ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

နိုင်ငံတကာသတင်း

ထိုင်းတွင် ရောဂါမှားကုသပြီး လူနာသေဆုံးသဖြင့် ဆရာဝန်ကို အလုပ်ဖြုတ်

Dawei Watch

July 20, 2026

စိတ်ဖိစီးမှု သို့မဟုတ် ရာသီဥတုကြောင့်ဖြစ်သည်ဟုဆိုကာ ဆေးပေး၍ အိမ်ပြန်လွှတ်ခဲ့ပြီး လူနာရှင်က ကျန်းမာရေး စစ်ဆေးပေးရန်တောင်းဆိုမှုနှင့် အခြားဆေးရုံသို့ လွှဲပြောင်းပေးရန် တောင်းဆိုမှုတို့ကို ဆရာဝန်က ငြင်းပယ်ခဲ့သည်ဟု ဆိုသည်။

တရုတ်အစိုးရအဂတိမှု ဖော်ထုတ်သည့် သတင်းထောက်ကို ပြန်မပို့ရန် နိုင်ငံတကာအဖွဲ့ ၆၀ ခန့် တောင်းဆို

Dawei Watch

July 20, 2026

သတင်းထောက် Bai Zhaodong သည် တရုတ်အစိုးရ အရာရှိများ၏ အဂတိလိုက်စားမှု၊ ဘဏ္ဍာရေးလိမ်လည်မှုများကို စုံစမ်းဖော်ထုတ် ရေးသားခဲ့သူ ဖြစ်သည်။

ချင်းမိုင်တွင် အိတ်ခိုးသွားသည့် မြန်မာနိုင်ငံသားကို ရဲတပ်ဖွဲ့ ဖမ်းဆီး၊ စက်ဘီးခိုးမှုပါပေါ်ပေါက်

Dawei Watch

July 20, 2026

ခိုးမှုကျူးလွန်သည်ဆိုသော မြန်မာနိုင်ငံသားမှာ နေထိုင်ခွင့် အထောက်အထားများမရှိသဖြင့် ခိုးမှုအပြင် တရားမဝင်နေထိုင်မှုဖြင့်ပါ အမှုဖွင့်ထားသည်။

ဗင်နီဇွဲလားငလျင်ကြောင့် သေဆုံးသူ ငါးထောင်နီးပါး ရှိလာ

Dawei Watch

July 15, 2026

ထိခိုက်ဒဏ်ရာရသူ တစ်သောင်းခြောက်ထောင်ကျော် အထိရှိနေပြီး အိုးအိမ်မဲ့သွားသူများလည်း အများအပြားရှိနေသည်။

အီးယူနိုင်ငံများတွင် ကလေးသူငယ်များ လူမှုကွန်ရက်သုံးစွဲမှု ကန့်သတ်မည်

Dawei Watch

July 14, 2026

၂၇ နိုင်ငံပါဝင်သည့် ဥရောပသမဂ္ဂ(EU)အဖွဲ့ဝင်နိုင်ငံများတွင် ကလေးသူငယ်များ လူမှုကွန်ရက်သုံးစွဲမှု ကန့်သတ်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာဗွန်ဒါလေယန်က ဇူလိုင်လ ၁၃ ရက်နေ့တွင် ပြောကြားလိုက်သည်။ ယင်းမှာ အွန်လိုင်းအန္တရာယ်များမှ ကလေးသူငယ်များကို ကာကွယ်ရန် လက်ရှိအချိန်အထိ အကြီးမားဆုံး ကြိုးပမ်းအားထုတ်မှုဖြစ်လာမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ အဆင့်ဆင့်ကန့်သတ်သည့် နည်းလမ်းတစ်ခုကို အကြံပြုထားသော ကျွမ်းကျင်သူနှစ်ဦး၏ စာတမ်းတစ်စောင်ကို ဗွန်ဒါလေယန်က သတင်းထောက်များကို ပြသခဲ့သည်။ ယင်းတွင် အသက် ၁၃ နှစ်အောက် ကလေးများကို မိဘ သို့မဟုတ် ထိန်းသိမ်းစောင့်ရှောက်သူများနှင့် ဆရာ၊ ဆရာမများ၏ ကြီးကြပ်မှုအောက်တွင် သတ်မှတ်ထားသော အချိန်ကာလတစ်ခုအထိသာ လူမှုကွန်ရက်သုံးစွဲခွင့်ပြုရန် ဖော်ပြထားသည်။ ဆယ်ကျော်သက်များ အသက်ကြီးလာသည်နှင့်အမျှ ယင်းကန့်သတ်ချက်များကို တဖြည်းဖြည်းချင်း ဖြေလျှော့ပေးသွားမည့် အစီအစဉ် ဖြစ်ကြောင်း သိရသည်။ “လူမှုကွန်ရက်ပလက်ဖောင်းတွေအတွက် အသက်အရွယ်နဲ့ […]

