ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အက်ဆေး

ဖြတ်ကျော်ခဲ့ရသော အချိန်ကာလများ

Dawei Watch

June 28, 2026

အိမ်နောက်ဘက် ကွမ်းပင်ရိပ်ဆီမှ ချိုးငှက်ကူသံလေးက လွမ်းလွမ်းချွဲချွဲ ပေါ်လာသည်။ “တကူး ကူး……ကူး….” ချိုးကူသံငှက်ကလေး ကြားရတော့ မွေးရပ်မြေ မိသားစုဆီ ကျွန်မစိတ်ကလေး ခဏရောက်သွားရာ ဪ…..တို့ဒေသက ကိုင်းကျွန်းမြေ၊…..ဒီဒေသကဥယျာဉ်ခြံမြေအလုပ်အကိုင်။ ဘဝရပ်တည်မှုက အတော်လေး ကွာခြားနေကြောင်း သတိပြုမိလေ၏။ ဒီဒေသမှာ ကွမ်းသီးကောက်ခဲ့ရသောနေ့များ၊ မုန့်လုပ်ရောင်းခဲ့ရသောနေ့များ၊ အပ်ချုပ်စက်သံကြားခဲ့ရသောနေ့များသည် ကျွန်မတို့မိသားစုအတွက် ဘဝနေထိုင်မှုသင်ခန်းစာကို သင်ကြားပေးခဲ့သော နေ့ရက်များဖြစ်ခဲ့လေသည်။ ၂၀၂၀ ပြည့်နှစ် ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်က မြန်မာနိုင်ငံနေရာအနှံ့အပြား ဝင်ရောက်လာခဲ့စဉ် တစ်နိုင်ငံလုံးရှိ ကျောင်းများပိတ်၊ အလုပ်အကိုင်အခွင့်အလမ်း ဆုံးရှုံးမှုအများအပြား ပြည်သူများ ကြုံတွေ့ခဲ့ကြရသည်။ တစ်ဆက်တည်းမှာပင် ၂၀၂၁ ခုနှစ် အစောပိုင်း၌ စစ်တပ်က အနိုင်ရပါတီ NLD ကို မဲမသမာမှုဟု စွပ်စွဲကာ အာဏာလုယူခဲ့သည်။ နိုင်ငံတဝန်း လူထုအုံကြွမှုကြီး ပေါ်ပေါက်ခဲ့သည်။ ထိုအချိန်မှစ၍ ပြည်သူအများ […]

မင်းဆီမရောက်နိုင်တော့မယ့် သံလမ်းများ

Dawei Watch

June 21, 2026

Life of Pi (2012) ရဲ့ ဇာတ်ဝင်ခန်းတစ်ခုထဲကလို “ဘဝဆိုတာနောက်ဆုံးမှာ ခွဲခွာကြရမယ်ဆိုတာ ကျနော်သိပါတယ်။ ဒါပေမဲ့ ကျနော်အနာကျင်ရဆုံးက ဘယ်သူ့ကိုမှ နှုတ်ဆက်ပါတယ်လို့ မပြောခဲ့ရတာပဲ။ အဖေသင်ကြားပေးခဲ့ရတာတွေအတွက် ကျေးဇူးတင်စကားလေးတောင် မပြောခဲ့ရဘူး။ အဖေ့ကိုပြောချင်တာက အဖေသာ သင်ခန်းစာမပေးခဲ့ဘူးဆိုရင် ကျနော် အသက်ရှင်ခဲ့မှာ မဟုတ်ဘူးဆိုတာပဲ” တဲ့။ အဖေဒီလောကကြီးထဲကထွက်သွားတော့ ကိုယ်စတိတ်ကျောင်းသားဘဝရဲ့ နောက်ဆုံးနေ့ရက်တွေ မှာပါ။ ဒါပေမဲ့ ဘာထူးဆန်းလဲ။ သေဆုံးသွားတဲ့ လူတစ်ယောက်ကို ဘယ်သူတွေကများ နှုတ်ဆက်ချိန် ရခဲ့ကြလို့လဲ။ အဲဒီတုန်းကတော့ တစ်ယောက်ကိုတစ်ယောက် နှုတ်ဆက်ပါတယ်လို့တောင် အသိမပေးလိုက်ရဘဲ ခွဲခွာလိုက်ရတဲ့ ဒဏ်ရာတွေဟာ နာကျင်စရာကောင်းလှပါတယ်လို့ တွေးခဲ့ဖူးတာပေါ့။ အခုကျတော့မှ နှုတ်ဆက်ချိန်မရလိုက်တာထက် နှုတ်ဆက်စကားမရှိတာက ပိုပြီးထိတ်လန့် နာကျင်စရာကောင်းတယ်ဆိုတာကို နားလည်လာမိတယ်။ တစ်ခါတလေ လူတချို့ဟာ နှုတ်ဆက်စကားတောင် မလိုဘဲ တဖြည်းဖြည်းချင်း ဝေးကွာသွားကြတာမျိုး။ […]

