ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အက်ဆေး

အဝေးဆီက သင်္ကြန်

Dawei Watch

April 15, 2026

မဆင်နွှဲခဲ့ရတာ ကြာပြီဖြစ်သော်လည်း သည်နှစ် ‘မြန်မာ့ရိုးရာ အတာသင်္ကြန်’တွင် ပျော်ပွဲရွှင်ပွဲ ကျင်းပစရာ မလိုပါဘဲ မြန်မာ့နှစ်ဆန်းတစ်ရက်နေ့ရောက်လျှင်ဖြင့် ကုသိုလ်ဒါနလေး တစ်ခု ပြုလုပ်မည်ဟု စိတ်ကူးပုံဖော်ကာ… မရောက်ဖြစ်တာကြာပြီဖြစ်သော မွေးဌာနီက အမေ့အိမ်သို့ လွမ်းဆွတ် သတိရရင်း …။

ဆီတိုး လက်တွေ့မိခင်သောက

Dawei Watch

April 13, 2026

ကျွန်တော် တို့ ငယ်ငယ်က မြန်မာဖတ်စာမှာ မိခင်သောကဆိုတဲ့ မြန်မာစကားပြေတစ်ပုဒ် သင်ခဲ့ရဖူးတယ်။အဲဒီစကားပြေရဲ့ အနှစ်ချုပ်ကတော့ ကိုယ့်ဝမ်းနဲ့လွယ်ပြီး မွေးထားတဲ့ သားနဲ့သမီးကို ကိုယ်မသိဘဲ ကိုယ့်ချစ်လင်က အနှိပ်စက်ကြမ်းတဲ့ ပုဏ္ဏားဆိုးကြီးဆီကို ရက်ရက်ရောရော ပေးပစ်လိုက်လို့ ခံစားရတဲ့မိခင်တစ်ယောက်ရဲ့ သောကပေါ့။ မင်းဘူးဆရာတော် ဦးသြဘာသ ပြုစုတဲ့ ဇာတ်ကြီးဆယ်ဘွဲ့ထဲက ဝေဿန္တရာဇာတ်တော်ကြီးရဲ့ မဒ္ဒီပဗ္ဗ အခန်းကနေ ကောက်နုတ်ချက် အခြေခံပြီး ရေးထားတဲ့စကားပြေပါ။ အဲဒီတုန်းကတော့ မိခင်သောက စကားပြေ မှာ မိခင်တစ်ယောက်ရဲ့ သောကကို သာမန်ကာလျှံကာတောင် မခံစားနိုင်ဘဲ ကိုယ့်သောကနဲ့ကိုယ် စာပိုဒ်ကြီးတွေ ကျက်ခဲ့ရတာပေါ့။ ကိုယ်တိုင် ကြုံရတဲ့မိခင်သောကကတော့ ဆိုင်ကယ်အတွက် ဓာတ်ဆီတန်းစီရင်း တွေ့ခဲ့ရတဲ့ မိခင်တစ်ယောက်ရဲ့ သောကပေါ့။ အရှေ့အလယ်ပိုင်း စစ်မီးဂယက် လောင်စာဆီအခက်အခဲကြောင့် တစ်ကမ္ဘာလုံး ဆီအခက်အခဲကို ကြုံနေရတဲ့အထဲ ကျွန်တော်တို့ နယ်မြို့လေးလည်း […]

