ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

နိုင်ငံတကာဆောင်းပါး

နိုင်ငံရေးအရိပ်မိုးမြဲ မိုးနေဆဲ ကမ္ဘာ့ဖလား

Dawei Watch

July 4, 2026

ဖီဖာ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ နိုင်ငံရေးနဲ့ ကင်းကွာခဲ့တယ်ရယ်လို့ ဘယ်တုန်းကမှ မရှိပါဘူး။ ခရီးသွားလာခွင့် ပိတ်ပင်တာတွေ၊ လူဝင်မှုကြီးကြပ်ရေးပေါ်လစီတွေအကြောင်း မငြင်းခုံကြခင် အချိန်အတော်ကြာ ကတည်းက ဒီပြိုင်ပွဲဟာ အစိုးရတွေအဖို့ သူတို့ပါဝါကို ပြဖို့၊ အမျိုးသားအမှတ်အသားသရုပ်ကို ပုံဖော်ဖို့၊ တရားဝင်အစိုးရ အဖြစ် နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုကို ရှာဖို့ စင်မြင့်တစ်ခု ဖြစ်နေခဲ့ပါပြီ။ ဒါနဲ့ ပတ်သက်လို့ အစောဆုံး နမူနာတစ်ခုဟာ ၁၉၇၃ မှာ ပေါ်ထွက်လာခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ချီလီဟာ ကမ္ဘာ့ဖလား ခြေစစ်ပွဲ playoff ပွဲပိုအတွက် ဆိုဗီယက်ယူနီယံကို ရင်ဆိုင်ကစားရဖို့ ရှိပါတယ်။ ဒါပေမဲ့ ဆိုဗီယက်ယူနီယံဘက်က ကစားဖို့ ငြင်းဆန်ခဲ့ပါတယ်။ ပွဲမတိုင်ခင် ရက်ပိုင်းတွေမှာ အော်ဂတ်စတိုပီနိုချေး ဦးဆောင်တဲ့ ချီလီစစ်အာဏာရှင်အစိုးရဟာ အဲဒီအားကစားကွင်းကို ထိန်းသိမ်းရေးစခန်းတစ်ခုအဖြစ် ပြောင်းလဲပစ်ခဲ့ပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးထားတဲ့ […]

ကမ္ဘာ့စစ်ရေးကို ပြောင်းလဲပစ်လိုက်တဲ့ တန်ဖိုးနည်းဒရုန်းတွေ

Dawei Watch

June 29, 2026

ဈေးပေါပေါနဲ့ အမြောက်အမြားထုတ်ထားတဲ့ တန်ဖိုးနည်းဒရုန်းတွေဟာ စစ်ပွဲတွေရဲ့ မျက်နှာစာကို အပြီးတိုင် ပြောင်းလဲပစ်လိုက်ပါပြီ။ ဒီဒရုန်းတွေသာ မရှိရင် ရုရှားရဲ့ လူအင်အား ၊ လက်နက်အင်အား အပြတ်အသတ်သာလွန်မှုက ယူကရိန်းကို အမှုန့်ကြိတ်ခြေမွပစ်နေလောက်ပါပြီ။ ဒီဒရုန်းတွေသာမရှိရင် ဟူသီတွေဆိုတာ ယီမင်က ဟိုစပ်စပ်ဒီစပ်စပ် လက်နက်ကိုင်အဖွဲ့အဆင့်ပဲ ရှိမှာပါ။ ကမ္ဘာ့ရေကြောင်းကုန်သွယ်မှုကို ဒုက္ခပေးနိုင်တဲ့ အင်အားစုတစ်ခု ဖြစ်လာမှာ မဟုတ်ပါဘူး။ ဒါတွေသာ မရှိရင် စီးပွားရေးပိတ်ဆို့ခံထားရပြီး အပယ်ခံဖြစ်နေတဲ့ အီရန်က ကမ္ဘာ့သမိုင်းမှာ အင်အားအကြီးဆုံးစစ်တပ်ကို အခုလောက်အထိ အထိနာအောင် လုပ်နိုင်မှာ မဟုတ်ဘူး။ ဒါက အရေးကြီးပါတယ်။ အခုချိန်မှာ စစ်တပ်အင်အားကြီးတာတစ်ခုတည်းနဲ့ အနိုင်ရဖို့ အာမမခံနိုင်တော့လို့ပါပဲ။ အခုချိန်မှာ ပိုက်ဆံရှိပြီး ဈေးကွက်ထဲက စက်ပစ္စည်းအစိတ်အပိုင်းတွေကို လက်လှမ်းမီတဲ့ ဘယ်နိုင်ငံမဆို ၊ ဘယ်လက်ဝေခံလက်နက်ကိုင်အဖွဲ့မဆို ၊ ဘယ်သူပုန်အဖွဲ့မဆို စူပါပါဝါတစ်ခုကို […]

