ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

နိုင်ငံတကာဆောင်းပါး

လေလုံး ထားဝယ်ဆိပ်ကမ်းစီမံကိန်း အလားအလာ

Dawei Watch

September 5, 2026

မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ၏ အကြီးမားဆုံး စက်မှုဇုန်တစ်ခုကို ထိုင်းနှင့် ဖက်စပ်လုပ်ကိုင်ရန် စီစဉ်ခဲ့ဖူးသည်။ ထိုအစီအစဉ်ကို ရပ်ဆိုင်းပြီးနောက် နှစ်ပေါင်းများစွာ အကြာ ယခုအချိန်တွင် မြန်မာသည် ဆိုခဲ့ပါ စီမံကိန်းကြီးကို ပြန်လည်အသက်သွင်းရန် ကြိုးပမ်းနေပြီဖြစ်သည်။ ဒေသတွင်း သင်္ဘောလမ်းကြောင်း ဖြတ်လမ်းအတွက် ရေနက်ဆိပ်ကမ်းတစ်ခုလည်း ပါဝင်မည့် ဤမဟာစီမံကိန်းသည် ယခုတစ်ကြိမ်၌ ရုရှား၏ ပါဝင်ပတ်သက်မှုနှင့်အတူ ဘန်ကောက်၏ စိတ်ပါဝင်စားမှု အသစ်ကိုလည်း ရရှိထားသည်။ မြန်မာနိုင်ငံတောင်ပိုင်းရှိ ထားဝယ် အထူးစီးပွားရေးဇုန် (SEZ) ကို လွန်ခဲ့သော နှစ်ပေါင်းနှစ်ဆယ်ခန့်က စီမံကိန်း စတင်ရေးဆွဲစဉ်၌ အရှေ့တောင်အာရှ၏ တံခါးပေါက်ကြီးများထဲမှ အသစ်တစ်ခုအဖြစ် ပုံဖော်ခဲ့ခြင်း ဖြစ်သည်။ ဤစီမံကိန်းသည် ကျေးလက်ဒေသ ငါးဖမ်းကျွန်းဆွယ်တစ်ခု၏ တောင်ဘက်စွန်းတွင် တွဲခိုနေသည့် ဒေသန္တရ မြို့ငယ်တစ်ခုကို အန်ဒမန်ပင်လယ်ပြင်ရှိ ကမ္ဘာ့အဆင့်မီ ရေနက်ဆိပ်ကမ်းတစ်ခုအဖြစ် တည်ဆောက်ရန် […]

အမေရိကန် လက်နက်ပြတ်လပ်မှုနဲ့ တစ်ကမ္ဘာလုံးအပေါ် ရိုက်ခတ်နိုင်ခြေ

Dawei Watch

August 21, 2026

ဒေါ်နယ်ထရမ့်တစ်ယောက်တော့ ပစ်ထ်ဟက်ဆက်ကို တော်တော်လေး ဒေါသထွက်နေပုံပါပဲ။ အမေရိကန်သမ္မတဟာ သူ့ရဲ့ ယောကျ်ားဘသား ကာကွယ်ရေးဝန်ကြီးကို အီရန်စစ် အပါအဝင် စစ်ပွဲတွေကို မြတ်နိုးသူ ဆိုပြီး အမွှမ်းတင်ခဲ့တာ ဘယ်လောက်မှတောင် မကြာသေးပါဘူး။ အခုတော့ ဒီစစ်ပွဲဟာ အနိုင်လည်းမရသလို အဆုံးလည်းမသတ်နိုင်တဲ့ပုံစံ ဖြစ်လာခဲ့ပြီ။ ထရမ့်ဟာလည်း ကမ့်ဒေးဗစ်အပန်းဖြေစခန်းမှာ သူ့ရဲ့ ဒေါသတွေကို သွန်ချရင်း အမေရိကန်မှာ ခဲယမ်းမီးကျောက် ပြတ်လပ်နေတဲ့အကြောင်းကို ဟက်ဆက်က ဘာကြောင့် စောစောစီးစီး ရှင်းမပြဘဲ သူ့ကို လမ်းလွဲအောင် လုပ်ခဲ့တာလဲဆိုတာ သိချင်နေပါပြီ။ ပြင်းထန်တဲ့ တိုက်ခိုက်နိုင်စွမ်း အကြောင်း၊ အီရန်နဲ့ ဖြစ်တဲ့ စစ်ပွဲအကြောင်းတွေကို လေတစ်လုံးမိုးတစ်လုံး ပြောဆိုခဲ့တဲ့ ဟက်ဆက်ကို စိတ်တိုသင့်ပါတယ်။ ဒါပေမဲ့ တပ်အားလုံးရဲ့ စစ်သေနာပတိချုပ် အဖြစ်နဲ့ ဒီလမ်းလွဲနေတဲ့ ပဋိပက္ခကို စတင်ဖို့ အမိန့်ပေးခဲ့တဲ့ […]