သင်္ကြန်ကြောက်စိတ်

Dawei Watch

April 11, 2026

တန်ခူးလရောက်လေတိုင်း သင်္ကြန်အငွေ့အသက်လေးတွေကို ရှာဖွေပြီး ကြိုတင်ရင်ခုန်တတ်တဲ့ သူတစ်ယောက်အတွက်တော့ ဒီရက်ပိုင်းတွေဟာ မျှော်လင့်ချက်တွေအစား မွန်းကျပ်မှုတွေကသာ ပိုကြီးစိုးနေပါတယ်။ ဘယ်ပင်ယံဆီမှာများ ရွှေဝါရောင်တွေ ဖူးပွင့်နေပြီလဲဆိုတဲ့ အတွေးနဲ့ ပျိုပျိုအိုအို ပိတောက်ပင်တွေကို မျှော်ငေးရှာကြည့်မိပေမဲ့ လှမ်းမမြင်နိုင်ရှာပါဘူး။ ဒီနှစ်တော့ ရွှေဝါရောင် ပိတောက်မင်းဟာ တူတူပုန်းတမ်း ကစားနေလေသလား ထင်ပါရဲ့။ ပင်ယံထက်ဆီက ရွှေရောင်ဝင်းတဲ့ ပန်းပိတောက်တွေကို အားရပါးရ မငေးမောရပေမဲ့ လမ်းသွားလမ်းလာ ခေတ်သမီးပျိုတွေရဲ့ ကေသာကြားမှာတော့ ရှားရှားပါးပါး ပန်ဆင်ထားတာကို တွေ့လိုက်ရလို့ တော်ပါသေးရဲ့လို့ ဖြေသိမ့်မိပါတယ်။ သူတို့လေးတွေရဲ့ ဆံနွယ်ထက်က ပိတောက်တစ်ပွင့်ဟာ မွန်းကျပ်နေတဲ့ စိတ်တွေအတွက် အသက်ရှူပေါက်လေးတစ်ခု ဖြစ်ခဲ့တာ အမှန်ပါပဲ။ သို့သော်လည်း အဲဒီအလှတရားနောက်ကွယ်မှာတော့ လေးလံတဲ့ သက်ပြင်းချသံတွေက အထပ်ထပ်ဆိုပါတော့။ ဖြတ်သန်းခဲ့ရတဲ့ နှစ်တွေထဲ ရင်ဆိုင်ခဲ့ရတဲ့ အခက်အခဲတွေ၊ နာကျင်မှုတွေကို ပြန်လည်မြင်ယောင်လာမိတိုင်း […]

ရွှေ့ပြောင်းလက်ထပ်ပွဲ

Dawei Watch

April 7, 2026

ထိုင်းနိုင်ငံ ဖူးခက်ကျွန်းရဲ့ ခန်းမဆောင်တစ်ခုထဲမှာ မြန်မာ့တေးသံငြိမ့်ငြိမ့်လေး လေထုထဲ လွင့်ပျံနေပါတယ်။ “တူနှစ်ဖြာ.. ရွှေဂဟေ.. ဆက်ဖို့.. သွေမပျက်မေတ္တာ.. ရေစက်ရဲ့ ရှေးအလာ..” ဂါဝန်အဖြူဝတ် ထားဝယ်သူ သတို့သမီးလေးက ဘယ်လက်မှာ အဖြူရောင်ပန်းစည်းကိုင်ပြီး ညာလက်ကတော့ သတို့သားလက်ကို ချိတ်ထားပါတယ်။ အုန်းခွံရောင် အနောက်တိုင်းဝတ်စုံဝတ် ထားဝယ်သား သတို့သားလေးက ရှက်ပြုံးနုနုနဲ့ ရှေ့က ဦးဆောင်ပြီး မင်္ဂလာပွဲရောက် ဧည့်သည်တွေကို လိုက်လံဧည့်ခံနေကြချိန်ကတော့ ညနေ ၆ နာရီကျော်ပြီး ခန်းမထဲ မီးလုံးတွေ စတင်လင်းလက်နေပါပြီ။ ဖူးခက်မြို့ရောက် ထားဝယ်သူထားဝယ်သားတွေကလည်း သစ်လွင်တဲ့ အဝတ်အစားတွေနဲ့ ခန်းမထဲ တဖွဲဖွဲ ဝင်ရောက်လာနေကြလေရဲ့။ ဖူးခက်မြို့က မင်္ဂလာခန်းမထဲ ရောက်လာသူ အားလုံးနီးပါးဟာ ရွှေ့ပြောင်းအလုပ်သမားတွေပါ။ အချို့ဆိုရင် လုပ်ငန်းခွင်ဝတ် ယူနီဖောင်းတွေနဲ့ ပွဲတက်လာကြပါတယ်။ သူတို့တွေက လုပ်ငန်းခွင်သိမ်းပြီးပြီးချင်း အိမ်ခန်းတွေဆီပြန်ဖို့နဲ့ […]

