ဂျပန်သံမဏိလေဒီနှင့် ရွှေ့ပြောင်းနေထိုင်သူများအရေး
Dawei Watch
October 28, 2025၂၀၀၈ ခုနှစ်မှာ ဂျပန်နိုင်ငံရဲ့ လူဦးရေဟာ ၁၂၈ သန်း ဝန်းကျင်နဲ့ အများဆုံး အနေအထားကို ရောက်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းကစလို့ တောက်လျှောက်ကျဆင်းလာခဲ့တဲ့ ဂျပန်လူဦးရေဟာ ၂၀၇၀ ပြည့်နှစ်မှာ ၈၇ သန်းအထိ ကျဆင်းသွားနိုင်တယ်လို့ လက်ရှိခန့်မှန်းချက်တွေက ဆိုပါတယ်။ ၂၁၀၀ ပြည့်နှစ်မှာတော့ ဂျပန်လူဦးရေဟာ ၆၃ သန်းသာ ကျန်ရှိနိုင်ပြီး အလုပ်လုပ်နိုင်တဲ့ လူဦးရေဟာ နိုင်ငံ့လူဦးရေသာ ထက်ဝက်သာ ရှိမယ်လို့ ခန့်မှန်းကြပါတယ်။ လူဦးရေအကျပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ ဂျပန်နိုင်ငံမှာ သက်ကြီးရွယ်အိုအရေအတွက် တိုးပွားလာမှုနဲ့အတူ ပင်စင်ကြေးနဲ့ ဆေးဝါးစောင့်ရှောက်မှုစရိတ်မြင့်တက်မှု ပြဿနာတွေပါ ထပ်ပေါင်းစပ်နေပါတယ်။ ဆရာ/ဆရာမ ၊ ဆရာဝန်နဲ့ လူနာစောင့်ရှောက်ရေး စတဲ့ ဂျပန်နိုင်ငံက အသက်မွေးဝမ်းကျောင်းလုပ်ငန်းတော်တော်များများမှာ လုပ်သားရှားပါးမှုပြဿနာနဲ့ ဆိုးဆိုးရွားရွား ရင်ဆိုင်နေရပါတယ်။ ဂျပန်နိုင်ငံရဲ့ ကလေးမွေးဖွားမှုနှုန်းဟာ ၂၀၂၄ ခုနှစ်မှာ […]


