ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

နိုင်ငံတကာဆောင်းပါး

သမ္မတဖမ်းပွဲကို ခြေရာကောက်ကြည့်ခြင်း

Dawei Watch

January 5, 2026

ဆယ်စုနှစ်သုံးခုကျော်အတွင်း အမေရိကန် မလုပ်ခဲ့တဲ့ အရာတစ်ခုကို စနေနေ့မှာ ကမ္ဘာက မြင်လိုက်ရပါတယ်။ ဗင်နီဇွဲလား အာဏာရှင်သမ္မတ နီကိုလက်စ်မာဒူရိုကို ကာရာကတ်စ်မြို့တော်ထဲကနေ ဖမ်းထုတ်လာပြီးနောက်မှာ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ကြွားလုံးထုတ်ခဲ့တယ်။ “မနေ့က အမေရိကန် လုပ်ဆောင်နိုင်ခဲ့တာမျိုးကို ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံကမှ လုပ်နိုင်မှာ မဟုတ်ဘူး” ဒီမတိုင်ခင်ကတည်းက ထရမ့်အစိုးရက မာဒူရိုကို ဖမ်းဆီးနိုင်ဖို့ သတင်းပေးနိုင်ရင် အမေရိကန်ဒေါ်လာ သန်း ၅၀ ဆုကြေး ပေးမယ်လို့ ဆုကြေးထုတ်ထားခဲ့ပြီးပါပြီ။ ၂၀၂၅ ဩဂုတ်လကတည်းက ဗင်နီဇွဲလားနိုင်ငံထဲမှာ စီအိုင်အေအရာရှိတွေဟာ လျှို့ဝှက်စွာ လှုပ်ရှားနေပါတယ်။ ဗင်နီဇွဲလားအစိုးရထဲက သတင်းပေးတစ်ယောက်နဲ့ ချိတ်ဆက်ပြီး မာဒူရိုရဲ့ သွားလာနေထိုင်မှုပုံစံ အသေးစိတ် လေ့လာနေပါတယ်။ သူ ဘယ်မှာနေလဲ ၊ ဘယ်လိုသွားလာသလဲ ၊ ဘယ်အချိန်မှာ သူ့ကို အလွယ်တကူ တိုက်ခိုက်လို့ရနိုင်မလဲ ဆိုတာတွေကအစ […]

နိုင်ငံတကာမျက်လုံးထဲက မဟုတ်တမ်းတရားတို့ ကဇာတ်ရုံ

Dawei Watch

December 29, 2025

မြန်မာစစ်တပ်ရဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ နိုင်ငံတကာမီဒီယာတွေမှာ အတွင်ကျယ်ဆုံး ကိုးကားဖော်ပြခံရတဲ့ စကားတစ်ခွန်းကတော့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး ကိုယ်စားလှယ် တွမ်အင်ဒရူးစ်ရဲ့ စကားပါ။ ဒီရွေးကောက်ပွဲနဲ့ ပတ်သက်လို့ သူ ပြောခဲ့တာက ဒီလိုပါ။ “သေနတ်ပြောင်းထိပ်ဝက မဟုတ်တမ်းတရားတို့ ကဇာတ်ရုံ” မြန်မာစစ်အုပ်စုက သူတို့ရဲ့ ရွေးကောက်ပွဲရဲ့ ပထမအဆင့်ကို ဒီဇင်ဘာလ ၂၈ ရက်မှာ စတင်လိုက်ပါပြီ။ ဒါပေမဲ့ ဒီရွေးကောက်ပွဲဟာ တရားမဝင်ဘူး ၊ စစ်အာဏာရှင်စနစ်အုပ်ချုပ်မှုကို ခိုင်မာအောင် လုပ်ဆောင်တာသာ ဖြစ်တယ်လို့ နိုင်ငံတကာ သတင်းမီဒီယာတွေက ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြနေကြပါတယ်။ ဒီရွေးကောက်ပွဲဟာ ‘အတုအယောင်သက်သက်’သာ ဖြစ်တယ်လို့ လှောင်ပြောင်ဝေဖန်ခံနေရပြီး အနောက်နိုင်ငံတွေရဲ့ အသိအမှတ်ပြုမှုကို ရဖို့ မဖြစ်နိုင်ဘူးလို့ ရိုက်တာသတင်းဌာနက ဆိုပါတယ်။ အလားတူပဲ AP သတင်းဌာနကလည်း ဒီရွေးကောက်ပွဲဟာ စစ်ကောင်စီအတွက် […]