မနက်စာ ပြုံးပြုံးကလေး

Dawei Watch

April 5, 2026

အတွေးအမြင်ဆောင်းပါးလေးတစ်ပုဒ် ဖတ်ကြည့်ဖြစ်တယ်။ စာရေးသူက မီးခိုးမြူ ။ ဆောင်းပါးနာမည်က “ ဟာသဓါတ် မချို့ယွင်းပါစေနဲ့”တဲ့။

အဆီအငေါ်မတည့်ကြလေသောအခါ

Dawei Watch

April 1, 2026

စွမ်းအားပြင်းထန်တဲ့ လှုပ်ခတ်ခြင်းတွေဆိုတာ ဆိတ်ညံခြင်းများဆီ ကနေပဲထွက် ပေါ်လာလေ့ရှိပါတယ်။ နေ့ခင်းကြောင်တောင် ပူလောင်မှုဟာ ညမှောင်မှောင် ခြောက်ကပ်မှုထက် စိတ်ပျက်ညည်းငွေ့ဖွယ်ပါပဲ။ ဆည်းဆာကို အမြည်းမပါဘဲ မြိုချ၊ ချိုမြခဲ့ရတဲ့ ကာလ တွေလည်းကြာလှပါပြီ။‌ နွေရာသီဟာ ပူတာထက် မအေးတာကပိုဆိုးတယ်။ လူတွေကကော သဘာဝနဲ့ သဟဇာတဖြစ်ကြလို့လား။ အဆီအငေါ်တွေ တည့်မနေကြဘူးလေ၊ ရာသီဥတုနဲ့။ သစ်ပင်ပန်းမန် ကျေးငှက်သာရကာတွေလည်း ရာသီစက်ဝန်းနဲ့ ကပြောင်းကပြန်တွေဖြစ်ကြလို့။ အဆီအငေါ်မတည့်ကြပုံများ ဆောင်းကာလ အလယ်လောက်မှာ ကတည်းက ဥသြက ထ ထ တွန်နေပြီ။ ‌ နွေဦးစီချဥ်းနင်းလာပြီဖြစ်တဲ့ မနက်ခင်းတချို့ကျပြန် တော့ တကူကူ ကူး ကူး ချိုးငှက်သံသာ မြူးပြန်ရော။ ပိတောက်တွေ သစ္စာဖောက်နေတာသင်္ကြန်ကာလတွေမှာ သိသာတယ်။ မပွင့်ကြဘူး။ မိုးဦးလေဦးကျမှ တစ်လမ်းလုံး ဝါထိန်အောင် ပွင့်ကြ ကြွေကျနေကြတာ။ […]

