ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

တကူရွာတွင် အမျိုးသမီးတစ်ဦး ကြိုးဆွဲချသေဆုံး

August 21, 2026

တနင်္သာရီမြို့နယ်၊ တကူကျေးရွာအုပ်စု၊ သံတိုက်ရွာတွင် အသက် ၄၉ နှစ်အရွယ် အမျိုးသမီးတစ်ဦး ယနေ့ (ဩဂုတ်လ ၂၁ ရက်) နေ့လယ် ၁ နာရီတွင် ကြိုးဆွဲချကာ သေဆုံးသွားကြောင်း သံတိုက်ရွာ ဒေသခံတစ်ဦးက ဆိုသည်။

“အိမ်မှာ သူ့သားသမီးတွေ ရှိပါတယ်။ မသိလိုက်ဘူး။ အိမ်ခန်းထဲ ဆွဲချပြီး မိနစ်ပိုင်းလောက်မှ သိရတယ်” ဟု အထက်ပါ ဒေသခံက ပြောသည်။

၎င်း၏ ရုပ်အလောင်းကို နေအိမ်တွင် ၃ ရက် ထားရှိပြီးနောက် သင်္ဂြိုဟ်မည်ဖြစ်ကြောင်း မိသားစုနှင့် နီးစပ်သူက ဆိုသည်။

“ဘာကြောင့် သတ်သေလိုက်တယ်ဆိုတာကိုတော့ မသိရသေးဘူး” ဟု အထက်ပါ နီးစပ်သူက ပြောသည်။

အဆိုပါ အမျိုးသမီး ကြိုးဆွဲချရသည့် အကြောင်းအရင်းကို Dawei Watch အနေဖြင့် အသေးစိတ် မသိရှိရသေးပေ။