3 Idiots သက်ရှိဇာတ်လိုက်နဲ့ လာဒတ်ပြည်နယ်ရရှိရေးတိုက်ပွဲ

Dawei Watch

December 6, 2025

အိန္ဒိယမြောက်ပိုင်း ဟိမဝန္တာတောင်တန်းတွေကြားက ကန္တာရဆန်ဆန် လာဒတ်ဒေသမှာ ငြိမ်းအေးမှုနဲ့ ဆိတ်ငြိမ်ခြင်းဟာ တစ်ပါးကို တစ်ပါး နမ်းနေတယ်။ ကြွယ်ဝတဲ့ ယဉ်ကျေးမှုဟာ လူဦးရေ သုံးသိန်းနီးပါးရှိတဲ့ လာဒတ်ဒေသရဲ့ ဝိညာဉ်ထဲမှာ ခိုကပ်နေတယ်။ ဗုဒ္ဓဘာသာဝင်နဲ့ မူဆလင်အများစုရှိပြီး ‘တိဘက်အသေးစားလေး’လို့လည်း လူသိများတဲ့ လာဒတ်ဒေသရဲ့ ဆိတ်ငြိမ်မှုကို ၂၀၂၅ ရဲ့ စက်တင်ဘာ ၂၄ ဟာ မကြုံစဖူး အကြမ်းဖက်မှုနဲ့ ကိုင်လှုပ်လိုက်တယ်။ လာဒတ်သားတွေ ဘယ်တော့မှ မမေ့သွားမယ့် နေ့။ ဒေါသတစ်ပါး မွေးဖွားခြင်း ၂၀၁၉ ခုနှစ် ၊ ဩဂုတ်လ ၅ ရက်နေ့မှာ အိန္ဒိယထိန်းချုပ်ထားတဲ့ ဂျမ်မူးနဲ့ ကက်ရှ်မီးယားပြည်နယ်ထဲမှာ ဆန့်ကျင်ဘက် ခံစားချက်နှစ်ခု ပေါက်ထွက်ခဲ့ပါတယ်။ ကက်ရှ်မီးယားဒေသခံတွေအဖို့ ဒေါသနဲ့ စိတ်ပျက်ခြင်း။ လာဒတ်ဒေသခံတွေအဖို့ ပျော်ရွှင်မှုနဲ့ ဆုတောင်းပြည့်ခြင်း။ အိန္ဒိယ […]

ထိုင်ဝမ်အရေး တရုတ် – ဂျပန် တင်းမာမှု

Dawei Watch

November 22, 2025

ဂျပန်နိုင်ငံမှာ တရုတ်အပေါ် သဘောထားတင်းမာတဲ့ ဝန်ကြီးချုပ်သစ် ဆာနအဲ တာကအိချိ တက်လာပြီး မရှေးမနှောင်းဆိုသလိုပါပဲ။ လက်ရှိ အရှိန်မြင့်တက်နေတဲ့ တရုတ်နဲ့ ဂျပန် တင်းမာမှုပြဿနာကို ကမ္ဘာ့ပြည်သူတွေ မြင်လိုက်ရပါတယ်။ ဂျပန်ရဲ့ တောင်ဘက်က မဟာဗျူဟာမြောက်တည်နေရာမှာ ရှိနေတဲ့ ထိုင်ဝမ်ကျွန်းနဲ့ ဆက်စပ်လို့ ပေါ်ထွက်လာတဲ့ ပြဿနာဖြစ်ပါတယ်။ ပြဿနာက နိုဝင်ဘာလ ၇ ရက်နေ့က ဂျပန်လွှတ်တော်မှာ ဝန်ကြီးချုပ် ဆာနအဲ တာကအိချိ ပြောခဲ့တဲ့ စကားကနေ စပါတယ်။ တရုတ်က ထိုင်ဝမ်ကို စစ်အင်အားသုံး တိုက်ခိုက်လာမယ်ဆိုရင် ဒါဟာ ဂျပန်ရဲ့ ရှင်သန်ရေးအတွက် အန္တရာယ်ရှိအခြေအနေ ဖြစ်တယ်၊ ဒီအခြေအနေမှာ ဂျပန်အနေနဲ့ စစ်ရေးအရ တုံ့ပြန်မှု လုပ်နိုင်တယ်လို့ ဂျပန်ဝန်ကြီးချုပ်က ပြောခဲ့ပါတယ်။ အဲဒီနောက် ရက်ပိုင်းအတွင်းမှာပဲ နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနတွေက တစ်ဘက်နဲ့ တစ်ဘက် […]