အီရန်စစ်ပွဲ ပြီးသွားပြီလား

Dawei Watch

June 22, 2026

G7 ထိပ်သီးအစည်းအဝေးမှာ သမ္မတဒေါ်နယ်ထရမ့်တစ်ယောက် အရောင်းသမားတစ်ယောက်ပုံစံနဲ့ ရှိနေခဲ့ပါတယ်။ ဒုတိယသမ္မတ ဂျေဒီဗန်းစ်ကလည်း အမေရိကန်အစိုးရက အီရန်နဲ့ ချုပ်ဆိုခဲ့တဲ့ နားလည်မှုစာချွန်လွှာကို ကာကွယ်ပြောဆိုဖို့ မီဒီယာတွေဆီ လှည့်ပတ်ရှင်းပြနေခဲ့တယ်။ ပိုကျယ်ပြန့်တဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်တစ်ခုရရှိဖို့အတွက် ရက် ၆၀ ဆွေးနွေးညှိနှိုင်းရေး ကာလစတင်လာချိန်မှာ ကိုယ့်သဘောနဲ့ကိုယ် တိုက်ခဲ့တဲ့ ဒီစစ်ပွဲ ဘယ်လိုပုံစံလမ်းဆုံးသွားလဲဆိုတာ လေ့လာဆန်းစစ်ကြည့်သင့်ပါတယ်။ အီရန်စစ်ပွဲစဖြစ်ကာစနေ့တွေကတည်းက ထရမ့်အစိုးရဟာ သူတို့ရဲ့ စစ်ရေးရည်မှန်းချက်တွေဟာ ရှင်းလင်းပြတ်သားပြီး ဘယ်တော့မှ ပြောင်းလဲမှာ မဟုတ်ဘူးလို့ အခိုင်အမာ ပြောခဲ့ပါတယ်။ အီရန်ရဲ့ စစ်ရေးစွမ်းပကားနဲ့ စက်မှုအခြေခံအဆောက်အအုံတွေကို ဖျက်ဆီးပစ်မယ်။ အကြမ်းဖက်ကြားခံအဖွဲ့တွေကို အီရန်ရဲ့ ထောက်ပံ့နိုင်စွမ်းကို အဆုံးသတ်ပစ်မယ်။ တီဟီရန်အနေနဲ့ အဏုမြူလက်နက်တစ်ခု ဘယ်တော့မှ မရရှိနိုင်ဘူးဆိုတာ အာမခံမယ်။ အဲဒီရည်မှန်းချက်တွေပါပဲ။ စစ်ပွဲအစောပိုင်းတုန်းကဆို သမ္မတထရမ့်က ဒီထက်မက မှန်းခဲ့ပါသေးတယ်။ “လုံးဝဥဿုံ အပြတ်အသတ် […]

တောင်အာရှရဲ့ ရေစစ်ပွဲများ

Dawei Watch

June 22, 2026

လေ့လာသူအများစုရဲ့ ခေါင်းထဲမှာ တစ်နှစ်ကျော်ကြာ ရှိလာခဲ့တဲ့ အတွေးတစ်စကို ပါကစ္စတန်က ဇွန်လအစောပိုင်းမှာပဲ ထုတ်ပြောလိုက်ပါတယ်။ အိန္ဒိယဟာ ရေကို လက်နက်သဖွယ် အသုံးချနေတယ်ဆိုတဲ့ အချက်ပါပဲ။ ထုတ်ပြောရတဲ့ အကြောင်းရင်းကတော့ ချီနပ်မြစ်ပေါ်က စီမံကိန်းနှစ်ခုကြောင့်ပါ။ ချီနပ်မြစ်မှာ ပိုလျှံနေတဲ့ရေတွေကို ဟီမာချာပရာဒက်ရှ် ပြည်နယ်ထဲက ဘီးမြစ်ဝှမ်းထဲ လွှဲပြောင်းပေးမယ့် ရေလွှဲလိုဏ်ဂူစီမံကိန်းတစ်ခုနဲ့ ဂျမ်မူးဒေသက ဆာလာဆည်မှာ ရွှံ့နုန်းတွေ ပိတ်မနေအောင် လွှဲပေးမယ့် စီမံကိန်းတို့ ရှိပါတယ်။ ဒီစီမံကိန်း နှစ်ခုလုံးကို အိန္ဒိယရဲ့ အမျိုးသား ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး ကော်ပိုရေးရှင်းက အကောင်အထည်ဖော်မှာ ဖြစ်ပါတယ်။ ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တာဟီအန်ဒရာဘီက ဒီစီမံကိန်းတွေဟာ နယူးဒေလီက ရေကို လက်နက်သဖွယ် အသုံးချဖို့ ပြင်ဆင်နေတာကို သက်သေပြနေတယ်လို့ ဆိုပါတယ်။ ဒါဟာ ပါကစ္စတန်စီးပွားရေး အတွက်တင်မကဘဲ […]