ကော့စမွေကျွန်းတွင် ဘတ်တစ်သန်းခန့်ဖိုး ခိုးမှုဖြင့် မြန်မာသုံးဦးဖမ်းဆီးခံရ

Dawei Watch

July 13, 2026

ရဲတပ်ဖွဲ့က CCTV မှတ်တမ်းများမှတစ်ဆင့် ခြေရာခံပြီးနောက် ဆောက်လုပ်ရေးအလုပ်သမားတန်းလျားတွင် ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း ဆိုသည်။

ဟော်မုဇ်ရေလက်ကြားကို အီရန် ထပ်ပိတ်

Dawei Watch

July 13, 2026

ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့ ပြန်ပိတ်လိုက်ပြီ ဖြစ်ကြောင်း အီရန်ဘက်က ဇူလိုင်လ ၁၂ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။ အမေရိကန်နှင့် အီရန်အကြား အပြန်အလှန်အားဖြင့် ဒုံးကျည်နှင့် ဒရုန်းတိုက်ခိုက်မှုများ တနင်္ဂနွေနေ့က ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့သည်။ ပင်လယ်ကွေ့ဒေသတလွှားရှိ အမေရိကန်စစ်အခြေစိုက်စခန်းများကို အီရန်ဘက်က ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်။ ယင်းမှာ ဟော်မုဇ်ရေလက်ကြားအတွင်း ရေကြောင်းဖြတ်သန်းသွားလာမှုအပေါ် ၎င်းတို့၏ ထိန်းချုပ်မှုကို ပြသရန် အီရန်ဘက်က ကြိုးစားနေချိန် နှစ်ဖက်အပြန်အလှန်တိုက်ခိုက်မှု သံသရာ၏ ယခု နောက်ဆုံးထွက်ပေါ်လာသည့် ဖြစ်ရပ် ဖြစ်သည်။ ယခု နောက်ဆုံးထွက်ပေါ်လာသည့် အပြန်အလှန်တိုက်ခိုက်မှုများကြောင့် ပြီးခဲ့ကသည့် လက လက်မှတ်ရေးထိုးခဲ့သည့် အမေရိကန်-အီရန် ကြားကာလအပစ်ရပ်သဘောတူညီချက်အပေါ်စိုးရိမ်မှုများ ပိုမိုကြီးထွားလာနေသည်။ အဆိုပါ သဘောတူညီချက်ကို ဟော်မုဇ်ရေလက်ကြား ပြန်ဖွင့်ရေးနှင့် ရက် ၆၀ ဆွေးနွေးကာလအတွင်း စစ်ပွဲရေရှည်အဆုံးသတ်နိုင်ရေးအတွက် ရည်ရွယ်၍ လက်မှတ်ရေးထိုးထားခြင်း ဖြစ်သည်။ […]

ဘန်ကောက်တွင် ဘားမီးလောင်ပြီး လူ ၃၀ ကျော် သေဆုံး၊ အိမ်သာထဲ ပိတ်မိသေဆုံးသူ ပိုများ

Dawei Watch

July 13, 2026

မီးလောင်မှုကြောင့် သေဆုံးသည် ၃၀ ဦး၏ အလောင်းကို တွေ့ရှိထားပြီးဖြစ်ပြီး ၎င်းတို့အနက် အမျိုးသား ရှစ်ဦး၊ အမျိုးသမီး ၁၇ ဦးတို့ကို ခွဲခြားထားနိုင်ကြောင်း၊ ကျန်ရှိသူများကိုလည်း ကျားမ ခွဲခြားနေဆဲဖြစ်ကြောင်း ဖော်ပြသည်။