BREAKING
July 27, 2024
EN MM

Breaking News

ထားဝယ်မြို့အဝင် အိမ်ရှေ့ပြင်စာသင်ကျောင်း ပေါက်ကွဲမှုဖြစ်၊ ဒဏ်ရာရသူများကြောင်း ကနဦးသိရ

Dawei Watch

June 4, 2024

ထားဝယ်မြို့အဝင်တွင်ရှိသည့် အိမ်ရှေ့ပြင်ရပ်ကွက် အခြေခံပညာမူလတန်းကျောင်း တွင် ယနေ့(ဇွန် ၄) နေ့လယ်ပိုင်းက ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း မြို့ခံများထံမှသိရသည်။ နေလယ်ပိုင်းထမင်းစား လွှတ်ပြီးနောက် ကျောင်း ပြန်မတက်မီအချိန်တွင် ပေါက်ကွဲမှုဖြစ်ခြင်းဖြစ်ကြောင်း၊ ကျောင်းသား၊ကျောင်းသူများလည်း ထိခိုက်မှုရှိသည်ဟု သိရကြောင်း ‌မြို့ခံတစ်ဦးကပြောသည်။ ” မနက် ကျောင်းဆင်းချိန် နဲ့ နေ့လယ်ကျောင်းတက်ချိန်ကြားမှာဖြစ်တာ” ဟု ၎င်းကပြောသည်။ ယနေ့ မွန်းလွဲ ၁ နာရီ အချိန် ‌Dawei Watch ၏ ဆက်သွယ်မေးမြန်းချက်အရ ကျောင်းသားများ ထိခိုက်မှုများပြီး အရေးပေါ်ကားများလည်း အခေါက်ပေါင်းများစွာ လူနာလာသယ်နေကြကြောင်း ဒေသခံကပြောသည်။ အသေးစိတ်အခြေအနေများကို ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး ဆက်လက်ဖော်ပြပေးသွားပါမည်။

ထားဝယ်အိမ်ရှေ့ ပြင်ဂိတ်အနီး နှစ်ဖက်ပစ်ခတ်မှုဖြစ်၊ မြို့ဝင်ထွက်ဂိတ်များပိတ်ထား

Dawei Watch

May 13, 2024

ထားဝယ်မြို့အဝင် အိမ်ရှေ့ပြင် စစ်ဆေးရေးဂိတ်တွင် ယနေ့ မေလ ၁၃ ရက် နေ့လယ်ပိုင်းတွင် နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားပြီး မြို့အဝင်အထွက် ဂိတ်များကို ပိတ်ထားကြောင်း မြို့ခံများက ပြောသည်။ ရန်ကုန်-ထားဝယ် ကာလမ်းပေါ်ရှိ အိမ်ရှေ့ပြင်ဂိတ်ကို ယနေ့ နေ့လယ် ၁၂ နာရီကျော်တွင် လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့က စတင်ပစ်ခတ်တိုက်ခိုက်ရမှ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု တစ်နာရီကျော်ကြာ ဖြစ်ပွားကြောင်း မြို့ခံအမျိုးသားတစ်ဦးက ဆိုသည်။ “နှစ်ဖက် ပစ်တယ်။ အရပ်သားတွေလည်း ထိထားတယ်၊ ဆိုးဆိုးရွားရွားပဲ” ဟု ၎င်းက ပြောသည်။ အဆိုပါပစ်ခတ်မှုကြောင့် ဂိတ်အနီးရှိ အရပ်သားနှစ်ဦးထက်မနည်း ထိမှန်ဒဏ်ရာရထားကြောင်း မြို့ခံအချို့က ဆိုသည်။ “လောလောဆယ်ဒီမှာ အသုဘပို့ယာဉ်တန်းတွေပါ ပိတ်မိနေတယ်” ဟု အခြားမြို့ခံတစ်ဦးကလည်း ပြောဆိုသည်။ ယင်းအပြင် အိမ်ရှေ့ပြင်ဂိတ်မှာ ခုနစ်မိုင်ခန့်ဝေးသည့် မောင်မယ်ရှောင်ရွာတွင်လည်း လက်နက်ကြီး […]

နေပြည်တော်စစ်ရုံးချုပ်နှင့် အေလာလေတပ်ကို ဒရုန်းများဖြင့် ဗုံးချတိုက်ခိုက်ကြောင်း NUG ပြော

