ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ကော့သောင်း

ကော့သောင်း NLD ပါတီ ဘဏ္ဍာရေးမှူး ထောင်ကလွတ်ပြီး လေးလ‌ကျော်အကြာတွင် ကွယ်လွန်

Dawei Watch

August 16, 2026

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ကော့သောင်းမြို့နယ် ဘဏ္ဍာရေးမှူးအဖြစ် တာဝန်ထမ်းဆာင်ခဲ့သည့် ဦးယဉ်ထွေးသည် ထောင်ကလွတ်ပြီး လေးလကျော်အကြာတွင် ကွယ်လွန်သွားကြောင်း မိသားစုနှင့် နီးစပ်သည့် မိတ်ဆွေများထံမှ သိရသည်။ အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ် ဇွန်လတွင် ဦးယဉ်ထွေးကို စစ်အုပ်စုက ဖမ်းဆီးထောင်ချခဲ့ရာ ၂၀၂၆ ခုနှစ် ဧပြီလတွင် လွတ်ငြိမ်းခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာကြောင်း ၎င်းတို့က ပြောသည်။ ထို့နောက် ဩဂုတ်လ ၁၄ ရက် ည ၉ နာရီခွဲတွင် ကော့သောင်းဆေးရုံ၌ ကွယ်လွန်ခဲ့ကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။ “ထောင်ကထွက်လာကတည်းက လေဖြတ်ပြီး ထွက်လာတာပါ။ ရုပ်ကလည်း တော်တော်ပြောင်းသွားတယ်။ တချို့လူ‌ တွေဆို ကိုယဉ်ထွေး မှန်းတောင်မသိကြဘူး။‌ တော်‌တော်ပိန်သွားတယ်။ အရင်က ပြည့်ပြည့်ဖြိုးဖြိုးနဲ့ လူချော၊ လူခန့်ကြီးပါ။ အခုတော့ မမှတ်မိလောက်အောင် […]

ကော့သောင်းတွင် စစ်အာဏာရှင်လှေများကို တော်လှန်ရေးတပ်များ တိုက်ခိုက်

Dawei Watch

August 6, 2026

ကော့သောင်းမြို့နယ်၊ မလိဝမ်းကျေးရွာအုပ်စု၊ မလိဝမ်းချောင်းဝ (ဒေသအခေါ်) သို့ လှေ ၂ စီးဖြင့် ဝင်လာသည့် စစ်အာရှင်တပ်သားများကို တော်လှန်ရေးတပ်များက တိုက်ခိုက်ရာ တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရသွားကြောင်း ထုတ်ပြန်ချက်နှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။ စစ်အာဏာရှင်တပ်က ကော့သောင်းမြို့မှ မလိဝမ်းကျေးရွာအုပ်စုသို့ စစ်ကြောင်းထိုးရန် လှေကြီး ၂ စီးဖြင့် မလိဝမ်းချောင်းဝသို့ ရောက်လာပြီး အသင့်ပါလာသော လှေငယ် ၂ စီးဖြင့် ကမ်းကပ်ရန် ပြင်ဆင်နေစဉ် ဩဂုတ်လ ၃ ရက်နေ့ နံနက် ၁၀ နာရီတွင် တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့ကြောင်း ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ စစ်အာဏာရှင်တပ်သားများသည် မလိဝမ်းချောင်းဝသို့ ရောက်စဉ် မလိဝမ်းတိုက်ဖြူ (ဒေသအခေါ်) ဘက်သို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ပြီး ကမ်းတက်စစ်ကြောင်းထိုးရန် ပြင်ဆင်နေချိန် […]

မြိတ်-ကော့သောင်းလမ်းတွင် တံတားငယ်တစ်စင်းပျက်စီးသဖြင့် သွားလာရေးခက်

Dawei Watch

August 4, 2026

လက်တလောတွင် ကားအငယ်နှင့် ဆိုင်ကယ်များ တံတား၏ တစ်ခြမ်းတွင် ရှောင်ကွင်း၍ သွားလာ၍ ရနေသေးသော်လည်း ကားအကြီးများ သွားလာ၍ မရကြောင်း ယာဥ်မောင်းများထံမှ သိရသည်။

ခမောက်ကြီးမြို့က ပျူစောထီးခေါင်းဆောင်နေအိမ်မှ ကျည်ဆန်များ သိမ်းဆည်းရမိဟုဆို

Dawei Watch

August 3, 2026

ပြီးခဲ့သည့်နှစ်က သေဆုံးသွားသည့် နမ္မနွယ်ရွာမှ ပျူစောထီးခေါင်းဆောင် ကိုသက်ဦး၏နေအိမ်ကို ဝင်ရောက်ရှာဖွေခဲ့ခြင်းဖြစ်ပြီး ကျည်ဆန်နှင့် အခြားဆက်စပ်ပစ္စည်းများကို သိမ်းဆည်းခဲ့ဟုဆိုသည်။

