စမ်းလှမ်းရွာလမ်းတွင် ပစ်သတ်ခံရသူမှာ စိတ်ဝေဒနာရှင်ဖြစ်
diz_admin
December 25, 2021ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် လောင်းလုံး-စမ်းလှမ်းသွား လမ်းပိုင်းတနေရာတွင် ညင်းမော်ရွာသားတစ်ဦး ပစ်သတ်ခံရပြီး ယင်းမှာ စိတ်ဝေဒနာရှင်တစ်ဦး ဖြစ်နေကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ပစ်သတ်ခံရသူမှာ အသက် ၂၈ နှစ်အရွယ် ကိုကန်းကြေ (ခေါ်) ကိုသီဟ ဆိုသူဖြစ်ပြီး စိတ်ဝေဒနာ ခံစားနေ ရသဖြင့် လျှောက်သွားနေတတ်သူဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။ ၎င်းသည် ဒီဇင်ဘာလ ၂၄ ရက်က စမ်းလှမ်းတောင်ခြေရင်း တစ်နေရာတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် တွေ့စဉ် စစ်ဆေးမခံဘဲ ထွက်ပြေးသဖြင့် ပစ်ခတ်ခံရသဖြင့် သေဆုံးသွားခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောဆိုနေကြသော်လည်း Dawei Watch အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ ကနဦးတွင် သေဆုံးသူမှာ မည်သူ၊ မည်ဝါဖြစ်ကြောင်း မသိရဘဲ ဒီဇင်ဘာလ ၂၅ ရက် နံနက်ပိုင်းတွင် အွန်လိုင်းပေါ်သို့ ရုပ်အလောင်းပုံ […]