ထောက်လှမ်းရေး၏စေတနာ

Dawei Watch

June 21, 2026

စစ်ကြောရေးမှအပြန် – အပိုင်း (၃) “ခင်ဗျားပိုက်ဆံတွေက အများကြီးပဲဗျ၊ ခင်ဗျားနဲ့ကျွန်တော်နဲ့အတူတူရေကြည့်ကြရအောင်၊ တော်ကြာနေ တစ်ခုခုလွဲသွားရင် ကျွန်တော်လည်း မလျှော်နိုင်ဘူးဗျ၊ ကျွန်တော်တို့က လစာလည်း အဲဒီလောက်များများရတာမဟုတ်ဘူး” သူက ကျွန်တော့်နာမည်မှာ “ကို” တပ်ခေါ်ပြီး ထိပ်တုံးဘေးနှစ်တောင်လောက်အကွာက သစ်သား ကွပ်ပျစ်ကြမ်းပေါ် မှာ တင်ပလ္လင်ခွေပြီး အကျအနထိုင်ပါတယ်။ နောက် လက်ထဲက ဗြုတ်စဗျင်းတောင်းတွေကို အစီအရီနေရာချနေလေရဲ့။ လျှပ်စစ်အားသွင်းလက်နှိပ်ဓါတ်မီးတစ်လုံး၊ လိမ္မော်ရောင်ဂက်စ်မီးခြစ်တစ်လုံး၊ သောက်လက်စ စီးကရက်တစ်ဗူး၊ M-150 အချိုရည်တစ်ပုလင်း၊ ဘာတွေထည့်ထားမှန်းမသိတဲ့ကြွပ်ကြွပ်အိတ်ခပ်သေးသေးနှစ်လုံးနဲ့ခပ်ကြီးကြီး ပလပ်စတစ်အိတ် အမည်းရောင်တစ်လုံး။ ဒီစစ်ကြောရေးတစ်လျှောက်လုံးသူက ကျွန်တော့်ရဲ့ အင်တာဗျူးဆရာဖြစ်လာမယ့် စစ်ထောက်လှမ်းရေးဆိုတာ အဲဒီတုန်းက မသိသေး။ ၅ ပေ ၅ လက်မလောက်ရှိမယ့် သူ့အရပ်ရယ်၊ ခြေသလုံးနား ရောက်နေတဲ့စကောစက ဘောင်းဘီတိုပွပွရယ်၊ အနက်နောက်ခံမှာ အဖြူစင်းရှပ်လက်ရှည်ကို တံတောင်ဆစ်နားမရောက်တရောက်ခေါက်ထားတဲ့ ၀တ်ပုံစားပုံက […]