နောင်လာမည့် ကမ္ဘာ့အစီအစဉ်သစ်ကို မည်သူဦးဆောင်မည်နည်း

Dawei Watch

August 9, 2026

စစ်ရေး၊ စီးပွားရေးပါဝါနှင့် တန်ဖိုးထားမှုများအား အမေရိကန် တစ်ဦးတည်းချုပ်ကိုင်မှုအပေါ် မှီတည်ခဲ့သည့် ကမ္ဘာ့အစီအစဉ်သည် နိဂုံးသို့ ရောက်သွားပြီဖြစ်သည်။ သူချည်းမဟုတ်။ ဥရောပ၏ ရေရှည်တည်ငြိမ်မှုကိုပါ တစ်ပါတည်း ဆွဲခေါ်သွားသည်။ ကမ္ဘာကြီးသည် သိသိသာသာ ပိုမိုလှုပ်ခတ်လာသည်။ မသေချာမရေရာမှုများ ပိုမိုများပြားလာသည်။ မဝေးတော့သည့် အနာဂတ်သည်လည်း မတည်ငြိမ်မှုများ ဆထက်တိုး ဆောင်ကြဉ်းလာဦးမည် ဖြစ်လေသည်။ အတိတ်ကာလ၌ ကမ္ဘာ့အစီအစဉ်၏ ကောက်ကြောင်းများကို ထိပ်သီးစက်မှုနိုင်ငံများ စုစည်းထားသည့် G7 နှင့် G8 ပုံစံများတွင် ရှင်းလင်းစွာ တွေ့မြင်ခဲ့ရသည်။ ယခုအခါတွင်မူ တရုတ် ဦးဆောင်သည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေး အဖွဲ့၊ ရုရှား ဦးဆောင်သည့် ယူရေရှန်း စီးပွားရေးသမဂ္ဂနှင့် BRICS+ (ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်၊ တောင်အာဖရိက၊ အခြားအဖွဲ့ဝင် ခြောက်နိုင်ငံနှင့် မိတ်ဖက် ဆယ်နိုင်ငံ) […]

တာလီဘန်တို့ ပညာရေးအပေါ် စစ်ဆင်ခြင်း

Dawei Watch

July 30, 2026

မနက်တိုင်း ကဘူးလ်တက္ကသိုလ်ကို မသွားခင် ဟာရှ်မက်ဟာ မဖြစ်မနေထားရမယ်လို့ အမိန့်ပေးခံထားရတဲ့ သူ့မုတ်ဆိတ်မွေးကို မှန်ထဲ ကြည့်ရပါတယ်။ ကျောင်းသားတွေအနေနဲ့ မုတ်ဆိတ်မွေး ထားဖို့ လိုအပ်သလို အာဖဂန်ရိုးရာဝတ်စုံလည်း ဝတ်ရပါတယ်။ ဒီစည်းကမ်းချက်ကို မလိုက်နာတဲ့သူဆိုရင် အပြစ်ပေးခံရပါတယ်။ မကြာသေးကတင်ပဲ ဘောင်းဘီရှည်ဝတ်လာလို့ဆိုပြီး သူ့အတန်းဖော်တစ်ယောက် အရိုက်ခံရတာကို မြင်လိုက်ရသေးတယ်လို့ ဟာရှ်မက်က ပြောပါတယ်။ “သူတို့က ခင်ဗျား ပြောတာကို မနားထောင်သေးခင် ခင်ဗျားရဲ့ ပုံစံကို အရင်ကြည့်တာ။ ခင်ဗျားရဲ့ ပုံပန်းအသွင်အပြင် တစ်ခုခု လွဲနေလို့ကတော့ အတန်းမစခင်ကတည်းက ခင်ဗျား ဒုက္ခရောက်ပြီပဲ” လို့ သူက ဆိုပါတယ်။ အစွန်းရောက်ရှေးရိုးစွဲအစ္စလာမ္မစ်ဝါဒီ တာလီဘန်တွေ အာဖဂန်နစ္စတန်နိုင်ငံကို ပြန်သိမ်းပိုက်နိုင်ခဲ့ပြီး ငါးနှစ်အကြာမှာ နိုင်ငံရဲ့ ပညာရေးစနစ်ကြီးတစ်ခုလုံး ပြိုလဲနေပြီလို့ အာဖဂန်ကျောင်းသားတွေက The Guardian သတင်းစာကို ပြောပါတယ်။ […]

