရှားနိုင်ငံနှင့် ပူးတွဲအကောင်အထည်ဖော်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။ သို့သော် DSEZ စီမံကိန်းတည်ရှိရာ မြေပြင်ကို စစ်အာဏာရှင်တပ်က အပြည့်အဝ မထိန်းချုပ်နိုင်ဘဲ တော်လှန်ရေးတပ်များနှင့် ဘတစ်ပြန် ကျားတစ်ပြန် အခြေအနေတွင် ရှိနေသည်။ ထိုအခြေအနေတွင် စစ်အုပ်စုက DSEZ ကို အကောင်အထည်ဖော်ရန် ကြိုးပမ်းနေခြင်းမှာ စီးပွားရေးတွက်ခြေကိုက်မှုထက် စစ်ရေးအရ အသာစီးရရှိရန် မြန်မာ့မြေပေါ် ရုရှားအခြေချနိုင်ရေး လုပ်ဆောင်မှုတစ်ခုအဖြစ် ရှုမြင်ကြသူများလည်း ရှိသည်။ စစ်အုပ်စုကလည်း စီမံကိန်းပြန်စနိုင်ရေး ခြေလှမ်းကြဲကြဲဖြင့် ဆက်တိုက်လုပ်ဆောင်နေပြီး နားလည်မှုစာချွန်လွှာ (MoU) များ ဆက်တိုက် လက်မှတ်ရေးထိုးနေသည်။ လတ်တလောမှာပင် ထားဝယ်ရေနက်ဆိပ်ကမ်း ဓာတ်အားပေးစက်ရုံဆောက်မည့် […]

စစ်ဘေးဒဏ်ကြားက ပညာရေး

Dawei Watch

June 13, 2026

ကိုဗစ်ကပ်ဘေးကာလတွင် အစစအရာရာ ရပ်နားလိုက်ရသည့်အထဲ စာသင်ကျောင်းများလည်း ပါဝင်သည်။ ကပ်ဘေးကာလတွင်ပင် မြန်မာနိုင်ငံ၌ အာဏာသိမ်းမှုပါ ထပ်ကြုံခဲ့ရသည်။ အာဏာရှင်စနစ်ကို မလိုလားသည့် ပြည်သူအများအပြားက ကန့်ကွက်ဆန္ဒပြမှုများနှင့်အတူ အကြမ်းမဖက် အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှု (CDM) များ လုပ်ဆောင်ခဲ့ကြသည်။ တနင်္သာရီတိုင်းမှာ CDM လှုပ်ရှားမှု အားကောင်းခဲ့ပြီး ပညာရေးဝန်ထမ်းအားလုံးနီးပါးနှင့်အတူ ကျောင်းသားအများအပြားလည်း ယင်းလှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြသည်။ CDM ပညာရေးဝန်ထမ်းများကလည်း အွန်လိုင်းမှတစ်ဖုံ၊ မြေပြင်ကတစ်နည်း ပညာရေးဖော်ဆောင်ပေးခဲ့ကြသလို ရပ်ရွာအလိုက် စေတနာ့ဝန်ထမ်းများကလည်း ကိုယ်ထူကိုယ်ထ မြေပြင်ကျောင်းများ ထူထောင်ကာ ကလေးများကို ပညာသင်ပေးခဲ့ကြသည်။ ယင်းလုပ်ဆောင်မှုများကို စစ်အုပ်စုက ပြင်းပြင်းထန်ထန် နှိပ်ကွပ်ခဲ့ပြီး စစ်အာဏာရှင်စနစ် ဆန့်ကျင်သူများ၏ ပညာရေးဖော်ဆောင်မှုများကို နည်းအမျိုးမျိုးဖြင့် ဖျက်ဆီးရန်ကြိုးစားခဲ့သည်။ ပညာသင်ကြားသူများ၊ ဆရာ၊ ဆရာမများကို ဖမ်းဆီးအရေးယူမှုများအပြင် စာသင်ကျောင်း အဆောက်အအုံများကိုလည်း ဗုံးကြဲတိုက်ခိုက်ခဲ့သည်အထိ […]

မိုးသည်းဒေသ စစ်ပြင်းမြေက စစ်ရှောင်များ

Dawei Watch

June 6, 2026

မေလလယ်ကစပြီး မြန်မာပြည်တောင်ပိုင်း တနင်္သာရီတိုင်းဆီ မုတ်သုန်လေ စတင်ဝင်ရောက်ကာ မိုးရာသီသို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။ မိုးဦးကျကာလနှင့်အတူ မိုးသက်မုန်တိုင်းများ တိုက်ခတ်နေသော်လည်း စစ်အာဏာရှင်တပ်၏ စစ်ကြောင်းထိုးမှုများနှင့် လေကြောင်းတိုက်ခိုက်မှုများမှာ အရှိန်လျော့မသွားသည့်အပြင် ပိုမိုပြင်းထန်လာနေသည်။ တော်လှန်ရေးပူးပေါင်းတပ်များ ထိန်းချုပ်ထားခဲ့သည့် ထားဝယ်ခရိုင်အတွင်းရှိ ဝင်းဝစခန်းနှင့် ထိုင်း-မြန်မာနယ်စပ်က မောတောင်စခန်းတို့ကို လက်လွှတ်ခဲ့ရပြီးနောက်ပိုင်း စစ်အာဏာရှင်တပ်၏ ထိုးစစ်အရှိန်မှာ သိသိသာသာ မြင့်တက်လာသည်။ လက်ရှိတွင် ထားဝယ်ခရိုင်အတွင်းရှိ ရေဖြူ၊ လောင်းလုံး၊ သရက်ချောင်းနှင့် ထားဝယ် စသည့် မြို့နယ်လေးခုစလုံး၌ စစ်အာဏာရှင်တပ်က စစ်ကြောင်းထိုးလျက်ရှိပြီး၊ ဒေသခံများမှာ တိုက်ပွဲများနှင့် လေကြောင်းတိုက်ခိုက်မှုဒဏ်ကို ဆက်တိုက်ကြုံတွေ့နေရသည်။ တိုက်ပွဲများအတွင်း နေအိမ်များ မီးရှို့ဖျက်ဆီးခံရရုံမျှမက စားနပ်ရိက္ခာအတွက် အဓိကသိုလှောင်ထားသော စပါးကျီများပါ မီးလောင်ပျက်စီးခဲ့ရသဖြင့် ရိက္ခာပြတ်လတ်မှု ဘေးအန္တရာယ်နှင့် ရင်ဆိုင်နေရသည်။ အလားတူပင် မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင်တို့တွင်လည်း မိုးဦးကျကာလအထိ စစ်ကြောင်းထိုးမှုများနှင့် […]