အဲယွန်း

Dawei Watch

June 13, 2026

လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးဆယ်ကျော်ဆီက အတိတ်ဆီကို ပြန်မျှော်ကြည့်ရင် မိုးဖွဲဖွဲရွာနေတဲ့ စပါးခင်းစိမ်းစိမ်းတွေကြားမှာ အဲယွန်းကိုယ်စီ ဆောင်းထားတဲ့ လုပ်ငန်းခွင်ဝင်နေတဲ့ လယ်သမားတွေကို ပန်းချီကားတစ်ချပ်လို မြင်တွေ့ရလေ့ရှိပါတယ်။ ထီးတစ်ချောင်းလို လက်ကကိုင်ထားစရာမလိုဘဲ ခေါင်းပေါ်မှာ ငြိမ်ငြိမ်ကလေးရှိနေတဲ့အတွက် အလုပ်သမားတွေဟာ လက်နှစ်ဖက်လုံးကို လွတ်လွတ်လပ်လပ် လှုပ်ရှားပြီး ကောက်စိုက်တာ၊ ပေါင်းသင်တာတွေကို မိုးထဲရေထဲမှာ အားတက်သရော လုပ်ကိုင်နိုင်ခဲ့ကြပါတယ်။ နေပူရင် အရိပ်ရပြီး မိုးရွာရင် မိုးကာပေးတဲ့ အဲယွန်းဟာ ထားဝယ်ဒေသက ကျေးဇူးရှင်တောင်သူတို့ရဲ့ လုပ်ငန်းခွင်မှာ မရှိမဖြစ် အဖော်အမွန်ဆိုလည်း မမှားပါဘူး။ ကျွန်တော် မူလတန်းကျောင်းသားဘဝကလည်း မိုးရေစက်တွေကြား အဲယွန်းကို ခေါင်းမှာဆောင်းပြီး ရွာစာသင်ကျောင်းဆီ အပြေးအလွှား ကျောင်းတက်ခဲ့ရတဲ့ ရက်စွဲတွေကို တစိမ့်စိမ့်မြင်ယောင်နေမိပါတယ်။ အဲဒီအချိန်တုန်းက ထီးတွေ မိုးကာတွေဆိုတာ အခုလိုမျိုးလူတိုင်းလက်ထဲမှာ မရှိကြသေးတဲ့ ခေတ်ပေါ်ဇိမ်ခံပစ္စည်းတစ်မျိုးလို့ဆိုရမှာပါ။ ကျွန်တော်လို လယ်သမားမိသားစုက ပေါက်ဖွားလာတဲ့ […]

ပါးကွက်သားများနှင့်ကခုန်ခြင်း

Dawei Watch

June 9, 2026

စစ်ကြောရေးမှအပြန် အပိုင်း(၂) တုံ … တုံ … တုံ … တုံ တုံ … တုံ … တုံ … တုံ ကြမ်းခင်းသမံတလင်းပေါ်ကို သံပိုက်ချောင်းရဲ့ ထိပ်ဖျားနဲ့ တစ်ချက်ချင်းခေါက်ရာက ထွက်ပေါ်လာနေတဲ့ “တတုံတုံ” အသံ။ နှစ်စက္ကန့်ခြားလောက်တစ်ခါ စည်းချက်ကျကျ။ အဲဒီရှည်လျားလှတဲ့ ည၊ မှောင်လွန်းလှတဲ့ ညရဲ့ သန်းခေါင်မရှိတရှိအချိန်ရောက်မှ ပါးကွက်သားရဲ့ လက်သုံးတော်ဟာ ရိုးရိုးသံပိုက်လုံးတစ်ချောင်း မဟုတ်ဘဲ ဘေ့စ်ဘောရိုက်တံတစ်ခုဖြစ်တယ်ဆိုတာကို သတိထားမိတယ်။ တော်ရုံပန်းသီးခပ်ကြီးကြီးတစ်လုံး အရွယ်လောက်ရှိတဲ့ ဘေ့စ်ဘောလုံးကို လူတစ်ယောက် မတ်တပ်ရပ်အနေအထားကနေ အားကုန်လွှဲပြီးရိုက်ဖို့အဆင်ပြေအောင် ဒီဇိုင်းထုတ်ထားတဲ့ သုံးပေသာသာ အခေါင်းပွ သံတုတ်ချောင်း။ အရင်းမှာ လက်တစ်ဆုပ်စာ ပိုင်ပိုင်နိုင်နိုင် ဆုပ်ထားနိုင်အောင် ရှူးနေပြီး အဖျားဘက်ကို တဖြည်းဖြည်း ထိပ်ဝကျယ်သွားတဲ့ ပါးကွက်သားရဲ့လက်သုံးတော်။ […]