ဂျပန်သံမဏိလေဒီနှင့် ရွှေ့ပြောင်းနေထိုင်သူများအရေး

Dawei Watch

October 28, 2025

၂၀၀၈ ခုနှစ်မှာ ဂျပန်နိုင်ငံရဲ့ လူဦးရေဟာ ၁၂၈ သန်း ဝန်းကျင်နဲ့ အများဆုံး အနေအထားကို ရောက်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းကစလို့ တောက်လျှောက်ကျဆင်းလာခဲ့တဲ့ ဂျပန်လူဦးရေဟာ ၂၀၇၀ ပြည့်နှစ်မှာ ၈၇ သန်းအထိ ကျဆင်းသွားနိုင်တယ်လို့ လက်ရှိခန့်မှန်းချက်တွေက ဆိုပါတယ်။ ၂၁၀၀ ပြည့်နှစ်မှာတော့ ဂျပန်လူဦးရေဟာ ၆၃ သန်းသာ ကျန်ရှိနိုင်ပြီး အလုပ်လုပ်နိုင်တဲ့ လူဦးရေဟာ နိုင်ငံ့လူဦးရေသာ ထက်ဝက်သာ ရှိမယ်လို့ ခန့်မှန်းကြပါတယ်။ လူဦးရေအကျပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ ဂျပန်နိုင်ငံမှာ သက်ကြီးရွယ်အိုအရေအတွက် တိုးပွားလာမှုနဲ့အတူ ပင်စင်ကြေးနဲ့ ဆေးဝါးစောင့်ရှောက်မှုစရိတ်မြင့်တက်မှု ပြဿနာတွေပါ ထပ်ပေါင်းစပ်နေပါတယ်။ ဆရာ/ဆရာမ ၊ ဆရာဝန်နဲ့ လူနာစောင့်ရှောက်ရေး စတဲ့ ဂျပန်နိုင်ငံက အသက်မွေးဝမ်းကျောင်းလုပ်ငန်းတော်တော်များများမှာ လုပ်သားရှားပါးမှုပြဿနာနဲ့ ဆိုးဆိုးရွားရွား ရင်ဆိုင်နေရပါတယ်။ ဂျပန်နိုင်ငံရဲ့ ကလေးမွေးဖွားမှုနှုန်းဟာ ၂၀၂၄ ခုနှစ်မှာ […]

အမေရိကန်အကူအညီ ဖြတ်တောက်ပြီးနောက်ဝယ်

Dawei Watch

October 16, 2025

မိုဟာမက်တာဟာဟာ ၂ နှစ်သားအရွယ် သူ့သားလေးရဲ့ အသက်မဲ့ခန္ဓာကိုယ်ကို ပွေ့ဖက်လို့ ရှိုက်ကြီးတငင် ငိုကြွေးနေခဲ့ပါတယ်။ မြန်မာနိုင်ငံက သူတို့ နေထိုင်ရာ စစ်ဘေးရှောင်စခန်းမှာ ဧပြီလစလို့ သူ့မိသားစုအတွက် စားနပ်ရိက္ခာရောက်မလာတော့ပါဘူး။ အဲဒီနောက်ပိုင်းမှာတော့ အရင်က တက်ကြွရွှင်လန်းခဲ့တဲ့ သားငယ်လေးဟာ ဝမ်းလျှောလို့ ၊ အစားအစာကို တဆာဆာ တောင်းခံလို့ တဖြည်းဖြည်းအားနည်းချည့်နဲ့လာခဲ့တာကို သူ ဘာမှမတတ်နိုင်ဘဲ ကြည့်နေခဲ့ရတာပါ။ တာဟာရဲ့ သားငယ်လေး သေဆုံးပြီးနောက် နှစ်ပတ်တိတိအကြာ မေလ ၂၁ ရက်နေ့မှာတော့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို ဟာ ကွန်ဂရက်လွှတ်တော်ရှေ့မှာ ထိုင်ပြီး ကြေညာခဲ့ပါတယ်။ အမေရိကန်အစိုးရရဲ့ နိုင်ငံခြားအထောက်အပံ့ပေးရေး အစီအစဉ်တွေကို ဖြတ်တောက်လိုက်တာကြောင့် “ဘယ်သူမှ မသေဆုံးရသေးဘူး”လို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။ “ကျွန်တော် တာဝန်ယူနေတဲ့အတောအတွင်း ဘယ်ကလေးသူငယ်မှ သေဆုံးတာ မရှိဘူး”လို့ အခိုင်အမာ […]

