ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

နီပေါရေကြီးမှုတွင် လှိုင်ခေါင်းထဲ ကိုးရက်ကြာ ပိတ်မိနေသူနှစ်ဦးကို အသက်ရှင်လျက် ကယ်တင်

September 4, 2026

နီပေါ-တိဗက် နယ်စပ် ရေကြီးမြေပြိုတွင် ရေအားလျှပ်စစ်စီမံကိန်းတစ်ခု၏ လှိုင်ခေါင်းထဲ ကိုးရက်ကြာ ပိတ်မိနေသော အလုပ်သမားနှစ်ဦးကို ကိုးရက်အကြာ ယနေ့ စက်တင်ဘာ ၄ ရက်တွင် အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့ကြောင်း နိုင်ငံတကာသတင်းဌာနများတွင် ဖော်ပြသည်

ယနေ့ နံနက်တွင် လှိုင်ခေါင်းထဲ လူသံကို ကနဦးကြားရပြီးနောက် အလုပ်သမားနှစ်ဦးကို ကယ်တင်နိုင်ခဲ့ပြီး ကယ်ဆယ်ရေး အဖွဲ့ဝင်တစ်ဦးသည် ရွှံပေနေသော အလုပ်သမားကို ကျောပေါ်တင်၍ ကယ်တင်နေသည်ကို ဓါတ်ပုံများအရ တွေ့ရသည်။

အသက်ရှင်လွတ်မြောက်လာသူ နှစ်ဦးမှာ ရေအားလျှပ်စစ် အလုပ်သမားခေါင်းဆောင်နှင့် ကြီးကြပ်သူတို့ဖြစ်ပြီး ဒဏ်ရာများကို ဆေးကုသရန် မြို့တော် ခတ္တမန္ဒူရှိ ဆေးရုံသို့ ရဟတ်ယာဉ်ဖြင့် ပို့ဆောင်ခဲ့ကြောင်း ဖော်ပြသည်။

၎င်းတို့နှစ်ဦးအနက် တစ်ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း နီပေါဝန်ကြီးချုပ်ရုံးဘက်က ပြောဆိုသည်။

Trishuli-3A ရေအားလျှပ်စစ်စီမံကိန်းထဲတွင် အလုပ်သမား ၁၁၅ နီးပါးအထိ ပိတ်မိနေဆဲဖြစ်ပြီး နောက်ထပ် အသက်ရှင်နေသူများ ရှိနေသေးကြောင်း အသက်ရှင်ခဲ့သူက ပြောသည်။

လက်ရှိတွင် ယင်းလှိုင်ခေါင်းထဲသို့ အောက်စီဂျင်ပိုက်များ ထည့်သွင်းထားပြီး ကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ကြောင်း ဖော်ပြသည်။

ရေကြီးခဲ့သော မြစ်ကြောင်းတစ်လျှောက်တွင် ရေအားလျှပ်စစ်စီမံကိန်း ၁၂ ခုရှိပြီး လှိုင်ခေါင်းထဲ ပိတ်မိနေသူ ငါးရက်ခန့် အထိရှိသဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လုပ်နေဆဲဖြစ်ကြောင်း ဖော်ပြသည်။

အချို့လှိုင်ခေါင်းများတွင် ထွက်ပေါက်များ ပိတ်သွားသဖြင့် ဖောက်ခွဲရေးပစ္စည်းများသုံး၍ ကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်နေဆဲဖြစ်ကြောင်း ဖော်ပြသည်။

လက်ရှိအချိန်အထိ နီပေါ-တိဗက် ရေကြီးမြေပြိုမှုကြောင့် သေဆုံးသူ ၁၃၀၀ နီးပါး ရှိလာပြီး လူပေါင်း ငါးထောင်ကျော် ပျောက်ဆုံးနေဆဲဖြစ်သည်။

Ref: BBC, CNN, AP