အမုန်းတရားတွေဟာ ဖုန်းပေါ်မှာတင် ရပ်သွားမှာမဟုတ်ဘူး …
Dawei Watch
May 30, 2026မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအချို့မှာ လက်နက်ကိုင်ပဋိပက္ခအပါအဝင် ပဋိပက္ခမျိုးစုံကို ရင်ဆိုင်ကြုံတွေ့နေရတဲ့ ခက်ခဲတဲ့ကာလတစ်ခုကို ဖြတ်ကျော်နေကြရပါတယ်။ အဲဒီလို ပဋိပက္ခတွေဟာ နိုင်ငံရေး၊ စစ်ရေးနဲ့ ဘာသာရေး၊ လူမျိုးရေး သဘောထား ခံယူချက်တွေ ကွဲလွဲကြရာကနေ စတင်လေ့ရှိကြပါတယ်။ အချက်အလက် မခိုင်မာတဲ့ စွပ်စွဲချက်တွေကို လူမှုကွန်ရက်မှာ ဖြန့်ချိမှုတွေဟာ လူပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းတွေ၊ မတူညီတဲ့ လူ့အသိုင်းအဝိုင်းတွေကို ဆိုးကျိုးတွေသက်ရောက်စေနိုင်ပါတယ်။ နဂိုကတည်းက ပဋိပက္ခအကဲဆတ်တဲ့၊ အာဏာသိမ်း မှုကြောင့် အကျပ်အတည်းဆိုက်ပါ ထပ်ဆိုက်နေတဲ့ မြန်မာနိုင်ငံအတွက်ဆိုရင် ပဋိပက္ခမီးတွေကို ပိုမိုတောက်လောင် စေနိုင်တာ သတိပြုဖို့ လိုအပ်ပါတယ်။ မြန်မာပြည်တောင်ပိုင်းက ကိုးကွယ်ယုံကြည်မှုမျိုးစုံ၊ လူမျိုးစု ပေါင်းစုံနဲ့တည်ရှိနေတဲ့ တနင်္သာရီတိုင်းမှာလည်း စွပ်စွဲ ရေးသားဖြန့်ချိမှု ကဏ္ဍမျိုးစုံကို အင်တာနက်လူမှုကွန်ရက်မျိုးစုံမှာ တွေ့မြင်နေရပါတယ်။ တနင်္သာရီတိုင်းမှာ စွပ်စွဲချက်တွေကို အခြေပြုပြီး အမုန်းတရားလှုံ့ဆော်တာတွေ၊ ပုဂ္ဂိုလ်ရေး တိုက်ခိုက်တာတွေ၊ […]