အိန္ဒိယက ပိုးဟပ်ဆန္ဒပြပွဲများ

Dawei Watch

July 24, 2026

အိန္ဒိယနိုင်ငံမှာ လူငယ်တွေ ဦးဆောင်တဲ့ ပိုးဟပ်ပါတီ လှုပ်ရှားမှုကို ထောက်ခံပါဝင်တဲ့သူ ထောင်ပေါင်းများစွာဟာ မြို့တော်နယူးဒေလီမှာ စခန်းချဆန္ဒပြပြီး ပညာရေးဝန်ကြီးဒါမန်ဒရာပရာဒန် နုတ်ထွက်ပေးဖို့ တောင်းဆိုနေကြပါတယ်။ ဒါဟာ ဝန်ကြီးချုပ်နရန်ဒရာမိုဒီရဲ့ တတိယသက်တမ်းမှာ အကြီးမားဆုံး လူထုစိန်ခေါ်မှုတစ်ရပ် ဖြစ်ပါတယ်။ ဒီဆန္ဒပြပွဲတွေကို ဘယ်အရာက မီးမွှေးပေးလိုက်သလဲ ၊ လက်ရှိ ဖြစ်နေတဲ့ အခြေအနေက ဘယ်လိုလဲဆိုတာကို ကြည့်ကြရအောင်ပါ။ ဘာကြောင့် ဆန္ဒပြသူတွေက ပရာဒန်နုတ်ထွက်ပေးဖို့ လိုချင်တာလဲ ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာအောင် ရုတ်တရက် မီးမွှေးပေးလိုက်တာကတော့ စာမေးပွဲမေးခွန်းတွေ ပေါက်ကြားလို့ဆိုပြီး National Eligibility cum Entrance Test (NEET) စာမေးပွဲကို ဖျက်သိမ်းလိုက်တာပါပဲ။ ဒီစာမေးပွဲဟာ အိန္ဒိယနိုင်ငံရဲ့ ဘွဲ့ကြိုဆေးကျောင်းဝင်ခွင့်စာမေးပွဲတစ်ခု ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံတစ်ဝှမ်း မေလ ၃ ရက်နေ့မှာ ကျောင်းသားဦးရေ ၂ […]

မြန်မာ စစ်အုပ်စု နှင့် ပြန်ပေါင်းထုပ်လျှင် အာဆီယံ ကြုံရနိုင်သည့် အန္တရာယ်

Dawei Watch

July 24, 2026

ဗိုလ်ချုပ်မှူးကြီးဘဝဖြင့် ၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းယူခဲ့သူ ဦးမင်းအောင်လှိုင်ကား အကွက်ရွှေ့လာချေပြီ။ ပြီးခဲ့သော ဒီဇင်ဘာနှင့် ဇန်နဝါရီလအတွင်း ဖြစ်ကတတ်ဆန်း ရွေးကောက်ပွဲများကို ဟိုတစ်ကွက် သည်တစ်ကွက် အတင်းအဓမ္မ ကျင်းပသည်။ ထို့နောက် ရွေးကောက်ပွဲအလွန် သမ္မတအဖြစ် အရပ်ဝတ်ဖြင့် အိန္ဒိယသို့ တရားဝင် အလည်အပတ်ခရီး သွားပြီး ဝန်ကြီးချုပ် နာရင်ဒြာမိုဒီနှင့် တွေ့သည်။ တရုတ်ပြည်သို့ သွားပြီး သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့သည်။ ဇူလိုင်လအစောပိုင်းတွင် အလားတူ နိုင်ငံတော်ခရီးစဉ်ဖြင့် လာအိုသို့ သွားသည်။ ထိုင်းနိုင်ငံသို့လည်း သြဂုတ်လတွင် သွားဖို့ ရှိသည်။ ဦးမင်းအောင်လှိုင်သည် သူ့ကို ခေါင်းဆောင်များ၏ အစည်းအဝေးများတွင် ပြန်လည်လက်ခံစေရန်၊ မြန်မာကို အချိန်မဆိုင်းဘဲ ကျယ်ကျယ်ပြန့်ပြန့် ထိတွေ့ဆက်ဆံစေရန်အတွက် အာဆီယံကို ဖိအားပေးသည့် သံတမန်လှိုင်းပေါ်၌ ရောက်နေပြီဖြစ်သည်။ သို့ရာတွင် သူ့ကို […]

ယူကရိန်း-ရုရှား စစ်ပွဲကြောင့် လမ်းကြောင်းပြောင်းသွားတဲ့ အရှေ့တောင်အာရှ လက်နက်ကုန်သွယ်ရေး

