ငလျင်ကြောပေါ်မှာ ဆောက်နေတဲ့ တရုတ်ရဲ့ ကမ္ဘာ့အကြီးဆုံးဆည်
Dawei Watch
July 22, 2025ကမ္ဘာကြီးရဲ့ ခေါင်မိုးပေါ်မှာ မြစ်ဖျားခံပြီး ကမ္ဘာ့အကြီးဆုံးပင်လယ်အော်ထဲကို စီးဝင်သွားတဲ့ မြစ်တစ်စင်းပေါ်မှာ ကမ္ဘာ့အကြီးဆုံးဆည်တစ်ခုကို တရုတ်အစိုးရက စတင်တည်ဆောက်လိုက်ပါပြီ။ တရုတ်လူမျိုးတွေက ဒီမြစ်ကို ‘ယာလန်းစန်ပိုမြစ်’ လို့ ခေါ်ကြပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာတော့ ‘ယမုန်နာမြစ်’ လို့ ခေါ်ပါတယ်။ ‘ဗြဟ္မပုတ္တရမြစ်’ဆိုတာကတော့ အိန္ဒိယသားတွေ ပေးထားတဲ့ နာမည်ပါ။ ‘ကမ္ဘာ့ခေါင်မိုး’လို့ တင်စားခံရတဲ့ တိဘက်ကုန်းပြင်မြင့်ပေါ်ကနေ မြစ်ဖျားခံလာတဲ့ ဗြဟ္မပုတ္တရမြစ်ဟာ အိန္ဒိယနိုင်ငံ အရူနာချယ်ပရာဒေ့ရှ်ပြည်နယ်ကို ဖြတ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ဆက်လက်စီးဆင်းနေပါတယ်။ ဗြဟ္မပုတ္တရမြစ်ရေစီးရဲ့ ကီလိုမီတာ ၃၀၀၀ ခရီးဟာ ကမ္ဘာ့အကြီးဆုံးပင်လယ်အော်ဖြစ်တဲ့ ဘင်္ဂလားပင်လယ်အော်ထဲမှာ အဆုံးသတ်ပါတယ်။ ဒါပေမဲ့ ဒီမြစ်ရေစီးကို ပိတ်ဆို့ကန့်သတ်ပြီး သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုနဲ့ ပထဝီနိုင်ငံရေးတင်းမာမှုတွေ သယ်ဆောင်လာမယ့် တရုတ်အစိုးရရဲ့ စီမံကိန်းဟာ ဒီမြစ်ရဲ့ တစ်နေရာမှာ မွေးဖွားလာခဲ့ပါပြီ။ ကမ္ဘာ့အကြီးမားဆုံး အခြေခံအဆောက်အအုံစီမံကိန်း ဗြဟ္မပုတ္တရမြစ်ပေါ်မှာ တည်ဆောက်မယ့် ကမ္ဘာ့အကြီးမားဆုံး […]