ကျွန်တော်နှင့် မြို့ကလေး

Dawei Watch

June 6, 2026

လူတို့၏ စိတ်သဘောသည် လုပ်စရာဟူ၍မယ်မယ်ရရမရှိဘဲ ငြိမ်သက်အားလပ်နေသည့်အခါ အတိတ်ကိုပြန်တွေးခြင်း၊ အနာဂတ်အတွက် စိုးရိမ်ပူပန်ခြင်းနှင့် မိမိကိုယ်ကို ပြန်လည်သုံးသပ်ခြင်းများကို လှုံဆော်သော ဦးနှောက်၏ Default Mode Network (DMN) ဟုခေါ်သော အစိတ်အပိုင်းတစ်ခုသည် အလိုအလျောက် အလုပ်လုပ်လာပြီး ကိုယ့်အနာကိုယ် လျှာနှင့်သပ်သလို တသသေ ဆွေးနေတတ်ကြသည်ဟု အာရုံကြောသိပ္ပံပညာရှင်များက ဆိုကြသည်။ အခုရက်ပိုင်းများတွင် ကျွန်တော့်စိတ်လည်း သည်လိုပင်။ စိတ်သည် အိပ်တန်းမပြန်တတ်တော့သော ငှက်တစ်ကောင်လိုမျိုး ဖြစ်နေသည်။ ကိုယ်နှင့်မရင်းနှီးသော မြို့ကြီးတစ်မြို့၏ အလင်းရောင်များကြားတွင် ထိုင်နေရင်းနှင့် ဟိုး ယူဇနာပေါင်းများစွာခြားနေသော အဝေးက နယ်မြို့လေးတစ်မြို့ကို မကြာခဏ သတိရနေမိသည်။ အချို့သောညများတွင် ကျွန်တော်သည် ကိုယ်မပြန်နိုင်တော့မှန်းသိသော နေရာများ၊ လူများဆီသို့ ထုံပေပေနိုင်စွာဖြင့် စိတ်ကူးများမှတစ်ဆင့် ခဏခဏပြန်သွားနေမိတတ်သည်။ ထိုနေရာတွင်ပင် မသွားဖြစ်ခဲ့သော နေရာများ၊ သွားချင်နေခဲ့သော နေရာဟောင်းများ၊ […]

အနာဂတ်တွေရဲ့ အနာ

Dawei Watch

June 4, 2026

အဖြူ အစိမ်းဝတ်ကလေးလေးတွေ၊ လူငယ်လေးတွေ ကျောင်းစအပ်နေကြတဲ့နေ့က အမေကြီးတစ်ယောက် ရေးကြီးသုတ်ပျာနဲ့ စကားတွေဖတ်ဖတ်မော ပြောနေလေရဲ့။ ရောဂါသည် မိဘတွေကို လုပ်ကျွေးနေရ၊ နောက်ပြီး အသက် ၂၀ အရွယ် သားတစ်ယောက်ရှိပြီး ထားစရာနေရာမရှိဖြစ်နေတဲ့ အမေကြီးရဲ့ ဒုက္ခ။ ကျောင်းကမထားချင်ပေမဲ့ အသက်ကစကားပြောလာပြီး အဆွဲခံရမှာစိုးလို့ ထားရတော့မယ်တဲ့။ ဒီပုံစံအတိုင်းဆို ဒီနှစ်ကျောင်းတက်နှုန်းတွေ ပြန်မြင့်တက်နိုင်ရဲ့။ သေချာစုံစမ်းကြည့်တော့ သတ်မှတ်ထားတဲ့ အသက်ကန့်သတ်ချက်ကြောင့် မရနိုင်တော့ပါဘူးတဲ့။ အခုချိန်နေရာဒေသ အသီးသီးမှာ မတူညီတဲ့ ဒုက္ခတွေ ပုံစံမျိုးစုံနဲ့ ရှိနေကြတာ ဆန်းတော့မဆန်းပေမဲ့ တကယ်လက်‌တွေ့ကြုံနေရတဲ့ အခိုက်အတန့်လေးတွေကတော့ ပြောမပြနိုင်လောက်အောင်ပါပဲဗျာ။ ကျောင်းတံခါးတွေ ဖွင့်နေရဲ့။ ထောင်တံခါးတွေလည်း ပိတ်နေရဲ့။ အထဲမှာ လူတွေအများကြီးနဲ့။ မြို့ပေါ်က လမ်းတွေမှာလည်း တံခါးမရှိ၊ ဓါးမရှိလှည့်လည်နေသူတွေရှိရဲ့။ အေ အီး အာရ် အို ပီ […]

