လူမျိုးရေးမိုင်းတွေကြားက ဖက်ဒရယ်ခြေလှမ်း (အပိုင်း ၂)
Dawei Watch
September 20, 2025အာဏာရှင်တွေရဲ့ အတုအယောင် ပြည်ထောင်စုစနစ်ဆိုတာကို အမြစ်ကလှန်ပြီး တိုင်းရင်းသား လူမျိုးပေါင်းစုံ သာတူညီမျှစွာ အတူယှဉ်တွဲ နေထိုင်နိုင်မယ့် ဖက်ဒရယ်စနစ်ကို ဖော်ဆောင်နိုင်ရေးဆိုတာ နွေဦးတော်လှန်ရေးရဲ့အန္တိမ ပန်းတိုင်တစ်ခုလည်းဖြစ်သည်။ သို့သော် အာဏာသိမ်း စစ်ခေါင်းဆောင်တွေကတော့ အတုအယောင် ရွေးကောက်ပွဲကျင်းပပြီးဖက်ဒရယ်အတုနဲ့ မျက်လှည့်ပြဖို့ကြိုးစားနေပါတယ်။ စစ်အာဏာရှင်ရဲ့ လှည့်ကွက်ကို ကောင်းစွာနားလည်နေတဲ့ တော်လှန်ပြည်သူလူထုကတော့ ဖက်ဒရယ် ခြေလှမ်းကို ရဲရဲလှမ်းနေကြပါပြီ။ ဒါပေမဲ့ လူမျိုးရေးမိုင်းတွေကတော့ အချိန်မရွေး ပေါက်ကွဲနိုင်တဲ့အခြေအနေမှာ ရှိနေပါတယ်။ နွေဦးတော်လှန်ရေး အရှိန်ကောင်းနေတာကြောင့် ဒေသအတော်များများမှာ အာဏာရှင်စစ်တပ်က ကြီးစိုးနိုင်မှုနည်းလာနေပြီး တော်လှန်ရေး တပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့ ဒေသတွေ များလာနေတဲ့ အခြေအနေမှာ လူမျိုးရေးပွတ်တိုက်မှုတွေ အနည်းငယ်ရှိလာပါတယ်။ လူမျိုးစုံအတူယှဉ်တွဲ နေထိုင်ကြတဲ့ မြန်မာနိုင်ငံရဲ့ ပထဝီအခြေအနေကြောင့် လူမျိုးရေးပွတ်တိုက်မှုတွေကအနည်းနဲ့အများ ရှိလာမယ်ဆိုတာ အားလုံးက ကြိုတင်တွက်ဆထားကြပေမယ့် လူမျိုးရေးပဋိပက္ခကိုဦးတည်မသွားဖို့လည်း ကြိုပြင်ထားရမယ်ဆိုတဲ့ ထောက်ပြလာတာတွေလည်း ရှိနေကြပါပြီ။ […]