တွယ်တာခြင်းရဲ့သဘော အားကိုးခြင်းမနော

Dawei Watch

March 21, 2026

သို့/ ချစ်ရတဲ့သူရေ ဒီနေ့မနက် နေသာတယ်။ ချစ်ချစ်တောက်ပူပြီး ချွေးဖြိုင်ဖြိုင်ကျလောက်အောင် ပူပြင်းလွန်းတဲ့ နေ့ခင်းမျိုးပါပဲ။ မနက်ခင်းတုန်းက မီးတောက်တစ်ခုလို ပြင်းရှပူလောင်လွန်းလှတဲ့အပူဒဏ်က အနောက်မြောက်ရပ်ဆီကခရီးဆန့်လာတဲ့ မုတ်သုံတိမ်တိုက်တွေကြားမှာ တိုးလျှိုးကွယ်ပျောက်သွားပြီး ညနေခင်းရောက်တော့ ဆောင်းလလယ်မိုးကလေးရွာတယ်။ ဖြိုးဖြိုးဖြောက်ဖြောက်မဟုတ်ဘဲ အညှိုးနဲ့ဆင်သလို သည်းကြီးမည်းကြီးရွာသွန်းသောမိုးမျိုး။ ဆီးနှင်းတစ်ပြိုက် မိုးတလိုက်၊ မိုးသားမငြိမ် ဆင်ရာတိမ်ဆိုတဲ့ တန်ဆောင်မုန်း-နတ်တော်လ ရာသီမိုးကိုး။ ညရောက်ပြန်တော့ မိုးငွေ့တွေဝေ့ဝေ့စင်ပြီး လေနုအေးလေးတွေတိုက်ခတ်လို့၊ မြူခိုးတွေက အုံ့မှိုင်းလို့ပေါ့။ မှိန်ပြပြလင်းစွမ်းလျက်ရှိတဲ့ သော်တာဝန်းရှေ့ဖြတ်ပြီး တိမ်ရထားတို့က ရံဖန်ရံခါခုတ်မောင်း ခရီးဆန့်နေကြတာ တွေ့ရတယ်။ အဲဒီလရောင်အောက် စစ်ရှောင်တဲလေးတစ်ခုမှာ အစ်ကိုတို့လူစု ဝိုင်းဖွဲ့ထိုင်နေကြရင်း အာလ္လာပ သလ္လာပရောက်တတ်ရာရာ စကားစမြည်ပြောဖြစ်ကြတယ်။ အညှိုးနဲ့ဆင်တဲ့မိုးအပြီးညခင်းရဲ့ အေးမြတဲ့လေညှင်းတွေကြားမှာ စကားဝိုင်းက တစ်ခါတလေ ရယ်သံမောသံနည်းနည်းစွက်ပြီး တစ်ခါတရံမှာတော့ စကားဝိုင်းတစ်ခုလုံးငြိမ်လျက်သားကျလို့ ကိုယ်စီကိုယ်စီက တွေးမိတွေးရာအတွေးနက်နက်တွေကြားကို လှမ်းတိုးဝင်သွားတတ်တာကို သတိထားမိတယ်။ ဒီလိုငြိမ်လျက်သားကျနေတဲ့စကားဝိုင်းကို […]

သုံးရာသီဥဩ

Dawei Watch

March 7, 2026

“ ဥဩ…ဥဩ…” “ ဝေး……” နွေဟာ နွေပီပီသသပါပဲ။ အလည်တစ်ခေါက် ထပ်ရောက်လာပြန်တယ်။ နဂိုကတည်းက အပူတွေကိုယ်ဝန်ဆောင်ထားလို့ဖြစ်မယ် ဒီနှစ်လည်း ဘယ်လူတစ်ဦးတစ်ယောက်ရဲ့ အပူကိုမှ မငဲ့ကွက်ဘဲ အပြုံးမပျက် ဆက်ဆက်ရှိနေပြန်တယ်။ သူ့အဖော် သူ့အပေါင်း ဖုန်မှုန့်သင်းသင်းတွေ၊ ရော်ရွက်ဝါတွေ၊ ဥဩသံတွေ ခြံရံလျက်။ “ ဥဩ…ဥဩ…” “ ဝေး……” ဥဩသံလေးတွေဟာ ပေါ်ချည်ပျောက်ချည်နဲ့ နွေရဲ့ နာကျင်မှုကို ကူပြီး တူးဆွပေးနေရှာတယ်။ ဘယ်သူကများ တာဝန်ပေးထားပါလိမ့်။ “ ဥဩက ဘယ်နားကနေ အော်နေတာလဲ” “ ဟိုး… အုန်းပင်ထက်မှာတွေ့လား၊ အဖြူရောင်အစက်လေးတွေနဲ့ ငှက်၊ အဲဒါ ဥဩပဲ” စက္ကူပါးဟောင်းတစ်ချပ်နှယ် ပါးလှပ်လျော့တွဲတွဲ အရေပြားတွေအုပ်မိုးထားတဲ့ ဘွားကြင်အိုရဲ့ လက်ညိုးညွှန်ရာကို ကျွန်တော်လှမ်းကြည့်လိုက်တော့ အုန်းခက်ဖျားအစွန်းမှာ တစ်ကောင်တည်းနားပြီး တစာစာနဲ့ အော်နေတဲ့ […]