Dawei Watch

July 15, 2026

ပြီးခဲ့တဲ့ နှစ်ပေါင်းနှစ်ဆယ်အတွင်း အရှေ့တောင်အာရှ အစိုးရတွေဟာ သူတို့ရဲ့ လက်နက်ဝယ်ယူမှု စာရင်းကို ပုံစံစုံအောင် အထူးဂရုစိုက်ခဲ့ကြပါတယ်။ ရုရှား ရေငုပ်သင်္ဘောတွေနဲ့ အချိုးညီအောင် အမေရိကန် တိုက်လေယာဉ်တွေနဲ့ ဖြည့်တယ်။ ပြင်သစ်စစ်သင်္ဘောတွေနဲ့ တောင်ကိုရီးယား လေ့ကျင့်ရေးလေယာဉ်တွေ မျှအောင်ဝယ်တယ်။ တရုတ် ကင်းလှည့်ရေယာဉ်တွေကို မျှခြေညှိဖို့ အစ္စရေးရေဒါတွေနဲ့ အားဖြည့်တယ်။ ကာကွယ်ရေးပစ္စည်းတွေကို အင်အားကြီးနိုင်ငံတွေဆီကနေ အချိုးညီညီ ဝယ်ယူခြင်းဖြင့် အာဆီယံနိုင်ငံတွေဟာ ဘယ်သူ့ကိုမှ သစ္စာခံစရာမလိုဘဲ စစ်တပ်ကို ခေတ်မီအောင် လုပ်နိုင်ခဲ့ကြပါတယ်။ အင်အားကြီးနိုင်ငံတွေရဲ့ ပြိုင်ဆိုင်မှုအလယ်မှာ အာဆီယံဟာ ဗျူဟာမြောက် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်စွမ်းကို ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။ ဒီလို ထိန်းညှိမှုမှာ မရှိမဖြစ် အရေးပါခဲ့တဲ့ နိုင်ငံကတော့ ရုရှားပါ။ မော်စကိုဟာ စွမ်းရည်မြင့် လေယာဉ်တွေ၊ ရေငုပ်သင်္ဘောတွေကို အနောက်နိုင်ငံတွေ မလိုက်နိုင်တဲ့ ဈေးနှုန်းတွေနဲ့ ပံ့ပိုးပေးခဲ့သလို […]

အီရန်စစ်ပွဲ ဘာဆက်ဖြစ်မလဲ

Dawei Watch

July 10, 2026

အီရန်နဲ့ အပစ်အခတ်ရပ်စဲရေး ပြီးဆုံးပျက်ပြယ်သွားပြီလို့ သူ ယူဆတယ်ဆိုတာ သမ္မတဒေါ်နယ်ထရမ့်က ပြောလိုက်ပါပြီ။ အီရန်နဲ့ သဘောတူညီချက်တစ်ခု ရဖို့ သူ့အနေနဲ့ လိုချင်သေးလားဆိုတာ မသေချာဘူးလို့ ထရမ့်က ပြောပါတယ်။ နောက်ပြီး အမေရိကန်အနေနဲ့ ‘ဒီကိစ္စကို အပြတ်ရှင်းသင့်ပြီ’လို့လည်း ပြောပါတယ်။ ဒါပေမဲ့ ရှေ့လျှောက်တိုက်ခိုက်မှုတွေဟာ စစ်ပွဲ ပြန်ဆင်နွှဲမယ်ဆိုတဲ့ အဓိပ္ပါယ်မဟုတ်သလို ၊ ကာလရှည်စစ်ဆင်ရေးလုပ်မယ်ဆိုတဲ့ အဓိပ္ပါယ်မဟုတ်ဘူးလို့လည်း ထရမ့်က အခိုင်အမာ ပြောပါတယ်။ ထရမ့်ရဲ့ ရှေ့နောက်မညီတဲ့ သတင်းစကားတွေ ၊ စစ်ရေးအရ ဆက်တိုက်တိုက်ခိုက်မှုတွေ လုပ်ဖို့ ထရမ့်ရဲ့ ခွင့်ပြုမှုကြောင့် ဖြစ်ပေါ်လာတဲ့ ရှုပ်ထွေးမှုနဲ့ မရေရာမသေချာမှုတွေဟာ အီရန်ပဋိပက္ခမှာ နောက်ထပ် ဘာဆက်ဖြစ်မလဲဆိုတာနဲ့ ပတ်သက်လို့ အဓိကမေးခွန်းတွေ ထွက်ပေါ်လာစေပါတယ်။ သမနိရှည် ရန်သူတော်နှစ်ပါးအကြားမှာ ပဏာမသဘောတူညီချက်ကလေးတစ်ခု ရဖို့တောင် သံတမန်ရေးအရ ခက်ခက်ခဲခဲ […]