Dawei Watch

April 4, 2024

နေပြည်တော်ရှိ စစ်ကောင်စီ၏ စစ်ရုံးချုပ် (ကက-ကြည်း) နှင့် အေလာလေတပ်တို့ကို တော်လှန်ရေးတပ်ဖွဲ့များက ယနေ့ နံနက်ပိုင်းတွင် ဒရုန်းများဖြင့် တပြိုင်နက် ဗုံးချတိုက်ခိုက်ရာ ထိခိုက်မှုများရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ကနဦး သတင်းထုတ်ပြန်ထားသည်။ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အထူးတပ်ဖွဲ့များနှင့် ရှာထူးဝေါ် နည်းပညာတပ်ဖွဲ့၏ Kloud Drone တပ်ခွဲတို့က စစ်ရုံးချုပ်ကို တိုက်ခိုက်ကြောင်း ဖော်ပြသည်။ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) အထူးတပ်ဖွဲ့များနှင့် ရှာထူးဝေါ် နည်းပညာတပ်ဖွဲ့၏ Leather Weapon တပ်ခွဲက အေလာလေတပ်ကို တိုက်ခိုက်ကြောင်း ဆိုသည်။ နေပြည်တော် စစ်ရုံးချုပ်ကို ကာမီကာဇေဒရုန်း ၁၆ စီး ၊ အေလာလေတပ်ကို ၁၃ စီးဖြင့် တိုက်ခိုက်ခဲ့ကြောင်း PDF Insight ထုတ်ပြန်ထားသည်။ ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်နေသောကြောင့် […]

ရေး-ထားဝယ်လမ်းပေါ်ရှိ ကလိန်အောင်ဝန်းကျင်ကို စစ်ကောင်စီက လေကြောင်းဖြင့် တိုက်ခိုက်

Dawei Watch

March 29, 2024

ရေး- ထားဝယ်ကားလမ်းပိုင်းရှိ ရေဖြူမြို့နယ်၊ ကလိန်အောင်အနီးရှိ လော့သိုင်းရွာနှင့်ကျွဲတလင်းရွာ ဝန်းကျင်ကို စစ်ကောင်စီတပ်က ယနေ့(မတ် ၂၉) မွန်းလွဲ ၃ နာရီဝန်းကျင်တွင် လေယာဥ်ဖြင့်လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများကပြောသည်။ “လေယာဥ်အပေါ်ကနေလာပစ်တာ ။ အောက်ကလည်း ပြန်ပစ်နေကြတယ် ” ဟု ဒေသခံတစ်ဦးကပြောပြသည်။ ပစ်ခတ်မှုကြောင့် ထိခိုက်မှုရှိမရှိကိုမူ အတည်မပြုနိုင်သေးပေ။ လေကြောင်းပစ်ခတ်မှုမပြုလုပ်မီ ယနေ့မနက်ပိုင်းမှစပြီး စစ်ကောင်စီက မလွှဲတောင်ဂိတ်ကို ပိတ်ထားကြောင်း၊ နေ့လယ်ပိုင်းတွင် ကလိန်အောင်တံတားကြီးကိုလည်း ပိတ်ချလိုက်ကြောင်း ပိတ်မိနေသည့် ယာဥ်မောင်းတစ်ဦးကပြောသည်။ ယနေ့မနက်ပိုင်း မလွှဲတောင်လမ်းပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ သွားလာနေကြသည်ကိုလည်း မြင်ရကြောင်း ကလိန်အောင်မြို့ခံ ကားသမားတစ်ဦးကပြောသည်။ မတ်လ ၁၉ ရက်ကလည်း ရေး-ထားဝယ်လမ်းပိုင်းတွင် မွန်နှင့်တနင်္သါရီ တော်လှန်ရေး အင်အားစုများ လမ်းပိုင်းစစ်ဆေးရေးပြုလုပ်စဥ် မလွှဲတောင်ဂိတ်ပိတ်ချခဲ့ပြီး စစ်ကောင်စီ ၏ အရှေ့တောင်တိုင်းစစ်ဌာနချုပ်က လေယာဥ်ဖြင့် နှစ်ကြိမ်လာရောက်ကင်းထောက်ခဲ့ကြောင်း […]