စစ်အုပ်စုက ကော့သောင်း-ရနောင်း နယ်စပ်တွင် စစ်ဆေးမှု ပိုတင်းကျပ်လာ

Dawei Watch

July 27, 2026

“CDM ဝန်ထမ်းတွေဖြစ်နေရင် စာအုပ်မလုပ်ပေးဘူး။ မိန်းကလေးဆို အိမ်ပြန်လွှတ်တယ်။ ယောက်ျားလေးဆို ဖမ်းပြီး စစ်မှုထမ်းဖို့ခေါ်သွားတယ်”

စစ်အာဏာရှင်တပ်မှ ထွက်ပြေးလာသည့် စစ်မှုထမ်းတပ်သားတစ်ဦးကို တော်လှန်ရေးတပ်က ဖမ်းမိ

Dawei Watch

July 25, 2026

စစ်အာဏာရှင်တပ် ၅၈၂ တပ်ရင်းမှ ထွက်ပြေးလာသည့် စစ်မှုထမ်းတပ်သားတစ်ဦးကို ကော့သောင်းမြို့နယ်အတွင်းရှိ လမ်းပိုင်းတစ်နေရာတွင် ‌တော်လှန်ရေးတပ်များက ဖမ်းဆီးရမိကြောင်း တော်လှန်ရေးတပ်၏ ထုတ်ပြန်ချက်နှင့် တပ်ဖွဲ့ဝင်များထံမှ သိရသည်။ ဇူလိုင်လ ၁၉ရက်က ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် တနင်္သာရီတိုင်း တိုက်ခိုက်ရေးတပ်ရင်းတို့က နယ်မြေရှင်းလင်းနေစဉ် အသက် ၂၅ နှစ်အရွယ် စစ်မှုထမ်းတပ်သားတစ်ဦးကို ဖမ်းမိခြင်းဖြစ်ပြီး ထိန်းသိမ်းထားကြောင်း ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ အဆိုပါလူငယ်အမျိုးသားသည် ယမုံနာကျေးရွာအနီး စိတ်ကြွဆေးပြား ဝယ်စဉ် စစ်အာဏာရှင်တပ်၏ ဖမ်းဆီးခြင်း ခံရကြောင်း ဆိုသည်။ ယင်းနောက် ၂၀၂၄ ခုနှစ်က ပလောက်မြို့ရှိ တန်းမြင့်လေ့ကျင့်ရေးကျောင်းတွင် ဖွင့်လှစ်ခဲ့သည့် စစ်မှုထမ်းအပတ်စဉ် (၅) တွင် စစ်သင်တန်း သုံးလကြာ တက်ရောက်ခဲ့ရကြောင်း ဖော်ပြသည်။ သင်တန်းပြီးနောက် ကရင်ပြည်နယ်သို့ ပို့ဆောင်ခံရပြီး ယင်းမှတစ်ဆင့် […]

ဘုတ်ပြင်းဂေါက်ကွင်းအတွင်းရှိ ရေအိုင်တွင် အမျိုးသားတစ်ဦး ရေနစ်သေဆုံး

Dawei Watch

July 16, 2026

တနင်္သာရီတိုင်းသို့ မုတ်သုန်စတင်ဝင်ရောက်သည့် မေလလယ်မှစ၍ ယခုဇူလိုင်လလယ်အထိ ကာလအတွင်း ထားဝယ်၊ မြိတ် နှင့် ကော့သောင်းခရိုင်တို့တွင် ရေနစ်သေဆုံးသူ ၁၀ ဦးအထိရှိပြီဖြစ်သည်။

စစ်အာဏာရှင်တပ်၏ ပလကဖတပ်ဖွဲ့ဝင် ကော့သောင်းမြို့ခံတစ်ဦး တော်လှန်ရေးတပ်ထံ ဘက်ပြောင်း

Dawei Watch

July 13, 2026

တာဝန်ထမ်းဆောင်ခဲ့သည့် တစ်နှစ်နီးပါးကာလအတွင်း ထွက်ပြေးရန် အကြိမ်ကြိမ် ကြိုးပမ်းခဲ့ပြီး လေးကြိမ်မြောက်တွင် လွတ်မြောက်လာခြင်းဖြစ်ကြောင်း ဆိုသည်။