ဖူး၏များ

Dawei Watch

May 30, 2026

စာငတ်ခဲ့တဲ့နေ့တွေ ရှိဖူး၏။ စာအုပ်တွေလက်‌ဆောင်ရလို့ ပျော်ဖူး၏။ စာအုပ်တွေ‌ပေးရလို့ ပိုပျော်ဖူး၏။ ထားစရာနေရာမရှိလို့ စာအုပ်ပုံကို ခေါင်းအုံးလုပ်အိပ်ဖူး၏။ ဖက်လုံးလုပ်အိပ်ဖူး၏။ အပြင်မှာကျန်ခဲ့တဲ့စာအုပ်တွေအကြောင်း အိပ်မက်မက်ရင်း ခဏခဏ လန့်နိုးဖူး၏။ စာအုပ်ကြားက စာမှတ်ကတ်လေးတစ်ခုကြောင့် အချစ်ဆုံးသူငယ်ချင်းနဲ့ စကားများဖူး၏။ ကိုယ်ကြိုက်တဲ့စာရေးဆရာမရဲ့ ပုံလေးတွေ စာအုပ်ထဲမှာတွေ့တော့ အပျော်လွန်ပြီး အော်ဟစ်ခုန်ပေါက်ပြေးလွှားဖူး၏။ ရှာဖွေရေးကြောင့် ဖတ်လက်စ စာအုပ်တွေဝှက်ထားဖူး၏။ ကိုယ့်ဆီလာတဲ့ စာအုပ်တွေ လမ်းတစ်ဝက်ကနေ လှည့်ပြန်သွားတယ်ကြားတော့ နင့်နေအောင် ခံစားရဖူး၏။ အကျဉ်းထဲမှာ ပိုကျပ်စေတဲ့ စာအုပ်‌ထုပ်ကြီးကြောင့် ရုံးတက်ဖြေရှင်းရဖူး၏။ စာအုပ်တွေ မဝယ်နိုင်လို့ တိတ်တိတ်ကလေး ဝမ်းနည်းဖူး၏။ ဝယ်ဖတ်ဖို့ အရည်အချင်းမရှိပေမဲ့ စာအုပ်ဈေးတွေမေးကြည့်ဖူး၏။ လေးတဲ့စာအုပ်တွေဖတ်ရင် ထိခိုက်မယ်ဆိုလို့ စာအုပ်တွေရဲ့ ခပ်ဝေးဝေးကနေ လက်ပိုက်ပြီးကြည့်နေဖူး၏။သူများဆီက စာအုပ်တွေ ငှါးဖတ်ဖူး၏။ကိုယ့်မှာရှိတဲ့ စာအုပ်တွေ ပေးဖတ်ဖူး၏။ စဉ်းစားတွေးခေါ်ပြီးဖတ်သလို စာအုပ်တွေရဲ့လွှမ်းမိုးမှုကို ကျေကျေနပ်နပ်ကြီးခံဖူး၏။ […]