လျှပ်စစ်ဈေးတန်းတူရရှိရေး အပါအဝင် မိန့်ခွန်းပါအချက်များကို ဆင်ဆာဖြတ်မှု ရွေးကောက်ပွဲကော်မရှင်အား ထားဝယ်ပါတီ ဝေဖန်
diz_admin
September 22, 2020ထားဝယ်၊ စက်တင်ဘာ ၂၂ – Dawei Watch လျှပ်စစ်ယူနစ်ဈေးနှုန်းတန်းတူရရှိရေးအပါအဝင် မိန့်ခွန်းပါအချက်များကို ဖြတ်တောက်ခြင်းနှင့်ပတ်သက်၍ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲကျင်းပမည်ဟုပြောဆိုထားသည့် ရွေးကောက်ပွဲကော်မရှင်အား ထားဝယ်တိုင်းရင်းသားများပါတီက ဝေဖန်ပြောဆိုလိုက်သည်။ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီများအနေနှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား(MRTV) မှတစ်ဆင့် မဲဆွယ်မိန့်ခွန်းပြောကြားခွင့် ရရှိထားရာတွင် ထားဝယ်တိုင်းရင်းသားများပါတီ၏ ဗီဒီယိုပါ ပြောကြားချက်အချို့ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဖြုတ်ပယ်ခဲ့ခြင်း ဖြစ်သည်။ ယင်းသို့ဖြုတ်ပယ်ခြင်းသည် မဲဆန္ဒရှင်လူထုထံ အစီရင်ခံမည့် အကြောင်းအရာကို ကန့်သတ်လိုက်ခြင်းဖြစ်သည့်အတွက် လွတ်လပ်စွာပြောဆိုခွင့်ကို ပိတ်ပင်ခြင်းပင်ဖြစ်ကြောင်း ထားဝယ်တိုင်းရင်းသားများပါတီဥက္ကဋ္ဌ ဦးအေးမင်းက ဆိုသည်။ လျှပ်စစ်ဈေးနှုန်းကို မြန်မာနိုင်ငံ၏ အခြားသောနေရာများနှင့် တန်းတူရရှိရေးကိစ္စ၊ ထားဝယ်လူမျိုးများကို ဗမာအဖြစ် လွဲမှားစွာမှတ်ပုံတင်ခံထားရသည့်ကိစ္စ စသည်တို့အပါအဝင် အချက်ရှစ်ချက်(မိန့်ခွန်း၏ လေးပုံတစ်ပုံဝန်းကျင်)ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) က ခွင့်မပြုခဲ့ခြင်း ဖြစ်သည်။ ထိုသို့ ခွင့်မပြုခဲ့ခြင်းမှာ […]