အရှေ့တီမောက ဘာကြောင့် မြန်မာစစ်အုပ်စုနဲ့ ပလဲနံပသင့်ချင်တာလဲ

Dawei Watch

October 2, 2025

အောက်တိုဘာလ အာဆီယံထိပ်သီးအစည်းအဝေးမတိုင်မီ အာဆီယံအဖွဲ့ဝင်အဖြစ် ချောချောမွေ့မွေ့ ဝင်ရောက်နိုင်ရေး အရှေ့တီမောက ကြိုးစားနေချိန် မြန်မာစစ်အုပ်စုအပေါ် အရှေ့တီမောရဲ့ သဘောထားရပ်တည်ချက် ပြောင်းလဲသွားမှုဟာ အရှေ့တောင်အာရှတလွှားမှာ သတိထားစောင့်ကြည့်မှုတွေ ဖြစ်ပေါ်လာစေခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရွေးကောက်ခံ အစိုးရကို ဖြုတ်ချပြီး နိုင်ငံကို ပြည်တွင်းစစ်မက် ပဋိပက္ခထဲ နစ်မြုပ်စေခဲ့တဲ့ ၂၀၂၁ စစ်အာဏာသိမ်းမှုနဲ့အတူ အာဏာရလာတဲ့ မြန်မာစစ်အုပ်စုကို ပြင်းပြင်းထန်ထန် ကျယ်ကျယ်လောင်လောင် ဝေဖန်ပြောဆိုလေ့ရှိခဲ့တဲ့ အရှေ့တီမောဟာ မကြာသေးမီ သီတင်းပတ်တွေအတွင်းမှာပဲ မြန်မာစစ်အုပ်စုအပေါ် သိသိသာသာ ပိုမိုပျော့ပျောင်းတဲ့ သဘောထားကို ကျင့်သုံးလာခဲ့ပါတယ်။ အရှေ့တီမောမြေပေါ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လို အတိုက်အခံအုပ်စုတွေကို လှုပ်ရှားခွင့် ၊ ရုံးခန်းဖွင့်ခွင့် ပေးမှာ မဟုတ်ဘူးလို့ အရှေ့တီမောအစိုးရက မြန်မာစစ်အုပ်စုကို အခုလ အစောပိုင်းမှာပဲ အာမခံပြောဆိုခဲ့ပါတယ်။ ဒါဟာ အရှေ့တီမောရဲ့ သံတမန်ရေး […]

ကိုယ်ဝန်ဆောင်ချိန် ပါရာစီတမောသောက်သဖြင့် အော်တစ်ဇင် ဖြစ်နိုင်ဆိုသော ထရမ့်၏ပြောဆိုချက် ပညာရှင်များ လက်မခံ

Dawei Watch

September 23, 2025

ကလေးများတွင် အော်တစ်ဇင်ဖြစ်ပွားမှုနှင့် ဆက်နွယ်မှုကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများ အက်စီတမိုင်နိုဖန် (ပါရာစီတမောဟု လူသိများသည်) ဆေးဝါးကို အသုံးပြုခြင်းအား ကန့်သတ်သင့်သည်ဟူသော ဒေါ်နယ်လ်ထရမ့်အစိုးရအဖွဲ့၏ အကြံပြုချက်ကို အခြေအမြစ် မရှိကြောင်းနှင့် မလိုအပ်သော စိုးရိမ်မှုများကို ဖြစ်ပေါ်စေကြောင်း ပညာရှင်များက ကျယ်ကျယ်ပြန့်ပြန့် ပြစ်တင်ရှုတ်ချကြသည်။ အဆိုပါကြေညာချက်ကို အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်က “ကျွန်တော်တို့ဟာ အော်တစ်ဇင်( Autism) တွေအတွက် အဖြေတစ်ခုကို ရှာတွေ့ပြီလို့ ထင်ပါတယ်” ဟု ရဲရဲဝံ့ဝံ့ ကြေညာခဲ့ခြင်းနှင့်အတူ မီးမောင်းထိုးကာ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ အမေရိကန်နှင့် ကမ္ဘာတစ်ဝန်းရှိ ကျွမ်းကျင်သူအများအပြားသည် ကိုယ်ဝန်ဆောင်စဉ် ပါရာစီတမောသောက်သုံးခြင်းက ကလေးများအတွက် အော်တစ်ဇင်ရောဂါ ရရှိနိုင်ခြေကို တိုးစေကြောင်း ခိုင်မာသည့် အထောက်အထားမရှိဟု ထောက်ပြပြီး အဆိုပါကြေညာချက်ကို အလျင်အမြန်ပင် ဝေဖန်ခဲ့ကြသည်။ ပညာရှင်အချို့က အေဘီစီသတင်းဌာနသို့ ယခုကိစ္စနှင့်စပ်လျဉ်း၍ “သိပ္ပံပညာကို […]