သရက်ချောင်း တောင်ပျောက်တိုက်နယ်ကို စစ်အာဏာရှင်တပ် လေယာဥ်ဖြင့်ဗုံးကြဲ၊ ထိခိုက် ဒဏ်ရာရသူများရှိ
Dawei Watch
October 5, 2025သရက်ချောင်းမြို့နယ် ၊ တောင်ပျောက်တိုက်နယ် အတွင်းရှိ သဲချောင်းကြီးကျေးရွာကို စစ်အာဏာရှင်တပ်က ယနေ့ အောက်တိုဘာလ ၅ ရက် ညနေပိုင်းတွင် လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှသိရသည် ။ ရွာလယ်သို့ ဗုံးသီးတစ်လုံး ကြဲချတိုက်ခိုက်ခဲ့ပြီး စားသောက်ဆိုင်တစ်ဆိုင်အနီး ကျရောက်ပေါက်ကွဲကာ ကလေးငယ်တစ်ဦး ၊ သက်ကြီးပိုင်း အမျိုးသမီး တစ်ဦး အပါအဝင် ငါးဦးဒဏ်ရာရကြောင်း ၎င်းတို့က ဆိုသည် ။ ကလေးသည် ဒဏ်ရာပြင်းထန်ပြီး သက်ကြီးပိုင်း အမျိုးသမီး လည်း ကျည်စထိမှန် ဒဏ်ရာကြောင့် ခြေတစ်ဖက် ဖြတ်ရဖွယ်ရှိကြောင်း ဒဏ်ရာရသူများကို ကူညီဆောင်ရွက်ပေးနေသူတစ်ဦးကပြောသည် ။ နောက်ဆက်တွဲ အခြေအနေများကို Dawei Watch အနေဖြင့် အတည်ပြုနိုင်ရန် ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။ သဲချောင်းကြီးကျေးရွာ ဝန်းကျင် တွင် စစ်အာဏာရှင်တပ်ဘက်က စစ်ကြောင်းထိုးနေခြင်းမရှိသလို […]