သင့်စမတ်ဖုန်းနဲ့ အီဘိုလာ

Dawei Watch

June 10, 2026

လင်းနို့တွေနေတဲ့ သစ်ပင်တွေကို ခုတ်လှဲပစ်တာဟာ အီဘိုလာပိုး သယ်ဆောင်ထားတဲ့ တိရစ္ဆာန်တွေနဲ့ လူတွေကြားထဲက သိမ်မွေ့နုနယ်လှတဲ့ မျှခြေအခြေအနေကို ပျက်စီးသွားစေပါတယ်။

အတောင်မစုံသေးတဲ့ စူပါပါဝါ

Dawei Watch

June 3, 2026

အမေရိကန်တို့ သူ့ရဲ့ စူပါပါဝါ သရဖူကို တရုတ်ဆီ လွှဲပေးနေရပြီဆိုတဲ့ အင်ပါယာနိဂုံး ဇာတ်ကြောင်းတွေလည်း ဒီအစည်းအဝေးနဲ့အတူ တကျော့ပြန် အားကောင်းလာသေးရဲ့။ ဒီဆောင်းပါးမှာတော့ အဲဒီဘက်ကို မသွားတော့ပါဘူး။ ဒီအယူအဆနဲ့ ပြောင်းပြန် ဖြစ်ပျက်နေတဲ့ ကဏ္ဍတစ်ခုကိုပဲ အဓိက ထောက်ပြလိုပါတယ်။

အီဘိုလာ အိပ်မက်ဆိုး

Dawei Watch

June 2, 2026

၂၀၁၈ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံး အီဘိုလာဗိုင်းရပ်စ်ကူးစက်မှုရဲ့ ဗဟိုချက်ဖြစ်တဲ့ ကွန်ဂိုနိုင်ငံအရှေ့ပိုင်း အီတူရီပြည်နယ်မှာ ဒီဗိုင်းရပ်စ်ကို နှိမ်နင်းဖို့ ဘယ်လောက်ခက်လဲဆိုတာ နားလည်ချင်ရင် မွန်ဘွာလူးမြို့ရဲ့ မကြာသေးခင်က အဖြစ်အပျက်တွေကို ကြည့်ကြည့်လိုက်ပါ။ အီဘိုလာနဲ့ သေဆုံးသွားတာ ဖြစ်နိုင်တဲ့ ဓမ္မဆရာတစ်ယောက်ရဲ့ အလောင်းကို ပြန်လုဖို့အတွက် မေလ ၂၄ ရက်နေ့မှာ လူငယ်အချို့ဟာ ဒေသန္တရဆေးရုံတစ်ရုံကို လေးကြိမ်တိုင်တိုင် တိုက်ခိုက်ခဲ့ကြပါတယ်။ အဲဒီမတိုင်ခင် ညမှာလည်း မသမာသူ မီးရှို့သမားတွေက လူနာတွေကို သီးသန့်ခွဲထားတဲ့ တဲတစ်လုံးကို မီးရှို့သွားခဲ့ပါသေးတယ်။ စစ်သားတွေ ရောက်လာပြီး သတိပေးတဲ့အနေနဲ့ သေနတ်ဖောက်တဲ့အခါ လူနာဒါဇင်ပေါင်းများစွာ ပရမ်းပတာ ထွက်ပြေးခဲ့ကြရတယ်။ အီဘိုလာဗိုင်းရပ်စ်မျိုးစိတ် ဘန်ဒီဘူဂျိုအတွက် အမြန်စစ်ဆေးမယ့် ကိရိယာတွေ၊ တရားဝင် ခွင့်ပြုချက်ရပြီးသား ကာကွယ်ဆေးတွေ မရှိတာကြောင့် ကူးစက်ပြန့်ပွားနေမှန်း ရက်သတ္တပတ်ပေါင်းများစွာ မသိလိုက်ဘဲ ကူးစက်ပြန့်ပွားနေတဲ့ […]

မဲခေါင်မြစ်ကို အဆိပ်ခတ်နေသည့် မြေရှားသတ္တုမိုင်းများ

Dawei Watch

May 28, 2026

စိုင်မြစ် (Sai River) နှင့် ရုအက်မြစ် (Ruak River) ကဲ့သို့သော အခြားမဲခေါင်မြစ်လက်တက်များ တွင်လည်း အပြင်းစား သတ္တုညစ်ညမ်းမှု မြင့်မားနေသည်ကို ထိုင်းသိပ္ပံပညာရှင်များ စစ်ဆေးတွေ့ရှိထားသည်။