ထားဝယ်ဈေးကွက်တွင် ယခုသီတင်းပတ်အတွင်း တိုင်းပြင်ပက တင်သွင်းသည့် ဆန်ဈေးနှုန်းများ ထပ်မံမြင့်တက်လျက်ရှိသည်။
ထားဝယ်ဈေးကွက်အတွင်း စားသုံးသူများသည့် အကယ်ဒမီရက် ၉၀ အမှတ်တံဆိပ် ဆန်မှာ ပြီးခဲ့သည့်သီတင်းပတ် ဩဂုတ်လ ၁၆ ရက်က တစ်အိတ်လျှင် ၁၄၄၀၀၀ ကျပ်စျေးရှိရာမှ ဩဂုတ်လ ၂၂ ရက်တွင် ၁၄၉၀၀၀ကျပ်၊အကယ်ဒမီ နွေဖြူသန့် ဆန်မှာ ၁၀၁၅၀၀ကျပ်မှ ၁၀၇၀၀၀ကျပ်၊ ချန်ပီယံဖျာပုံပေါ်ဆန်း ဆန်မှာ ၁၈၆၀၀၀ကျပ်မှ ၁၉၁၅၀၀၀ကျပ်သို့ အသီးသီးဈေးတက်သွားသည်။
ထို့ကြောင့် တစ်ပတ်အတွင်းထားဝယ် အကယ်ဒမီရက်၉၀ ဆန် တစ်အိတ်လျှင် ၅၀၀၀ကျပ်၊အကယ်ဒမီ နွေဖြူသန့်ဆန်တစ်အိတ်လျှင် ၅၅၀၀ကျပ်နှင့် ချန်ပီယံဖျာပုံပေါ်ဆန်း ဆန်တစ်အိတ်လျှင် ၅၅၀၀ကျပ်သို့ အသီးသီး ဈေးတက်သွားသည်ကို တွေ့ရသည်။
သို့သော် ထားဝယ်ဒေသထွက် ဆန်အမျိုးအစားများဖြစ်သည့် ထားဝယ်ပေါ်ဆန်း၊ ဧည့်မထ (ထားဝယ်ဆန်လုံးရှည်) ကမာကြည် ဆန်အမျိုးအစားတို့မှာ ဇယားပါဈေးနှုန်းများအတိုင်း ဈေးငြိမ်နေသည်ကို တွေ့ရသည်။
စားသုံးဆီအပါအဝင် အခြားစားဖိုဆောင်သီးနှံများဖြစ်သည့် ကြက်သွန်နီ၊ ကြက်သွန်ဖြူ| ငရုတ်နှင့် အာလူးတို့မှာလည်း ယခုသီတင်းပတ်အတွင်း ထားဝယ်ဈေးကွက်တွင် ဈေးဆက်တိုက်ငြိမ်နေသည်။
ထားဝယ်ရေထွက်ကုန် ဈေးကွက်တွင်မူ ငါးနှင့် ပုစွန်ဈေးနှုန်းများမှ ယခုသီတင်းပတ်အတွင်း ဇယားပါအတိုင်း ဈေးနှုန်းများမြင့်တက်လျက်ရှိသည်ကို တွေ့ရှိရမည်ဖြစ်သည်။









