ဖြတ်ကျော်ခဲ့ရသော အချိန်ကာလများ
Dawei Watch
June 28, 2026အိမ်နောက်ဘက် ကွမ်းပင်ရိပ်ဆီမှ ချိုးငှက်ကူသံလေးက လွမ်းလွမ်းချွဲချွဲ ပေါ်လာသည်။ “တကူး ကူး……ကူး….” ချိုးကူသံငှက်ကလေး ကြားရတော့ မွေးရပ်မြေ မိသားစုဆီ ကျွန်မစိတ်ကလေး ခဏရောက်သွားရာ ဪ…..တို့ဒေသက ကိုင်းကျွန်းမြေ၊…..ဒီဒေသကဥယျာဉ်ခြံမြေအလုပ်အကိုင်။ ဘဝရပ်တည်မှုက အတော်လေး ကွာခြားနေကြောင်း သတိပြုမိလေ၏။ ဒီဒေသမှာ ကွမ်းသီးကောက်ခဲ့ရသောနေ့များ၊ မုန့်လုပ်ရောင်းခဲ့ရသောနေ့များ၊ အပ်ချုပ်စက်သံကြားခဲ့ရသောနေ့များသည် ကျွန်မတို့မိသားစုအတွက် ဘဝနေထိုင်မှုသင်ခန်းစာကို သင်ကြားပေးခဲ့သော နေ့ရက်များဖြစ်ခဲ့လေသည်။ ၂၀၂၀ ပြည့်နှစ် ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်က မြန်မာနိုင်ငံနေရာအနှံ့အပြား ဝင်ရောက်လာခဲ့စဉ် တစ်နိုင်ငံလုံးရှိ ကျောင်းများပိတ်၊ အလုပ်အကိုင်အခွင့်အလမ်း ဆုံးရှုံးမှုအများအပြား ပြည်သူများ ကြုံတွေ့ခဲ့ကြရသည်။ တစ်ဆက်တည်းမှာပင် ၂၀၂၁ ခုနှစ် အစောပိုင်း၌ စစ်တပ်က အနိုင်ရပါတီ NLD ကို မဲမသမာမှုဟု စွပ်စွဲကာ အာဏာလုယူခဲ့သည်။ နိုင်ငံတဝန်း လူထုအုံကြွမှုကြီး ပေါ်ပေါက်ခဲ့သည်။ ထိုအချိန်မှစ၍ ပြည်သူအများ […]