လောင်းလုံး မြို့နယ်ခန်းမကိုလာသည့် စစ်ကောင်စီကားပစ်ခတ်ခံရ၊ သုံးဦးသေဆုံးဟုဆို

Dawei Watch

March 22, 2024

လောင်းလုံးမြို့ (က) ရပ်ကွက်ရှိ မြို့နယ်ခန်းမသို့လာသည့် စစ်ကောင်စီကားကို ယနေ့(မတ် ၂၂) နံနက် ၇ နာရီခန့်တွင် ပစ်ခတ်ခံရကြောင်း မြို့ခံအချို့ထံမှသိရသည်။ မတ်လ ၂၇ နေ့တွင်ပြုလုပ်မည့် တပ်မတော်နေ့အခမ်းအနားအတွက် မြို့နယ်ခန်းမတွင် ပြင်ဆင်ထားသည်များကို ပြည်သူ့ကာကွယ်ရေးအဖွဲ့များက မနေ့ညပိုင်းတွင် ဝင်ရောက်ဖျက်ဆီးခဲ့ကြောင်း မြို့ခံတို့ကဆိုသည်။ ယနေ့နံနက်ပိုင်းတွင် ဖျက်ဆီးထားသည်များကို စစ်ဆေးရန် မြို့နယ်ခန်းမသို့ ထွက်လာသည့် စစ်ကောင်စီကားကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က စောင့်ကြိုပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း မြို့ခံအချို့ကဆိုသည်။ “(စစ်ကောင်စီဖက်က) သုံးယောက်သေသွားတယ်။ လေးယောက်ကားနဲ့လာတာ ကားသမားတစ်ယောက်ပဲလွတ်သွားတာ” ဟု မြို့ခံတစ်ဦးကဆိုသည်။ ယင်းနောက် စစ်ကောင်စီတပ်က မြို့တွင်းအဓိကလမ်းမကြီးကို ပိတ်ချထားပြီး ခရီးသွားများကို ဖြတ်သန်းခွင့်မပြုကြောင်း ဆိုသည်။ “စစ်နေတာက ရဲစခန်းရှေ့မှာတစ်နေရာ၊ မြို့မလက်ဖက်ရည်ဆိုင်ကျော်ကျော်နားမှာ တစ်နေရာ။ လမ်းပိတ်ထားတာ။ လမ်းမဖြတ်ခိုင်းဘူးလို့ကြားတယ်” ဟု အခြားမြို့ခံတစ်ဦးကဆိုသည်။ ယင်းကဲ့သို့ စစ်ဆေးနေသည့်အပြင် ရဲစခန်းဝင်းအတွင်းမှ […]

ကံပေါက် လှည်းကုန်းရပ်ကွက်တွင် ပစ်ခတ်မှုဖြစ်

Dawei Watch

March 18, 2024

ရေဖြူမြို့နယ် ၊ ကံပေါက်ရွာ ၊ လှည်းကုန်း (၁) ရပ်ကွက်တွင် ယနေ့(မတ်၁၈) ည ၆နာရီခွဲခန့်က ပစ်ခတ်မှုဖြစ်ပြီး စစ်ကောင်စီတပ်က လမ်း တစ်နာရီနီးပါး ပိတ်ခဲ့ကြောင်း ရပ်ကွက်နေပြည်သူများထံကသိရသည်။ ပစ်ခတ်မှုသည် အပြန်အလှန်ပစ်ခတ်မှုမဟုတ်ဘဲ တစ်ဖက်တည်းပစ်ခတ်သည့် လက်နက်သံဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။ ပစ်ခတ်သံမကြားရမီ လှည်းကုန်းရပ်ကွက်နှင့် သီရိမင်္ဂလာရပ်ကွက်အကြားရှိ ပိုက်လုံးတန်းလမ်းတွင် စစ်ကောင်စီတပ်သား၂ဦး ကင်းလှည့်နေသည်ကို မြင်ရကြောင်း ၎င်းတို့က ဆိုသည်။ “သေနတ်သံက ၃ ချက်ဆက်တိုက်ကြားတယ်။ လမ်းတွေလည်း ပိတ်ချလိုက်တယ်။ မီးလည်းသေ (ပျက်) သွားတယ်။ သေနတ်သံကြားတွေ ရုန်းရင်းဆန်ခတ်ပဲ လမ်းပေါ်ကလူတွေပြေးနေကြတာ။ အိမ်တွေလည်းတံခါးအကုန်ပိတ်လိုက်ရတယ်” ဟု လှည်းကုန်းရပ်ကွက်နေ အမျိုးသမီးတစ်ဦးကပြောသည်။ သေနတ်ပစ်ခတ်သံ ထွက်ပေါ်ပြီးနောက် လှည်းကုန်း ၁ ရပ်ကွက် ရွာလယ်လမ်းမနှင့် ပတ်လမ်းဖြစ်သည့် ဘိုးဘိုးရှင်ကြီးအိမ်လမ်း(ရေခဲစက်လမ်းကြား) ကို […]